Queen of Tears မင်းသမီးကင်မ်ဂျီဝန် ဟန်ဆိုဟီးနေရာကိုယူတော့မှာလား

ဟန်ဆိုဟီးကို Brand Model အဖြစ်ခန့်အပ်ထားတဲ့ Chum Churum ဆိုဂျူအနေနဲ့ လက်ရှိအချိန်မှာဟန်ဆိုဟီးအစား မင်းသမီးကင်မ်ဂျီဝန်ကိုအစားထိုးလိုက်ပြီဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။ဟန်ဆိုဟီးအနေနဲ့ မင်းသား Ryu Joon Yeol နဲ့အချစ်ရေးသတင်းထွက်လာပြီးနောက်ပိုင်းမှာ Chum Churum ဆိုဂျူဘက်ကအခုလို Brand Model ပြောင်းလဲမှုလုပ်ဆောင်မယ့်သတင်းထွက်လာခဲ့တာပါ။ဟန်ဆိုဟီးနေရာမှာ အစားထိုးမယ့်သူက မင်းသမီးကင်မ်ဂျီဝန်လို့သိရပြီး ကင်မ်ဂျီဝန်ဟာလက်ရှိမှာ Queen of Tears ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုရရှိနေတာဖြစ်ပါတယ်။

မတ်လ 26 ရက်နေ့မှာ Chum Churum ဆိုဂျူဘက်က Brand Model ပြောင်းလဲလိုက်ပြီလို့ထုတ်ပြန်ခဲ့ပေမယ့် Chum Churum ရဲ့  မိ ခင်ကုမ္ပဏီဖြစ်တဲ့ Lotte ဘက်ကတော့ဒီသတင်းကိုအတည်မပြုသေးပါဘူး။“ကျွန်တော်တို့ Brand Model အသစ်ရှာဖွေနေတာတော့ရှိပါတယ်။ဒါပေမဲ့ဘယ်သူ့ကိုခန့်အပ်မယ်ဆိုတာကိုတော့ အတည်မပြုရသေးပါဘူး”လို့ပြောကြားခဲ့တာတွေ့ရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*