2024 ခုနစ်မှာအလုပ်ရချင်တယ်ဆိုရင်

အလုပ်အကိုင်ရှားပါးပြီး အလုပ်လိုချင်သူတွေများပြားနေတဲ့အခုလိုအချိန်မျိုးမှာ ကိုယ့်ရဲ့အလုပ်ရှာဖွေမှုနဲ့ပြင်ဆင်မှုတွေဟာ သမားရိုးကျဖြစ်နေလို့မရပါဘူး။ 2024 မှာအလုပ်ရနိုင်ဖို့ဆိုရင်တော့အလုပ်ရှာဖွေတတ်တဲ့အရည်အချင်းနဲ့ စဥ်ဆက်မပြတ်လေ့လာသင်ယူနေမှု၊ အ ကင်းပါးမှုတွေမဖြစ်မနေလိုအပ်ပါတယ်။ ဒါတွေကတော့ အလုပ်ရှာဖွေသူတစ်ယောက်အနေနဲ့ မဖြစ်မနေရှိထားသင့်တဲ့အရည်အသွေးတွေဖြစ်ပါတယ်။

Job Search Strategy
အလုပ်ရှာတတ်လာတာနဲ့အမျှ ကိုယ်နဲ့မသင့်တော် မကိုက်ညီတဲ့အလုပ်တွေ၊အလှမ်းဝေးတဲ့အလုပ်တွေအပေါ်အာရုံမစိုက်ဘဲ ရနိုင်ချေရှိပြီး
ကိုယ်နဲ့လည်းသင့်တော်တဲ့အလုပ်တွေအပေါ်ကိုသာ အာရုံစိုက်တတ်လာပါလိမ့်မယ်။အလုပ်အကိုင်ရှာဖွေတဲ့နေရာမှာ ရချင်ရာရဆိုပြီးလျှောက်လိုက်တာမျိုးမဖြစ်စေဖို့၊အလုပ်အင်တာဗျူးတွေသွားရတာနဲ့တင် အချိန်ကုန်လူပန်းမဖြစ်စေဖို့ စနစ်တကျပြင်ဆင်တွက်ဆပြီးမှ
အလုပ်ရှာဖွေတတ်ဖို့လိုပါတယ်။

Resume ကို ပြင်ဆင်ဖို့မပျင်းပါနဲ့
တချို့တွေက ဘယ်အလုပ်ဖြစ်ဖြစ် Resume တစ်ခုတည်းကိုသုံးပြီး အလုပ်လျှောက်တတ်ကြပါတယ်။ Resume ကို ကောင်းသထက်ကောင်းအောင် ပြင်ဆင်ဖို့ပျင်းတတ်ကြပါတယ်။ကိုယ်ပိုင်ဖန်တီးမှုတွေပါစေဖို့လည်း အားမထုတ်ကြပါဘူး။ ဒီဘက်ခေတ်လိုအလုပ်ရှားပြီးအပြိုင်အဆိုင်များတဲ့ခေတ်ကြီးမှာ Resume ကိုလည်းမက်လောက်စရာ Skills တွေပြည့်နေအောင်ထည့်ရေးတတ်ဖို့၊ ဆွဲဆောင်မှုရှိအောင်ပြင်ဆင်တတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

ရှာရလွယ်တဲ့ LinkedIn Profile
LinkedIn မှာတော့ Keywords ဟာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ဝန်ထမ်းရှာဖွေသူနဲ့မန်နေဂျာတွေဟာ သူတို့လိုချင်နေတဲ့ နယ် ပယ်၊ ရာထူးနဲ့ ကျွမ်းကျင်မှုတွေကို Keywords ရိုက်ပြီးရှာဖွေကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ LinkedIn Profile မှာလည်းကိုယ့်အတွေ့ အကြုံနဲ့ Skills တွေကိုဖော်ပြတဲ့ Keywords တွေရှိနေရဲ့လားဆိုတာ စစ်ဆေးသင့်ပါတယ်။

LinkedIn Posts
LinkedIn မှာပုံမှန် Posts တင်နေသူနဲ့မတင်သူတွေကြားမှာကွာခြားမှုအများကြီးရှိပါတယ်။ သူ့ရဲ့ Algorithm က Active ဖြစ်တဲ့သူကို Search Results မှာများများဖော်ပြပေးလေ့ရှိတာမို့ LinkedIn အကောင့်ကိုပစ်မထားဘဲ ပုံမှန်လေးသုံးပေးဖို့လည်းအရေးကြီးပါတယ်။

အင်တာဗျူးဖြေတတ်ခြင်းနဲ့ Follow-up လိုက်ခြင်း
အလုပ်ရဖို့အတွက်ဆိုရင် ကိုယ်ဟာဘယ်လောက်ပဲအနေအေးသူဖြစ်ဖြစ်အင်တာဗျူးတိုင်းမှာမေးတတ်တဲ့မေးခွန်းတွေ၊ အပြုအမူဆိုင်ရာမေးခွန်းတွေ၊လှည့်ကွက်သုံးပြီးမေးတဲ့မေးခွန်းမျိုးတွေ အားလုံးကိုဖြေတတ်ဖို့ ပြင်ဆင်ထားရမှာပါ။အဲဒီအတွက်ကတော့ Interview Tips တွေကို ကြိုဖတ်တာ၊ ကြိုပြီးလေ့လာတာ၊ကိုယ်တိုင်လေ့ကျင့်ကြည့်တာမျိုးလိုအပ်ပါတယ်။ အင်တာဗျူးဖြေပြီးရင်လည်းကိုယ်လျှောက်ခဲ့တဲ့အလုပ်ကိုတကယ်စိတ်ဝင်စားတယ်၊တန်ဖိုးထားတယ်ဆိုတာကို သိစေဖို့နဲ့ပြင်ဆင်သင့်တာပြင်ဆင်နိုင်ဖို့ Follow-up လိုက်နိုင်ဖို့လိုပါတယ်။ ဖုန်း၊ဗီဒီယိုနဲ့ဖြေတဲ့အင်တာဗျူးပဲဖြစ်ဖြစ်၊ လူချင်းတွေ့ပြီးဖြေရတဲ့အင်တာဗျူးပဲဖြစ်ဖြစ် Follow-up ပြန်လုပ်သင့်ပါတယ်။

ညှိနှိုင်းတတ်ခြင်း
အလုပ်တစ်ခုရသွားပြီဆိုရင် ကိုယ်ဟာဘယ် Level ပဲဖြစ်ဖြစ်ညှိနှိုင်းခြင်းအလေ့အထကိုလုပ်ဖို့လိုပါတယ်။ အလုပ်ရှင်ဘက်ကပေးတဲ့အ ခွင့်အရေးလောက်ကိုပဲယူပြီးအဆင်မပြေတာကြီးကိုကြိတ်မှိတ်သည်းခံ တာမျိုးမလုပ်ပါနဲ့။ အလုပ်ချိန်၊ ခွင့်ရက်၊ လုပ်ခလစာ၊ ကိုယ့်
Career Development အတွက်လုပ်ဆောင်ခွင့် အားလုံးကိုစဥ်းစားပြီး ညှိနှိုင်းတတ်ဖို့လိုပါတယ်။ဒါတွေကတော့ ဒီဘက်ခေတ်မှာ အလုပ်ရှာဖွေနေသူတွေတိုင်း အခြေခံအနေနဲ့ရှိထားသိထားသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

Ju Ju

zawgyi

အလုပ္အကိုင္ရွားပါးၿပီး အလုပ္လိုခ်င္သူေတြမ်ားျပားေနတဲ့အခုလိုအခ်ိန္မ်ိဳးမွာ ကိုယ့္ရဲ႕အလုပ္ရွာေဖြမႈနဲ႔ျပင္ဆင္မႈေတြဟာ သမား႐ိုးက်ျဖစ္ေနလို႔မရပါဘူး။ 2024 မွာအလုပ္ရႏိုင္ဖို႔ဆိုရင္ေတာ့အလုပ္ရွာေဖြတတ္တဲ့အရည္အခ်င္းနဲ႔ စဥ္ဆက္မျပတ္ေလ့လာသင္ယူေနမႈ၊ အ ကင္းပါးမႈေတြမျဖစ္မေနလိုအပ္ပါတယ္။ ဒါေတြကေတာ့ အလုပ္ရွာေဖြသူတစ္ေယာက္အေနနဲ႔ မျဖစ္မေနရွိထားသင့္တဲ့အရည္အေသြးေတြျဖစ္ပါတယ္။

Job Search Strategy
အလုပ္ရွာတတ္လာတာနဲ႔အမွ် ကိုယ္နဲ႔မသင့္ေတာ္ မကိုက္ညီတဲ့အလုပ္ေတြ၊အလွမ္းေဝးတဲ့အလုပ္ေတြအေပၚအာ႐ုံမစိုက္ဘဲ ရႏိုင္ေခ်ရွိၿပီး
ကိုယ္နဲ႔လည္းသင့္ေတာ္တဲ့အလုပ္ေတြအေပၚကိုသာ အာ႐ုံစိုက္တတ္လာပါလိမ့္မယ္။အလုပ္အကိုင္ရွာေဖြတဲ့ေနရာမွာ ရခ်င္ရာရဆိုၿပီးေလွ်ာက္လိုက္တာမ်ိဳးမျဖစ္ေစဖို႔၊အလုပ္အင္တာဗ်ဴးေတြသြားရတာနဲ႔တင္ အခ်ိန္ကုန္လူပန္းမျဖစ္ေစဖို႔ စနစ္တက်ျပင္ဆင္တြက္ဆၿပီးမွ
အလုပ္ရွာေဖြတတ္ဖို႔လိုပါတယ္။

Resume ကို ျပင္ဆင္ဖို႔မပ်င္းပါနဲ႔
တခ်ိဳ႕ေတြက ဘယ္အလုပ္ျဖစ္ျဖစ္ Resume တစ္ခုတည္းကိုသုံးၿပီး အလုပ္ေလွ်ာက္တတ္ၾကပါတယ္။ Resume ကို ေကာင္းသထက္ေကာင္းေအာင္ ျပင္ဆင္ဖို႔ပ်င္းတတ္ၾကပါတယ္။ကိုယ္ပိုင္ဖန္တီးမႈေတြပါေစဖို႔လည္း အားမထုတ္ၾကပါဘူး။ ဒီဘက္ေခတ္လိုအလုပ္ရွားၿပီးအၿပိဳင္အဆိုင္မ်ားတဲ့ေခတ္ႀကီးမွာ Resume ကိုလည္းမက္ေလာက္စရာ Skills ေတြျပည့္ေနေအာင္ထည့္ေရးတတ္ဖို႔၊ ဆြဲေဆာင္မႈရွိေအာင္ျပင္ဆင္တတ္ဖို႔ မျဖစ္မေနလိုအပ္ပါတယ္။

ရွာရလြယ္တဲ့ LinkedIn Profile
LinkedIn မွာေတာ့ Keywords ဟာ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုပါ။ဝန္ထမ္းရွာေဖြသူနဲ႔မန္ေနဂ်ာေတြဟာ သူတို႔လိုခ်င္ေနတဲ့ နယ္ ပယ္၊ ရာထူးနဲ႔ ကြၽမ္းက်င္မႈေတြကို Keywords ႐ိုက္ၿပီးရွာေဖြၾကပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ရဲ႕ LinkedIn Profile မွာလည္းကိုယ့္အေတြ႕ အႀကဳံနဲ႔ Skills ေတြကိုေဖာ္ျပတဲ့ Keywords ေတြရွိေနရဲ႕လားဆိုတာ စစ္ေဆးသင့္ပါတယ္။

LinkedIn Posts
LinkedIn မွာပုံမွန္ Posts တင္ေနသူနဲ႔မတင္သူေတြၾကားမွာကြာျခားမႈအမ်ားႀကီးရွိပါတယ္။ သူ႔ရဲ႕ Algorithm က Active ျဖစ္တဲ့သူကို Search Results မွာမ်ားမ်ားေဖာ္ျပေပးေလ့ရွိတာမို႔ LinkedIn အေကာင့္ကိုပစ္မထားဘဲ ပုံမွန္ေလးသုံးေပးဖို႔လည္းအေရးႀကီးပါတယ္။

အင္တာဗ်ဴးေျဖတတ္ျခင္းနဲ႔ Follow-up လိုက္ျခင္း
အလုပ္ရဖို႔အတြက္ဆိုရင္ ကိုယ္ဟာဘယ္ေလာက္ပဲအေနေအးသူျဖစ္ျဖစ္အင္တာဗ်ဴးတိုင္းမွာေမးတတ္တဲ့ေမးခြန္းေတြ၊ အျပဳအမူဆိုင္ရာေမးခြန္းေတြ၊လွည့္ကြက္သုံးၿပီးေမးတဲ့ေမးခြန္းမ်ိဳးေတြ အားလုံးကိုေျဖတတ္ဖို႔ ျပင္ဆင္ထားရမွာပါ။အဲဒီအတြက္ကေတာ့ Interview Tips ေတြကို ႀကိဳဖတ္တာ၊ ႀကိဳၿပီးေလ့လာတာ၊ကိုယ္တိုင္ေလ့က်င့္ၾကည့္တာမ်ိဳးလိုအပ္ပါတယ္။ အင္တာဗ်ဴးေျဖၿပီးရင္လည္းကိုယ္ေလွ်ာက္ခဲ့တဲ့အလုပ္ကိုတကယ္စိတ္ဝင္စားတယ္၊တန္ဖိုးထားတယ္ဆိုတာကို သိေစဖို႔နဲ႔ျပင္ဆင္သင့္တာျပင္ဆင္ႏိုင္ဖို႔ Follow-up လိုက္ႏိုင္ဖို႔လိုပါတယ္။ ဖုန္း၊ဗီဒီယိုနဲ႔ေျဖတဲ့အင္တာဗ်ဴးပဲျဖစ္ျဖစ္၊ လူခ်င္းေတြ႕ၿပီးေျဖရတဲ့အင္တာဗ်ဴးပဲျဖစ္ျဖစ္ Follow-up ျပန္လုပ္သင့္ပါတယ္။

ညႇိႏႈိင္းတတ္ျခင္း
အလုပ္တစ္ခုရသြားၿပီဆိုရင္ ကိုယ္ဟာဘယ္ Level ပဲျဖစ္ျဖစ္ညႇိႏႈိင္းျခင္းအေလ့အထကိုလုပ္ဖို႔လိုပါတယ္။ အလုပ္ရွင္ဘက္ကေပးတဲ့အ ခြင့္အေရးေလာက္ကိုပဲယူၿပီးအဆင္မေျပတာႀကီးကိုႀကိတ္မွိတ္သည္းခံ တာမ်ိဳးမလုပ္ပါနဲ႔။ အလုပ္ခ်ိန္၊ ခြင့္ရက္၊ လုပ္ခလစာ၊ ကိုယ့္
Career Development အတြက္လုပ္ေဆာင္ခြင့္ အားလုံးကိုစဥ္းစားၿပီး ညႇိႏႈိင္းတတ္ဖို႔လိုပါတယ္။ဒါေတြကေတာ့ ဒီဘက္ေခတ္မွာ အလုပ္ရွာေဖြေနသူေတြတိုင္း အေျခခံအေနနဲ႔ရွိထားသိထားသင့္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*