
လူအများရှေ့မှာ စကားပြောရတာ ကြောက်တဲ့စိတ်ကို ကျော်လွှားနည်း (၇)ခု
သင်က လူအများရှေ့မှာ၊ စင်ပေါ်မှာ စကားပြောဖို့ကြောက်တဲ့သူပါလား။ဒါကသင်တယောက်ထဲတော့ မဟုတ်ပါဘူး။ လူတော်တော်များများက စင်ကြောက်ပြီးတော့၊အများရှေ့မှာစကားပြောဖို့ ကြောက်တတ်ကြပါတယ်။ဒီကြောက်စိတ်က စိန်ခေါ်မှုတရပ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြောက်စိတ်ကိုကျော်လွှားဖို့ဘာတွေလုပ်ဖို့လိုမလဲဆိုတာကို အကြံပြုပေးချင်ပါတယ်။ ပြီးပြည့်စုံမှုကို မမျှော်လင့်ပါနဲ့ ကိုယ်က လူအများရှေ့မှာ စကားပြောပြီဆိုရင် ကိုယ့်ဘက်က အားလုံးအဆင်ပြေချောမွေ့ပြီးပြီးပြည့်စုံလိုက်မယ်ဆိုတဲ့ ခံစားချက်မျိုးကို ထည့်မထားပါနဲ့။ ဒီစိတ်ခံစားချက်ကကိုယ့်ကိုစိုးရိမ်ပူပန်မှု တိုးမြှင့်စေပါတယ်။ ဒီအချက်က လက်တွေ့မကျတဲ့အချက်ဖြစ်တာကြောင့်ဒီလိုမျှော်မှန်းမယ့်အစား […]