ကိုယ့်ရဲ့မားကက်တင်းစွမ်းရည်တက်စေချင်ရင် ဒါတွေလုပ်ပါ

ကိုယ်ဟာစွန့်ဦးတီထွင်သူတစ်ယောက်ပဲဖြစ်ဖြစ် ကုမ္ပဏီတစ်ခုရဲ့မားကက်တင်းဌာနကိုတာဝန်ယူထားရသူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ထုတ်ကုန်ကိုသတ်မှတ်ထားတဲ့ Target Customers တွေဆီအရောက်ပို့နိုင်ဖို့က အရေးအကြီးဆုံးဆိုတာသိရှိကြပြီးဖြစ်မှာပါ။တကယ်လို့ ကိုယ်လိုချင်တဲ့ Target ကိုမထိခဲ့ရင် ဒါမှမဟုတ် ကိုယ်သုံးနေတဲ့ချဥ်းကပ်နည်းတွေကအလုပ်ဖြစ်၊မဖြစ်မသေချာဘူးဆိုရင် ဒါတွေကိုဘယ်လိုပြင်ဆင်နိုင်မလဲ…။အခုမျှဝေပေးချင်တာက ကိုယ့်ရဲ့ Marketing Performance ကိုတက်လာစေမယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။

ရှင်းလင်းတဲ့ရည်မှန်းချက်နဲ့တိကျတဲ့တွက်ချက်မှုရှိပါစေ
မားကက်တင်းအတွက်ဘာမှအားမစိုက်ခင် ရှင်းလင်းပြတ်သားတဲ့ဦးတည်ချက်နဲ့တိုင်းတာတွက်ချက်နိုင်တဲ့စနစ်ရှိဖို့လိုပါတယ်။ ကိုယ့်ရဲ့ပစ္စည်းကို Brand ကိုပဲလူပိုသိစေချင်တာလား၊ရောင်းအားတက်စေချင်တာလား၊ နာမည်ဂုဏ်သတင်းတစ်ခုပဲတည်ဆောက်ချင်တာလား
စသဖြင့်ကွဲပြားတဲ့ဦးတည်ချက်တွေ သတ်မှတ်ထားပြီးဖြစ်ဖို့လိုပါတယ်။ဒါတွေအောင်မြင်မှုရှိမရှိဆိုတာကိုရော ဘယ်လိုတိုင်းတာမလဲ။ Website ကိုလူဝင်ကြည့်တဲ့နှုန်းနဲ့လား၊စိတ်ဝင်တစားမေးမြန်းလာတဲ့ Message တွေနဲ့လား၊ ရောင်းအားဝင်ငွေနဲ့တိုင်းတာမှာလား စသဖြင့်
သေချာတဲ့တွက်ချက်မှုတစ်ခု သတ်မှတ်ထားဖို့အရေးကြီးပါတယ်။ ဒီနေရာမှာ လွယ်ကူအောင် SMART Goals ဆိုပြီးမှတ်သားထားနိုင်ပါတယ်။ ပန်းတိုင်တစ်ခုသတ်မှတ်တဲ့အခါ S=Specific ၊ M=Measurable ၊ A=Achievable ၊ R=Relevant နဲ့ T=Time-bound တို့ပါဝင်ဖို့လိုပါတယ်။

Data နဲ့ Feedback တွေကိုသုံးသပ်ပါ
အပေါ်ကအချက်တွေရှိပြီးပြီဆိုရင်တော့ Data နဲ့ Feedback တွေကို Analyze လုပ်နိုင်ရပါမယ်။ဒီနေရာမှာ ကိုယ်အဆင်ပြေတဲ့ Tools တွေကိုသုံးနိုင်ပါတယ်။ ဥပမာ – Google Analytics ၊ Social Media Analytics ၊ Email Marketing Analytics ၊ Surveys ၊ Interviews ၊ Reviews စတာတွေဖြစ်ပါတယ်။ဒီနေရာမှာ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနဲ့နောက်ကျကျန်နေမှုစတဲ့အရာတွေထင်ထင်ရှားရှားထွက်ပေါ်လာမှာဖြစ်ပါတယ်။ Customer Behavior နဲ့သူတို့ရဲ့တုံ့ပြန်မှုကိုသိလာမှာဖြစ်သလို ကိုယ်ဘာတွေပြုပြင်ရမလဲဆိုတာကိုလည်းတွေ့လာမှာဖြစ်ပါတယ်။

စမ်းသပ်ပါ၊ပြင်ဆင်ပါ
Data နဲ့ Feedback တွေအပေါ်အခြေခံပြီး ကိုယ့်ရဲ့မားကက်တင်း Strategy ကိုစမ်းသပ်ပြောင်းလဲကြည့်ပါ။ A/B Testing၊ Split Testing၊ Multivariate Testing စသဖြင့်နည်းလမ်းမျိုးစုံသုံးနိုင်ပါတယ်။ ဒီကနေထွက်ပေါ်လာတဲ့ မတူညီတဲ့ ပုံတွေ၊ အရောင်တွေ၊စာ သားတွေ၊ဒီဇိုင်းတွေထဲကမှ အကောင်းဆုံးဆိုတဲ့အရာကို ရွေးထုတ်နိုင်ပါတယ်။ ဒါကိုမတူညီတဲ့ Channel တွေဥပမာ- Social Media ၊ Email ၊ Blog ၊ Video ၊Podcast စတာတွေမှာသုံးကြည့်ပြီးအထိရောက်ဆုံးကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

မျက်ခြည်ပြတ်မခံပါနဲ့
မားကက်တင်းသမားဟာ ခေတ်ကိုမျက်ခြည်ပြတ်လို့မရသလို ရှေ့ကိုလည်းကြိုမြင်တတ်ဖို့လိုပါတယ်။လူတွေရဲ့သဘောသဘာဝနဲ့အ ကြိုက်ကိုလည်းနားလည်ဖို့လိုပါတယ်။ ပြိုင်ဘက်တွေကိုလည်းအမြဲစောင့်ကြည့်နိုင်ဖို့လိုပါတယ်။ပြုလွယ်ပြောင်းလွယ်လုပ်နိုင်ခြင်း၊ မြန်ဆန်သွက်လက်ခြင်း၊ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ခြင်းတွေကကိုယ့်ရဲ့မားကက်တင်း Performance ကိုတက်စေမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi




စမ်းသပ်ပါ၊ပြင်ဆင်ပါ


Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*