SM Entertainment နဲ့အငြင်းပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့် EXO အဖွဲ့ဝင် သုံးဦး

EXO အဖွဲ့ဝင် Chen ၊ Baekhyun နဲ့ Xiumin က SM Entertainmentနဲ့အငြင်းပွားမှုဆိုင်ရာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြု လုပ်မှာဖြစ်ပါတယ်။ EXO အဖွဲ့ဝင်သုံးဦးက သူတို့ရဲ့အေဂျင်စီ INB100 မှာ ဒီကနေ့ (ဇွန်လ ၁၀)ညနေ ၄နာရီမှာသတင်းစာရှင်းလင်းပွဲပြု လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ SM Entertainment ကမတရားပြုမူစွပ်စွဲချက်များကို ဖြေရှင်းဖို့အတွက် p_Arc Group ဥက္ကဋ္ဌ၊ အေ ဂျင်စီရဲ့စီအီးအိုအပါအဝင် ရှေ့နေ Lee Jae Hak တို့လည်း အဆိုပါသတင်းစာရှင်းလင်းပွဲမှာပါဝင်မယ်လို့သိရပါတဘ်။ပြီးခဲ့တဲ့နှစ် ဇွန်လမှာ EXO အဖွဲ့က အဖွဲ့ဝင်သုံးဦးနဲ့ SM Entertainment တို့ကြားသီးသန့်စာချုပ်တွေကို ရပ်စဲပြီး ဥပဒေရေးရာအငြင်းပွားမှုတွေကို ပြေလည်စွာဖြေရှင်းကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီအချိန်တုန်းက နှစ်ဖက်စလုံးက EXO ရဲ့လှုပ်ရှားမှုများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ဖို့အတွက် ဒီညှိနှိုင်းမှုကနေပြေလည်မှုရရှိသွားခဲ့ပါတယ်။ ပြီးတော့ သဘောတူညီချက်အရ INB100 ကို အနုပညာရှင်များရဲ့တဦးချင်းလှုပ်ရှားမှုများအပြင် EXO-CBX လက် အောက်မှာရှိတဲ့ လှုပ်ရှားမှုများကိုစီမံခန်ခံခွဲဖို့အတွက် တည်ထောင်ခဲ့ပါတယ်။ဒါပေမဲ့ SM Entertainment က သဘောတူညီချက်ရဲ့အ နှစ်သာရဖြစ်တဲ့စည်းကမ်းချက်များကိုလျစ်လျူရှုခဲ့ပြီး INB100 မှအနုပညာရှင်များရဲ့တဦးချင်းလှုပ်ရှားမှုများကနေ ဝင်ငွေ ၁၀ရာခိုင်နှုန်းကို တောင်းဆိုနေတာဖြစ်ပါတယ်။ဒီမှားယွင်းတဲ့ နားလည်မှုတွေကို ဖြေရှင်းဖို့အတွက် ဇွန် ၁၀ရက်နေ့ ညနေ ၄နာရီမှာ လုပ်မယ့်သတင်းစာရှင်းလင်းပွဲကို တချက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*