Blood Runs Coal မှာပါဝင်မယ့် Cillian Murphy

အော်စကာဆုရမင်းသားကြီး Cillian Murphy ဟာ Blood Runs Coal: The Yablonski Murders and the Battle for the United Mine Workers of America ဆိုတဲ့ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်မယ်လို့သိရပါတယ်။ သူဟာ ဒီရုပ်ရှင်အတွက်ထုတ်လုပ် သူအနေနဲ့ပါ ပါဝင်မှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ 1960 ပြည့်လွန်နှစ်တွေဆီက ပင်ဆယ်ဗေးနီးယားကျောက်မီးသွေးတွင်းမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကိုအခြေတည်ရိုက်ကူးမှာဖြစ်ပြီး အမေရိကန်အလုပ်သမားသမဂ္ဂများရဲ့သမိုင်းမှာရိုက်ခတ်မှုပြင်းထန်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုူကိုပုံဖော်မှာလည်းဖြစ်ပါတယ်။

ဇာတ်ညွှန်းကို Jez Butterworth နဲ့ John-Henry Butterworth တို့ကပေါင်းစပ်ဖန်တီးနေပြီး သူတို့နှစ်ဦးဟာ Spectre ၊ Indiana Jones ၊ the Dial of Destiny နဲ့ Edge of Tomorrow မှာလည်းပူးပေါင်းအလုပ်လုပ်ခဲ့ကြဖူးသူတွေဖြစ်ပါတယ်။ Blood Runs Coal ရဲ့ထုတ်လုပ်သူများအဖြစ် Cillian Murphy အပြင် Davis Entertainment ၊ Big Things Films တို့ပါဝင်မှာဖြစ်ပြီး Bradley ကထုတ် လုပ်ရေးအမှုဆောင်အဖြစ်ပါဝင်မှာဖြစ်ပါတယ်။ Cillian Murphy ဟာ Peaky Blinders ရုပ်ရှင်မှာလည်း ပါဝင်မှာဖြစ်ပြီး ဒီရုပ်ရှင်ကို စက်တင်ဘာလမှာစတင်ရိုက်ကူးမယ်လို့သိရပါတယ်။ လတ်တလောမှာ သူဟာအော်စကာဆုရမင်းသားတစ်လက်အနေနဲ့အလုပ်များလျက်ရှိပါတယ်။ Blood Runs Coal ကိုတော့ ဘယ်အချိန်မှာရိုက်ကွင်းစပြီးဘယ်အချိန်ထုတ်လုပ်မယ်ဆိုတာကို မသိရှိရသေးပါဘူး။

Ju Ju

zawgyi

ေအာ္စကာဆုရမင္းသားႀကီး Cillian Murphy ဟာ Blood Runs Coal: The Yablonski Murders and the Battle for the United Mine Workers of America ဆိုတဲ့႐ုပ္ရွင္မွာ ေခါင္းေဆာင္မင္းသားအေနနဲ႔ပါဝင္မယ္လို႔သိရပါတယ္။ သူဟာ ဒီ႐ုပ္ရွင္အတြက္ထုတ္လုပ္ သူအေနနဲ႔ပါ ပါဝင္မွာျဖစ္ပါတယ္။ဒီ႐ုပ္ရွင္ဟာ 1960 ျပည့္လြန္ႏွစ္ေတြဆီက ပင္ဆယ္ေဗးနီးယားေက်ာက္မီးေသြးတြင္းမွာျဖစ္ခဲ့တဲ့ျဖစ္ရပ္ေတြကိုအေျခတည္႐ိုက္ကူးမွာျဖစ္ၿပီး အေမရိကန္အလုပ္သမားသမဂၢမ်ားရဲ႕သမိုင္းမွာ႐ိုက္ခတ္မႈျပင္းထန္ခဲ့တဲ့ လုပ္ႀကံသတ္ျဖတ္မႈူကိုပုံေဖာ္မွာလည္းျဖစ္ပါတယ္။

ဇာတ္ၫႊန္းကို Jez Butterworth နဲ႔ John-Henry Butterworth တို႔ကေပါင္းစပ္ဖန္တီးေနၿပီး သူတို႔ႏွစ္ဦးဟာ Spectre ၊ Indiana Jones ၊ the Dial of Destiny နဲ႔ Edge of Tomorrow မွာလည္းပူးေပါင္းအလုပ္လုပ္ခဲ့ၾကဖူးသူေတြျဖစ္ပါတယ္။ Blood Runs Coal ရဲ႕ထုတ္လုပ္သူမ်ားအျဖစ္ Cillian Murphy အျပင္ Davis Entertainment ၊ Big Things Films တို႔ပါဝင္မွာျဖစ္ၿပီး Bradley ကထုတ္ လုပ္ေရးအမႈေဆာင္အျဖစ္ပါဝင္မွာျဖစ္ပါတယ္။ Cillian Murphy ဟာ Peaky Blinders ႐ုပ္ရွင္မွာလည္း ပါဝင္မွာျဖစ္ၿပီး ဒီ႐ုပ္ရွင္ကို စက္တင္ဘာလမွာစတင္႐ိုက္ကူးမယ္လို႔သိရပါတယ္။ လတ္တေလာမွာ သူဟာေအာ္စကာဆုရမင္းသားတစ္လက္အေနနဲ႔အလုပ္မ်ားလ်က္ရွိပါတယ္။ Blood Runs Coal ကိုေတာ့ ဘယ္အခ်ိန္မွာ႐ိုက္ကြင္းစၿပီးဘယ္အခ်ိန္ထုတ္လုပ္မယ္ဆိုတာကို မသိရွိရေသးပါဘူး။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*