Grammy ဆုရှင် Tyla က Lisa နဲ့အတူသီချင်းပူးတွဲထုတ်လုပ်မယ်

Grammy ဆုရရှိထားသူ Tyla အနေနဲ့ Lisa (Black Pink) နဲ့အတူသီချင်းပူးတွဲထုတ်မယ့်အကြောင်း သူမရဲ့  Instagram Story မှာဖော် ပြထားတာတွေ့ရပါတယ်။ Tyla ရဲ့အသစ်ထွက်ရှိထားတဲ့သီချင်း ART ကို Lisa ကစည်းချက်ညီညီသီဆိုနေတဲ့ဗီဒီယိုနဲ့အတူသူမတို့နှစ်ဦးသီချင်းအတူလုပ်မယ်ဆိုတဲ့ Caption ကိုရေးခဲ့တာဖြစ်ပါတယ်။ ဒီပို့စ်ကပရိသတ်တွေကြားထဲပျံ့နှံ့သွားခဲ့ပြီး မျှော်လင့်နေပါပြီဆိုတဲ့ အား ပေးထောက်ခံတဲ့ Comment တွေအများအပြားရရှိခဲ့တာကိုတွေ့မြင်ရပါတယ်။

ဒီသတင်းကို The Recording Academy Grammy ရဲ့ Official Account မှာတောင်ဖော်ပြခဲ့တာမို့အားလုံးကသူတို့ရဲ့ပူးတွဲဖန်တီးမှုကို မျှော်လင့်နေကြတာဖြစ်ပါတယ်။ Tyla ဘက်ကသီချင်းအတူလုပ်ချင်တာကို အင်တာဗျူးမှာပါပြောခဲ့ပေမယ့် Lisaရဲ့တင်းကျပ်တဲ့အချိန် ဇယားတွေကြောင့် အကောင်အထည်ပေါ်မပေါ်ဆိုတာကို မသိနိုင်သေးပါဘူး။Tyla ဟာ တောင်အာဖရိကဖွားအဆိုတော်တစ်ယောက်ဖြစ်ပြီး အသက် 22 နှစ်သာရှိပါသေးတယ်။ သူမရဲ့ 2023 ခုနစ်ကထွက်ရှိတဲ့ Water သီချင်းဟာ Billboard Hot 100 မှာပါဝင်ခဲ့ပြီး Grammy ဆုပေးပွဲမှာ Best African Music Performance ဆုကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ 2024 ခုနစ်အတွင်းမှာတော့သူမဟာ On and On ၊ Truth or Dare နဲ့ ART ဆိုတဲ့သီချင်းသုံးပုဒ်ထွက်ရှိထားပါတယ်။

Ju Ju

zawgyi

Grammy ဆုရရွိထားသူ Tyla အေနနဲ႔ Lisa (Black Pink) နဲ႔အတူသီခ်င္းပူးတြဲထုတ္မယ့္အေၾကာင္း သူမရဲ႕  Instagram Story မွာေဖာ္ ျပထားတာေတြ႕ရပါတယ္။ Tyla ရဲ႕အသစ္ထြက္ရွိထားတဲ့သီခ်င္း ART ကို Lisa ကစည္းခ်က္ညီညီသီဆိုေနတဲ့ဗီဒီယိုနဲ႔အတူသူမတို႔ႏွစ္ဦးသီခ်င္းအတူလုပ္မယ္ဆိုတဲ့ Caption ကိုေရးခဲ့တာျဖစ္ပါတယ္။ ဒီပို႔စ္ကပရိသတ္ေတြၾကားထဲပ်ံ႕ႏွံ႔သြားခဲ့ၿပီး ေမွ်ာ္လင့္ေနပါၿပီဆိုတဲ့ အား ေပးေထာက္ခံတဲ့ Comment ေတြအမ်ားအျပားရရွိခဲ့တာကိုေတြ႕ျမင္ရပါတယ္။

ဒီသတင္းကို The Recording Academy Grammy ရဲ႕ Official Account မွာေတာင္ေဖာ္ျပခဲ့တာမို႔အားလုံးကသူတို႔ရဲ႕ပူးတြဲဖန္တီးမႈကို ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။ Tyla ဘက္ကသီခ်င္းအတူလုပ္ခ်င္တာကို အင္တာဗ်ဴးမွာပါေျပာခဲ့ေပမယ့္ Lisaရဲ႕တင္းက်ပ္တဲ့အခ်ိန္ ဇယားေတြေၾကာင့္ အေကာင္အထည္ေပၚမေပၚဆိုတာကို မသိႏိုင္ေသးပါဘူး။Tyla ဟာ ေတာင္အာဖရိကဖြားအဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး အသက္ 22 ႏွစ္သာရွိပါေသးတယ္။ သူမရဲ႕ 2023 ခုနစ္ကထြက္ရွိတဲ့ Water သီခ်င္းဟာ Billboard Hot 100 မွာပါဝင္ခဲ့ၿပီး Grammy ဆုေပးပြဲမွာ Best African Music Performance ဆုကိုဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။ 2024 ခုနစ္အတြင္းမွာေတာ့သူမဟာ On and On ၊ Truth or Dare နဲ႔ ART ဆိုတဲ့သီခ်င္းသုံးပုဒ္ထြက္ရွိထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*