Fast & Furious 7 မှာ ပါဝင်ဖို့ငြင်းဆန်ခဲ့တဲ့ Denzel Washington

Denzel Washington ရဲ့ American Gangster ဇာတ်ကားဟာသူ့အတွက်ရုံဝင်ငွေအများဆုံးစံချိန်တင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ ဒီဇာတ်ကားကို စံချိန်ချိုးသွားနိုင်ချေရှိတဲ့ Fast & Furious 7 မှာပါဝင်ဖို့ကမ်းလှမ်းချက်ကို သူကငြင်း ဆန်ခဲ့တယ်လို့သိရပါတယ်။ Fast & Furious ရုပ်ရှင်စီးရီးဟာအခုဆိုရင် ဒေါ်လာ 7.3 ဘီလျံတန်တဲ့ Franchise လုပ်ငန်းကြီးတစ်ခုလိုဖြစ်နေပြီလို့ဆိုကြပါတယ်။

ဟိုအရင်က သတင်းတွေမှာတော့ Denzel Washington ဟာ Fast & Furious မှာပါဝင်နိုင်ချေရှိတယ်လို့ဖော်ပြခဲ့ကြပါတယ်။ 2013 ခုနစ်တုန်းက သူဟာ Fast & Furious မှာပါဝင်လိုကြောင်းချဥ်းကပ်မှုရှိခဲ့တယ်လို့ Deadline ကဖော်ပြခဲ့ဖူးပါတယ်။ဒါရိုက် တာ James Wan နဲ့ သရုပ်ဆောင်၊ထုတ်လုပ်သူ Vin Diesel တို့က Denzel Washington ကို Fast & Furious မှာ ပါဝင်စေလိုတဲ့ဆန္ဒရှိနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ Denzel Washington ဟာ Fast & Furious 7 မှာ ပါဝင်ဖို့ငြင်းပယ်လိုက်တာကြောင့် Box Office
စံချိန်သစ်တစ်ခုကို ပယ်ချပစ်လိုက်တာဖြစ်တယ်လို့ မီဒီယာတွေကမှတ်ချက်ပေးထားကြပါတယ်။

Ju Ju

zawgyi

Denzel Washington ရဲ႕ American Gangster ဇာတ္ကားဟာသူ႔အတြက္႐ုံဝင္ေငြအမ်ားဆုံးစံခ်ိန္တင္ခဲ့တဲ့ ဇာတ္ကားတစ္ကားျဖစ္ခဲ့ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ဒီဇာတ္ကားကို စံခ်ိန္ခ်ိဳးသြားႏိုင္ေခ်ရွိတဲ့ Fast & Furious 7 မွာပါဝင္ဖို႔ကမ္းလွမ္းခ်က္ကို သူကျငင္း ဆန္ခဲ့တယ္လို႔သိရပါတယ္။ Fast & Furious ႐ုပ္ရွင္စီးရီးဟာအခုဆိုရင္ ေဒၚလာ 7.3 ဘီလ်ံတန္တဲ့ Franchise လုပ္ငန္းႀကီးတစ္ခုလိုျဖစ္ေနၿပီလို႔ဆိုၾကပါတယ္။

ဟိုအရင္က သတင္းေတြမွာေတာ့ Denzel Washington ဟာ Fast & Furious မွာပါဝင္ႏိုင္ေခ်ရွိတယ္လို႔ေဖာ္ျပခဲ့ၾကပါတယ္။ 2013 ခုနစ္တုန္းက သူဟာ Fast & Furious မွာပါဝင္လိုေၾကာင္းခ်ဥ္းကပ္မႈရွိခဲ့တယ္လို႔ Deadline ကေဖာ္ျပခဲ့ဖူးပါတယ္။ဒါ႐ိုက္ တာ James Wan နဲ႔ သ႐ုပ္ေဆာင္၊ထုတ္လုပ္သူ Vin Diesel တို႔က Denzel Washington ကို Fast & Furious မွာ ပါဝင္ေစလိုတဲ့ဆႏၵရွိေနၾကတာျဖစ္ပါတယ္။ဒါေပမဲ့ Denzel Washington ဟာ Fast & Furious 7 မွာ ပါဝင္ဖို႔ျငင္းပယ္လိုက္တာေၾကာင့္ Box Office
စံခ်ိန္သစ္တစ္ခုကို ပယ္ခ်ပစ္လိုက္တာျဖစ္တယ္လို႔ မီဒီယာေတြကမွတ္ခ်က္ေပးထားၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*