Introvert ဝန်ထမ်းတစ်ယောက်ရဲ့အားသာချက်များ

သူကအေးတိအေးစက် မပွင့်တပွင့်နဲ့အလုပ်ဘယ်လိုလုပ်မှာလဲဆိုပြီး တွေးထင်ခံရတတ်တာက Introvertတွေဖြစ်ပါတယ်။ Introvert တွေအတွက် လုပ်ငန်းခွင်တိုင်းဟာအဆင်ပြေချင်မှပြေမှာဖြစ်ပေမယ့်အာရုံစိုက်ဖို့လိုအပ်တဲ့၊ စိတ်ကူးကောင်းတွေလိုအပ်တဲ့ လုပ်ငန်းခွင်မျိုးမှာတော့သူတို့ဟာတကယ့်ကိုအခရာကျသူတွေပါ။ Introvert တစ်ယောက်ဟာ သူ့ရဲ့လုပ်ငန်းခွင်ဆီကိုဒီအရည်အချင်းတွေသယ် ဆောင်လာနိုင်ပါတယ်။

တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်တတ်ခြင်း
လုပ်ငန်းခွင်မှာစကားများများပြောပြီးတက်ကြွရွှင်လန်းနေတဲ့ဝန်ထမ်းတွေကိုသတိထားမိတတ်ကြပေမယ့်စကားနည်းပြီးတကုပ်ကုပ်အ လုပ်လုပ်တတ်သူတွေကိုတော့ သတိမပြုမိတတ်တာမျိုးရှိကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် Introvert ဝန်ထမ်းတွေမှာတော့ ငြိမ်ငြိမ်သက် သက်နဲ့တစ်နေ့တာရဲ့တာဝန်တွေပြီးဆုံးအောင် လုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။

အာရုံစိုက်နိုင်စွမ်းရှိခြင်း
Introvert တွေရဲ့အားသာချက်က အလုပ်တစ်ခုအပေါ်မှာအာရုံစိုက်နိုင်စွမ်းပိုကြပါတယ်။အာရုံစိုက်ဖို့လိုတဲ့အလုပ်တွေများတယ်ဆိုရင် ဒီနေရာဟာ Introvert တွေနဲ့သင့်တော်ပါတယ်။အသေးစိတ်လုပ်ဖို့လိုအပ်ပြီး Idea ကောင်းကောင်းနဲ့ပြဿနာကိုဖြေရှင်းရမယ့်အချိန်မျိုးတွေမှာ Introvert တွေရဲ့အရည်အချင်းကိုအသုံးချသင့်ပါတယ်။

လွတ်လွတ်လပ်လပ်လုပ်ကိုင်တတ်ခြင်း
Introvert တစ်ယောက်ဟာ အမှီအခိုကင်းကင်းနဲ့ ကိုယ့်ဘာသာကိုယ်အလုပ်လုပ်တတ်ကြပါတယ်။ကိုယ်တိုင် Plan ချ၊ စည်းကမ်းချမှတ်ပြီး အလုပ်ကိုသပ်သပ်ရပ်ရပ်လုပ်တတ်သူတွေမို့ကိုယ့်တာဝန်ကိုယ်အချိန်မီပြီးစီးဖို့လိုတဲ့ အလုပ်မျိူးတွေအတွက် သူတို့တွေကစိတ်ချရပါတယ်။ Teamwork နဲ့သွားရတဲ့အလုပ်တွေမှာလည်း သူတို့တာဝန်ယူတဲ့အပိုင်းကိုအချိန်မီပြီးစီးဖို့စိတ်ချရသူတွေပါ။

Communication ကောင်းခြင်း
အေးတိအေးစက် Introvert တွေက ဘယ်လို Communication ကောင်းမှာလဲလို့ တွေးမိကြမှာပါ။သူတို့ကစကားတစ်ခွန်းမပြောခင်မှာ သေချာစဥ်းစားပြီးမှပြောလေ့ရှိတာမို့ Communication ကောင်းတယ်လို့ ပြောနိုင်တာဖြစ်ပါတယ်။ စကားကိုစဥ်းစားပြင်ဆင်ပြီးမှ ပြောတတ်သူတွေမို့အမှားနည်းသလို တစ်ဖက်သားကိုမရည်ရွယ်ဘဲ စိတ်ထိခိုက်သွားစေတာမျိုးမရှိတတ်ကြပါဘူး။

ကောင်းကောင်းနားထောင်ပေးနိုင်ခြင်း
Introvert တွေဟာ နားထောင်တတ်တဲ့အရည်အချင်းလည်းရှိကြပါတယ်။ သူတစ်ပါးပြောသမျှကိုစိတ်ရှည်လက်ရှည် စိတ်ဝင်တစားနား ထောင်ပေးနိုင်စွမ်းရှိပြီး အကြံဉာဏ်လည်းပေးနိုင်သူတွေပါ။တစ်ဖက်လူပြောတာကိုနားလည်နိုင်စွမ်းမြင့်မားပြီး ပူး‌ပေါင်းဆောင်ရွက်နိုင်စွမ်းလည်းရှိကြပါတယ်။

ဖန်တီးနိုင်စွမ်းမြင့်မားခြင်း
အနေအေးပြီး စကားနည်းပေမယ့် စိတ်ကူးအကြံဉာဏ်ကောင်းတွေရှိတတ်ကြတာ Introvert တွေပါ။စာဖတ်ရတာ၊ စာရေးရတာ၊ ပန်းချီဆွဲရတာ၊ တွေးတောနေရတာကို ပျော်မွေ့သူတွေမို့စိတ်ကူးကောင်းတွေရှိသလို မတူညီတဲ့နည်းလမ်းတွေနဲ့ ပြဿနာကိုဖြေရှင်းနိုင်စွမ်းလည်းရှိကြပါတယ်။ဒါ့ကြောင့်လည်း အစည်းအဝေးတွေမှာ Idea ကောင်းတွေပေးနိုင်ကြပါတယ်။ဒါ့ကြောင့်လည်း ကိုယ်ဟာ Introvert တစ်ယောက်ဖြစ်တယ်ဆိုရင် လုပ်ငန်းခွင်မှာအဆင်မပြေဖြစ်မှာကိုစိတ်ပူစရာမလိုဘဲယုံကြည်မှုရှိရှိနဲ့အလုပ်လုပ်နိုင်ပါတယ်နော်။

Ju Ju

zawgyi

သူကေအးတိေအးစက္ မပြင့္တပြင့္နဲ႔အလုပ္ဘယ္လိုလုပ္မွာလဲဆိုၿပီး ေတြးထင္ခံရတတ္တာက Introvertေတြျဖစ္ပါတယ္။ Introvert ေတြအတြက္ လုပ္ငန္းခြင္တိုင္းဟာအဆင္ေျပခ်င္မွေျပမွာျဖစ္ေပမယ့္အာ႐ုံစိုက္ဖို႔လိုအပ္တဲ့၊ စိတ္ကူးေကာင္းေတြလိုအပ္တဲ့ လုပ္ငန္းခြင္မ်ိဳးမွာေတာ့သူတို႔ဟာတကယ့္ကိုအခရာက်သူေတြပါ။ Introvert တစ္ေယာက္ဟာ သူ႔ရဲ႕လုပ္ငန္းခြင္ဆီကိုဒီအရည္အခ်င္းေတြသယ္ ေဆာင္လာႏိုင္ပါတယ္။

တိတ္တိတ္ဆိတ္ဆိတ္အလုပ္လုပ္တတ္ျခင္း
လုပ္ငန္းခြင္မွာစကားမ်ားမ်ားေျပာၿပီးတက္ႂကြ႐ႊင္လန္းေနတဲ့ဝန္ထမ္းေတြကိုသတိထားမိတတ္ၾကေပမယ့္စကားနည္းၿပီးတကုပ္ကုပ္အ လုပ္လုပ္တတ္သူေတြကိုေတာ့ သတိမျပဳမိတတ္တာမ်ိဳးရွိၾကပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ Introvert ဝန္ထမ္းေတြမွာေတာ့ ၿငိမ္ၿငိမ္သက္ သက္နဲ႔တစ္ေန႔တာရဲ႕တာဝန္ေတြၿပီးဆုံးေအာင္ လုပ္ေဆာင္ႏိုင္စြမ္းရွိၾကပါတယ္။

အာ႐ုံစိုက္ႏိုင္စြမ္းရွိျခင္း
Introvert ေတြရဲ႕အားသာခ်က္က အလုပ္တစ္ခုအေပၚမွာအာ႐ုံစိုက္ႏိုင္စြမ္းပိုၾကပါတယ္။အာ႐ုံစိုက္ဖို႔လိုတဲ့အလုပ္ေတြမ်ားတယ္ဆိုရင္ ဒီေနရာဟာ Introvert ေတြနဲ႔သင့္ေတာ္ပါတယ္။အေသးစိတ္လုပ္ဖို႔လိုအပ္ၿပီး Idea ေကာင္းေကာင္းနဲ႔ျပႆနာကိုေျဖရွင္းရမယ့္အခ်ိန္မ်ိဳးေတြမွာ Introvert ေတြရဲ႕အရည္အခ်င္းကိုအသုံးခ်သင့္ပါတယ္။

လြတ္လြတ္လပ္လပ္လုပ္ကိုင္တတ္ျခင္း
Introvert တစ္ေယာက္ဟာ အမွီအခိုကင္းကင္းနဲ႔ ကိုယ့္ဘာသာကိုယ္အလုပ္လုပ္တတ္ၾကပါတယ္။ကိုယ္တိုင္ Plan ခ်၊ စည္းကမ္းခ်မွတ္ၿပီး အလုပ္ကိုသပ္သပ္ရပ္ရပ္လုပ္တတ္သူေတြမို႔ကိုယ့္တာဝန္ကိုယ္အခ်ိန္မီၿပီးစီးဖို႔လိုတဲ့ အလုပ္မ်ိဴးေတြအတြက္ သူတို႔ေတြကစိတ္ခ်ရပါတယ္။ Teamwork နဲ႔သြားရတဲ့အလုပ္ေတြမွာလည္း သူတို႔တာဝန္ယူတဲ့အပိုင္းကိုအခ်ိန္မီၿပီးစီးဖို႔စိတ္ခ်ရသူေတြပါ။

Communication ေကာင္းျခင္း
ေအးတိေအးစက္ Introvert ေတြက ဘယ္လို Communication ေကာင္းမွာလဲလို႔ ေတြးမိၾကမွာပါ။သူတို႔ကစကားတစ္ခြန္းမေျပာခင္မွာ ေသခ်ာစဥ္းစားၿပီးမွေျပာေလ့ရွိတာမို႔ Communication ေကာင္းတယ္လို႔ ေျပာႏိုင္တာျဖစ္ပါတယ္။ စကားကိုစဥ္းစားျပင္ဆင္ၿပီးမွ ေျပာတတ္သူေတြမို႔အမွားနည္းသလို တစ္ဖက္သားကိုမရည္႐ြယ္ဘဲ စိတ္ထိခိုက္သြားေစတာမ်ိဳးမရွိတတ္ၾကပါဘူး။

ေကာင္းေကာင္းနားေထာင္ေပးႏိုင္ျခင္း
Introvert ေတြဟာ နားေထာင္တတ္တဲ့အရည္အခ်င္းလည္းရွိၾကပါတယ္။ သူတစ္ပါးေျပာသမွ်ကိုစိတ္ရွည္လက္ရွည္ စိတ္ဝင္တစားနား ေထာင္ေပးႏိုင္စြမ္းရွိၿပီး အႀကံဉာဏ္လည္းေပးႏိုင္သူေတြပါ။တစ္ဖက္လူေျပာတာကိုနားလည္ႏိုင္စြမ္းျမင့္မားၿပီး ပူး‌ေပါင္းေဆာင္႐ြက္ႏိုင္စြမ္းလည္းရွိၾကပါတယ္။

ဖန္တီးႏိုင္စြမ္းျမင့္မားျခင္း
အေနေအးၿပီး စကားနည္းေပမယ့္ စိတ္ကူးအႀကံဉာဏ္ေကာင္းေတြရွိတတ္ၾကတာ Introvert ေတြပါ။စာဖတ္ရတာ၊ စာေရးရတာ၊ ပန္းခ်ီဆြဲရတာ၊ ေတြးေတာေနရတာကို ေပ်ာ္ေမြ႕သူေတြမို႔စိတ္ကူးေကာင္းေတြရွိသလို မတူညီတဲ့နည္းလမ္းေတြနဲ႔ ျပႆနာကိုေျဖရွင္းႏိုင္စြမ္းလည္းရွိၾကပါတယ္။ဒါ့ေၾကာင့္လည္း အစည္းအေဝးေတြမွာ Idea ေကာင္းေတြေပးႏိုင္ၾကပါတယ္။ဒါ့ေၾကာင့္လည္း ကိုယ္ဟာ Introvert တစ္ေယာက္ျဖစ္တယ္ဆိုရင္ လုပ္ငန္းခြင္မွာအဆင္မေျပျဖစ္မွာကိုစိတ္ပူစရာမလိုဘဲယုံၾကည္မႈရွိရွိနဲ႔အလုပ္လုပ္ႏိုင္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*