Euphoria Season 3 ထွက်ရှိရက်နောက်ကျမယ်လို့ကြေညာ

HBO အနေနဲ့ Euphoria Season 3 ကို 2024 ခုနစ်အတွင်း ပြသမယ်လို့ကြေညာခဲ့ပေမယ့်လက်ရှိအချိန်မှာတော့ ထွက်ရှိရက်နောက် ဆုတ်သွားမယ်လို့ ပြောလာခဲ့ပါတယ်။ Season 3 ကို 2024 မတ်လရောက်တဲ့အထိရိုက်ကူးမှုမစတင်ရသေးတာမို့ 2025 ခုနစ်မှပဲပြသနိုင်ချေရှိနေတာဖြစ်ပါတယ်။ Euphoria ဟာ Game of Thrones ပြီးရင် HBO ရဲ့အပေါက်ဆုံးသောစီးရီးထဲမှာပါဝင်ပြီး Euphoria ထဲက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Angus Cloud ဟာလည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ရုတ်တရက်ကွယ်လွန်သွားခဲ့ပါသေးတယ်။

“Euphoria အတွက်က ဇာတ်ညွှန်းတွေလည်းပြင်ဆင်ပြီးနေပါပြီ။ Post-Production ပိုင်းတော်တော်လေးပြီးစီးနေပေမယ့် ရိုက်ကူးရေးမစတင်နိုင်သေးဘူးဖြစ်နေပါတယ်။ အဲဒါကြောင့် 2025မှပဲထုတ်လွှင့်နိုင်ပါတော့မယ်”လို့ HBO ရဲ့တာဝန်ခံ Francesca Orsi ကပြောခဲ့တာဖြစ်ပါတယ်။ Euphoria Season 3 မှာသရုပ်ဆောင်များအဖြစ် Zendaya ၊ Hunter Schafer ၊ Maude Apatow ၊ Sydney Sweeney ၊ Jacob Elordi ၊Alexa Demie ၊ Storm Reid ၊ Nika King နဲ့ Colman Domingo တို့ဆက်လက်ပါဝင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

HBO အေနနဲ႔ Euphoria Season 3 ကို 2024 ခုနစ္အတြင္း ျပသမယ္လို႔ေၾကညာခဲ့ေပမယ့္လက္ရွိအခ်ိန္မွာေတာ့ ထြက္ရွိရက္ေနာက္ ဆုတ္သြားမယ္လို႔ ေျပာလာခဲ့ပါတယ္။ Season 3 ကို 2024 မတ္လေရာက္တဲ့အထိ႐ိုက္ကူးမႈမစတင္ရေသးတာမို႔ 2025 ခုနစ္မွပဲျပသႏိုင္ေခ်ရွိေနတာျဖစ္ပါတယ္။ Euphoria ဟာ Game of Thrones ၿပီးရင္ HBO ရဲ႕အေပါက္ဆုံးေသာစီးရီးထဲမွာပါဝင္ၿပီး Euphoria ထဲက သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Angus Cloud ဟာလည္း ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လက ႐ုတ္တရက္ကြယ္လြန္သြားခဲ့ပါေသးတယ္။

“Euphoria အတြက္က ဇာတ္ၫႊန္းေတြလည္းျပင္ဆင္ၿပီးေနပါၿပီ။ Post-Production ပိုင္းေတာ္ေတာ္ေလးၿပီးစီးေနေပမယ့္ ႐ိုက္ကူးေရးမစတင္ႏိုင္ေသးဘူးျဖစ္ေနပါတယ္။ အဲဒါေၾကာင့္ 2025မွပဲထုတ္လႊင့္ႏိုင္ပါေတာ့မယ္”လို႔ HBO ရဲ႕တာဝန္ခံ Francesca Orsi ကေျပာခဲ့တာျဖစ္ပါတယ္။ Euphoria Season 3 မွာသ႐ုပ္ေဆာင္မ်ားအျဖစ္ Zendaya ၊ Hunter Schafer ၊ Maude Apatow ၊ Sydney Sweeney ၊ Jacob Elordi ၊Alexa Demie ၊ Storm Reid ၊ Nika King နဲ႔ Colman Domingo တို႔ဆက္လက္ပါဝင္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*