အလုပ်ခေါ်သူတွေအတွက် ဆွဲဆောင်မှုရှိတဲ့အလုပ်လျှောက်လွှာ

အလုပ်ခေါ်သူတွေအတွက် ဆွဲ‌ဆောင်မှုရှိတဲ့ အလုပ်လျှောက်လွှာကို ဘယ်လိုရေးမလဲဆိုတာမျှဝေသွားချင်ပါတယ်။ ကိုယ်ရေးရာဇဝင်မှာ ရေးဖို့အကောင်းဆုံးအရည်အချင်းတွေနဲ့စွမ်းရည်တွေက ဘာတွေပါလဲ။ ဘယ်လိုစွမ်းရည်တွေက အလုပ်ခေါ်သူတွေအတွက်ဆွဲဆောင်မှုဖြစ်စေမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Hard Skills

စွမ်းရည်တွေထဲမှာ Hard Skills မှာ ဘယ်လိုအချက်တွေပါသလဲဆိုတာအရင်ဆုံးပြောပြချင်ပါတယ်။ Hard Skillဆိုတာကတော့ အား လုံးသိပြီးသားဖြစ်ကြတဲ့အတိုင်းသင်ယူနိုင်တဲ့စွမ်းရည်တွေဖြစ်ကြပါတယ်။ ဥပမာ နည်းပညာ၊တီထွင်ဖန်တီးမှုစတဲ့အတတ်ပညာတွေက Hard Skills လို့သုံးနှုန်းပါတယ်။ပရောဂျက်စီမံခန့်ခွဲမှုကလည်း Hard Skills ထဲမှာပါဝင်ပါတယ်။ ကိုယ်က ပရောဂျက်တွေကိုတာဝန်ယူလုပ်ကိုင်နိုင်ပြီး စီမံခန့်ခွဲမှုမှာလည်း ကောင်းမွန်တယ်ဆိုရင် ဒီအချက်ကအလုပ်ခေါ်သူတွေအတွက် မျက်စိကျစေမယ့် အချက်တခုဖြစ်နေပါတယ်။စာရေးခြင်းကလည်း Hard Skills ထဲမှာပါဝင်ပြီးတော့ ဖောက်သည်တွေ၊ ဆက်သွယ်ပြောဆိုရတဲ့အခန်းကဏ္ဍတွေမှာ ပြီးပြည့်စုံတဲ့အီးမေးလ်ရေးသားဖန်တီးဖို့အတွက်၊ ဒါမှမဟုတ်ဆိုရှယ်မီဒီယာအတွက် ကောင်းမွန်တဲ့အိုင်ဒီယာတွေဖန်တီးရေးသားဖို့အတွက်စာရေး သားတဲ့အတတ် ပညာကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲတာကလည်း Hard Skills ထဲမှာပါဝင်ပြီးတော့ဘယ်လို အသက်မွေးဝမ်းကျောင်းမှုမှာမဆို ဒီစွမ်းရည်ကို ထည့်သွင်းသင့်ပါတယ်။ ကိုယ်ကလည်းတကယ်ကျွမ်းကျင်မှုရှိတယ်ဆိုရင် ဒီအချက်ကလည်း အလုပ်ခေါ်သူတွေသဘောကျစေမယ့်အချက်ဖြစ်ပါတယ်။ဘာသာစကားကျွမ်းကျင်မှုကလည်း Hard Skills ထဲက တခုပါပဲ။ ဘာသာစကားကျွမ်းကျင်မှုကအခုခေတ်မှာ မရှိမဖြစ်လိုအပ်လာနေပြီး လူတိုင်းက ဘာသာစကား အနည်းဆုံး ၂ခုလောက်ကိုလေ့လာနေကြပါတယ်။ အရည်အချင်းတူရင်တောင် ဘာသာစကားပိုကျွမ်းကျင်တဲ့သူကအလုပ်ရရှိဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါကြောင့် ဘာ သာစကားကလည်းလျစ်လျူရှုထားလို့မရတဲ့ စွမ်းရည်ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း အလုပ်လျှောက်လွှာမှာထည့်သွင်းစေချင်ပါတယ်။

Soft Skills

Soft Skills က လူတဦးရဲ့ စရိုက်လက္ခဏာကို သတ်မှတ်နိုင်ပါတယ်။ တချို့စွမ်းရည်တွေကမွေးရာပါဖြစ်ပြီး တချို့စွမ်းရည်တွေကတော့ မွေးမြူရတဲ့ စွမ်းရည်တွေဖြစ်ပါတယ်။ လူတိုင်းမှာတူညီတဲ့ Hard Skills အရည်အချင်းတွေ ရှိကြပေမဲ့ Soft Skills ကတော့ မရှိနိုင်ပါဘူး။ ဒါကြောင့်ဒီ Soft Skillsက မင်းရဲ့အလုပ်လျှောက်လွှာအတွက် ဆွဲဆောင်မှုတခုဖြစ်စေမှာအသေအချာပါပဲ။ တချို့လူတွေက မွေးလာကတည်းက ခေါင်းဆောင်မှုစွမ်းရည်တွေနဲ့မွေးဖွားလာကြပြီး အဖွဲ့လိုက်ပူးပေါင်း လုပ်ဆောင်ရတာကိုနှစ်သက်ကြပါတယ်။ကုမ္ပဏီအများအပြားက Soft Skills ကျွမ်းကျင်တဲ့သူတွေအတွက် နေရာလွတ်တွေရှိကြပြီးအလုပ်ခေါ်သူ ၉၃ရာခိုင်နှုန်းက ဒီကျွမ်းကျင်မှုရှိသူတွေကို အလုပ်ခန့်လိုကြပါတယ်။ Communication ကလည်း Soft Skills ထဲမှာ ထိပ်ဆုံးကပါဝင်နေပြီး လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာမဆို ဒီစွမ်းရည်က အရေးကြီးပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးတွေမှာအဆင်ပြေချောမွေ့စေဖို့အတွက် ဒီစွမ်းရည်က မရှိမဖြစ်လိုအပ်လာပါတယ်။ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်ကလည်း Soft Skills ထဲမှာပါဝင်ပါတယ်။ ပဋိပက္ခများနဲ့အတားအဆီးများကလုပ်ငန်းခွင်တိုင်းမှာ ရှောင်လွှဲလို့မရတဲ့ ပြဿနာတွေဖြစ်ပါတယ်။ပြဿနာများကို ဝေဖန်ပိုင်းခြားနိုင်စါမ်းရှိတာ၊ ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းများကို ရေဆွဲတာ၊မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်တာတွေက မရှိမဖြစ်လိုအပ်တဲ့ Soft Skills တွေပါပဲ။ခေါင်းဆောင်မှုစွမ်းရည်ကလည်း Soft Skills ထဲမှာပါဝင်ပါတယ်။ လုပ်ငန်းခွင်ရှိမှာရှိတဲ့ဘယ်သူမဆို ခေါင်းဆောင်ဖြစ်လာနိုင်ပါတယ်။ တခြားသူတွေအပေါ် လှုံ့ဆော်နိုင်တာ၊လမ်းပြနိုင်တာ၊ စီမံနိုင်တာတွေက ခေါင်းဆောင်တွေမှာရှိတဲ့အရည်အချင်းတရပ်ပါပဲ။ဒီအရည်အချင်းကလည်း လုပ်ငန်း ခွင်တိုင်းမှာလိုအပ်ပါတယ်။အချိန်စီမံခန့်ခွဲမှုကလည်း Soft Skills ထဲမှာပါဝင်ပါတယ်။ ပရောဂျက်တခုအတွက်ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ သင့်အလုပ်တွေကို အချိန်မီပြီးမြောက်ဖို့အတွက် ဒီအချက်ကမရှိမဖြစ်အရေးပါပါတယ်။လိုက်လျောညီထွေရှိမှုကလည်း Soft Skills ထဲမှာ မပါမဖြစ်ထည့်ရမယ့်စွမ်းရည်တခုဖြစ်ပါတယ်။တခါတလေ မျှော်မှန်းထားသလိုဖြစ်မလာတဲ့အခါ တခြားနည်းလမ်းနဲ့ပြောင်းဖို့အ တွက်ကိုယ့်ဘက်က ဒီစွမ်းရည်ကိုပိုင်ဆိုင်ထားဖို့လိုပါတယ်။ကိုယ့်ကိုယ်ကို လှုံ့ဆော်မှုကလည်း Soft Skills ထဲမှာပါဝင်တဲ့ စွမ်းရည်တခုဖြစ်ပါတယ်။ ကိုယ်ကဘယ်သူမှ ဖိအားပေးစရာမလိုဘဲ ကိုယ်ကိုယ်ကိုယ်မောင်းနှင်နိုင်တဲ့သူဖြစ်ဖို့လိုပါတယ်။ကျွမ်းကျင်မှုအသစ်တခုသင် ကြားတာပဲဖြစ်စေ၊ နည်းလမ်းအသစ်ကိုကြံဆတာပဲဖြစ်စေဒါတွေက ကိုယ့်ကိုယ်ကိုယ်လှုံ့ဆော်ပြီး ကြိုးစားသင့်တဲ့အချက်တွေဖြစ်ပါတယ်။

ဝန်ဆောင်မှု ကျွမ်းကျင်မှု- ဖောက်သည်များနဲ့ ပတ်သက်ဆက်သွယ်ပြီး ဝန်ဆောင်မှုပေးရတာကလူတိုင်းမှာမရှိမဖြစ်တဲ့ ဆက်သွယ်ရေးကျွမ်းကျင်မှုတခုဖြစ်ပါတယ်။ ဒီအချက်ကကိုယ့်မှာရှိတယ်ဆိုရင် အလုပ်လျှောက်လွှာထဲမှာ ထည့်သွင်းရေးသားပါ။ဒီအချက်အားလုံးက တော့ Soft Skills နဲ့ Hard Skills တွေဖြစ်ကြပြီး ဒီကျွမ်းကျင်မှုတွေကအလုပ်ရှင်တွေသဘောကျပြီး ဆွဲဆောင်မှုရှိတဲ့ အလုပ်လျှောက် လွှာတစောင်ဖြစ်လာဖို့အထောက်အကူဖြစ်မှာအသေအချာပါပဲ။

MYit

zawgyi

အလုပ္ေခၚသူေတြအတြက္ ဆြဲ‌ေဆာင္မႈရွိတဲ့ အလုပ္ေလွ်ာက္လႊာကို ဘယ္လိုေရးမလဲဆိုတာမွ်ေဝသြားခ်င္ပါတယ္။ ကိုယ္ေရးရာဇဝင္မွာ ေရးဖို႔အေကာင္းဆုံးအရည္အခ်င္းေတြနဲ႔စြမ္းရည္ေတြက ဘာေတြပါလဲ။ ဘယ္လိုစြမ္းရည္ေတြက အလုပ္ေခၚသူေတြအတြက္ဆြဲေဆာင္မႈျဖစ္ေစမလဲဆိုတာကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

Hard Skills

စြမ္းရည္ေတြထဲမွာ Hard Skills မွာ ဘယ္လိုအခ်က္ေတြပါသလဲဆိုတာအရင္ဆုံးေျပာျပခ်င္ပါတယ္။ Hard Skillဆိုတာကေတာ့ အား လုံးသိၿပီးသားျဖစ္ၾကတဲ့အတိုင္းသင္ယူႏိုင္တဲ့စြမ္းရည္ေတြျဖစ္ၾကပါတယ္။ ဥပမာ နည္းပညာ၊တီထြင္ဖန္တီးမႈစတဲ့အတတ္ပညာေတြက Hard Skills လို႔သုံးႏႈန္းပါတယ္။ပေရာဂ်က္စီမံခန႔္ခြဲမႈကလည္း Hard Skills ထဲမွာပါဝင္ပါတယ္။ ကိုယ္က ပေရာဂ်က္ေတြကိုတာဝန္ယူလုပ္ကိုင္ႏိုင္ၿပီး စီမံခန႔္ခြဲမႈမွာလည္း ေကာင္းမြန္တယ္ဆိုရင္ ဒီအခ်က္ကအလုပ္ေခၚသူေတြအတြက္ မ်က္စိက်ေစမယ့္ အခ်က္တခုျဖစ္ေနပါတယ္။စာေရးျခင္းကလည္း Hard Skills ထဲမွာပါဝင္ၿပီးေတာ့ ေဖာက္သည္ေတြ၊ ဆက္သြယ္ေျပာဆိုရတဲ့အခန္းက႑ေတြမွာ ၿပီးျပည့္စုံတဲ့အီးေမးလ္ေရးသားဖန္တီးဖို႔အတြက္၊ ဒါမွမဟုတ္ဆိုရွယ္မီဒီယာအတြက္ ေကာင္းမြန္တဲ့အိုင္ဒီယာေတြဖန္တီးေရးသားဖို႔အတြက္စာေရး သားတဲ့အတတ္ ပညာကလည္း မရွိမျဖစ္လိုအပ္ပါတယ္။ဂရပ္ဖစ္ဒီဇိုင္းေရးဆြဲတာကလည္း Hard Skills ထဲမွာပါဝင္ၿပီးေတာ့ဘယ္လို အသက္ေမြးဝမ္းေက်ာင္းမႈမွာမဆို ဒီစြမ္းရည္ကို ထည့္သြင္းသင့္ပါတယ္။ ကိုယ္ကလည္းတကယ္ကြၽမ္းက်င္မႈရွိတယ္ဆိုရင္ ဒီအခ်က္ကလည္း အလုပ္ေခၚသူေတြသေဘာက်ေစမယ့္အခ်က္ျဖစ္ပါတယ္။ဘာသာစကားကြၽမ္းက်င္မႈကလည္း Hard Skills ထဲက တခုပါပဲ။ ဘာသာစကားကြၽမ္းက်င္မႈကအခုေခတ္မွာ မရွိမျဖစ္လိုအပ္လာေနၿပီး လူတိုင္းက ဘာသာစကား အနည္းဆုံး ၂ခုေလာက္ကိုေလ့လာေနၾကပါတယ္။ အရည္အခ်င္းတူရင္ေတာင္ ဘာသာစကားပိုကြၽမ္းက်င္တဲ့သူကအလုပ္ရရွိဖို႔ အခြင့္အလမ္းပိုမ်ားပါတယ္။ ဒါေၾကာင့္ ဘာ သာစကားကလည္းလ်စ္လ်ဴရႈထားလို႔မရတဲ့ စြမ္းရည္ျဖစ္ပါတယ္။ ဒီအခ်က္ကိုလည္း အလုပ္ေလွ်ာက္လႊာမွာထည့္သြင္းေစခ်င္ပါတယ္။

Soft Skills

Soft Skills က လူတဦးရဲ႕ စ႐ိုက္လကၡဏာကို သတ္မွတ္ႏိုင္ပါတယ္။ တခ်ိဳ႕စြမ္းရည္ေတြကေမြးရာပါျဖစ္ၿပီး တခ်ိဳ႕စြမ္းရည္ေတြကေတာ့ ေမြးျမဴရတဲ့ စြမ္းရည္ေတြျဖစ္ပါတယ္။ လူတိုင္းမွာတူညီတဲ့ Hard Skills အရည္အခ်င္းေတြ ရွိၾကေပမဲ့ Soft Skills ကေတာ့ မရွိႏိုင္ပါဘူး။ ဒါေၾကာင့္ဒီ Soft Skillsက မင္းရဲ႕အလုပ္ေလွ်ာက္လႊာအတြက္ ဆြဲေဆာင္မႈတခုျဖစ္ေစမွာအေသအခ်ာပါပဲ။ တခ်ိဳ႕လူေတြက ေမြးလာကတည္းက ေခါင္းေဆာင္မႈစြမ္းရည္ေတြနဲ႔ေမြးဖြားလာၾကၿပီး အဖြဲ႕လိုက္ပူးေပါင္း လုပ္ေဆာင္ရတာကိုႏွစ္သက္ၾကပါတယ္။ကုမၸဏီအမ်ားအျပားက Soft Skills ကြၽမ္းက်င္တဲ့သူေတြအတြက္ ေနရာလြတ္ေတြရွိၾကၿပီးအလုပ္ေခၚသူ ၉၃ရာခိုင္ႏႈန္းက ဒီကြၽမ္းက်င္မႈရွိသူေတြကို အလုပ္ခန႔္လိုၾကပါတယ္။ Communication ကလည္း Soft Skills ထဲမွာ ထိပ္ဆုံးကပါဝင္ေနၿပီး လုပ္ငန္းခြင္ထဲမွာပဲျဖစ္ျဖစ္ဘယ္ေနရာမွာမဆို ဒီစြမ္းရည္က အေရးႀကီးပါတယ္။ ဒါေၾကာင့္ ေပါင္းသင္းဆက္ဆံေရးေတြမွာအဆင္ေျပေခ်ာေမြ႕ေစဖို႔အတြက္ ဒီစြမ္းရည္က မရွိမျဖစ္လိုအပ္လာပါတယ္။ျပႆနာေျဖရွင္းႏိုင္တဲ့ စြမ္းရည္ကလည္း Soft Skills ထဲမွာပါဝင္ပါတယ္။ ပဋိပကၡမ်ားနဲ႔အတားအဆီးမ်ားကလုပ္ငန္းခြင္တိုင္းမွာ ေရွာင္လႊဲလို႔မရတဲ့ ျပႆနာေတြျဖစ္ပါတယ္။ျပႆနာမ်ားကို ေဝဖန္ပိုင္းျခားႏိုင္စါမ္းရွိတာ၊ ျဖစ္ႏိုင္ေခ်ရွိတဲ့ ေျဖရွင္းနည္းမ်ားကို ေရဆြဲတာ၊မွန္ကန္တဲ့ လမ္းေၾကာင္းကို ေ႐ြးခ်ယ္ႏိုင္တာေတြက မရွိမျဖစ္လိုအပ္တဲ့ Soft Skills ေတြပါပဲ။ေခါင္းေဆာင္မႈစြမ္းရည္ကလည္း Soft Skills ထဲမွာပါဝင္ပါတယ္။ လုပ္ငန္းခြင္ရွိမွာရွိတဲ့ဘယ္သူမဆို ေခါင္းေဆာင္ျဖစ္လာႏိုင္ပါတယ္။ တျခားသူေတြအေပၚ လႈံ႕ေဆာ္ႏိုင္တာ၊လမ္းျပႏိုင္တာ၊ စီမံႏိုင္တာေတြက ေခါင္းေဆာင္ေတြမွာရွိတဲ့အရည္အခ်င္းတရပ္ပါပဲ။ဒီအရည္အခ်င္းကလည္း လုပ္ငန္း ခြင္တိုင္းမွာလိုအပ္ပါတယ္။အခ်ိန္စီမံခန႔္ခြဲမႈကလည္း Soft Skills ထဲမွာပါဝင္ပါတယ္။ ပေရာဂ်က္တခုအတြက္ညႇိႏႈိင္းေဆာင္႐ြက္တဲ့အခါမွာ သင့္အလုပ္ေတြကို အခ်ိန္မီၿပီးေျမာက္ဖို႔အတြက္ ဒီအခ်က္ကမရွိမျဖစ္အေရးပါပါတယ္။လိုက္ေလ်ာညီေထြရွိမႈကလည္း Soft Skills ထဲမွာ မပါမျဖစ္ထည့္ရမယ့္စြမ္းရည္တခုျဖစ္ပါတယ္။တခါတေလ ေမွ်ာ္မွန္းထားသလိုျဖစ္မလာတဲ့အခါ တျခားနည္းလမ္းနဲ႔ေျပာင္းဖို႔အ တြက္ကိုယ့္ဘက္က ဒီစြမ္းရည္ကိုပိုင္ဆိုင္ထားဖို႔လိုပါတယ္။ကိုယ့္ကိုယ္ကို လႈံ႕ေဆာ္မႈကလည္း Soft Skills ထဲမွာပါဝင္တဲ့ စြမ္းရည္တခုျဖစ္ပါတယ္။ ကိုယ္ကဘယ္သူမွ ဖိအားေပးစရာမလိုဘဲ ကိုယ္ကိုယ္ကိုယ္ေမာင္းႏွင္ႏိုင္တဲ့သူျဖစ္ဖို႔လိုပါတယ္။ကြၽမ္းက်င္မႈအသစ္တခုသင္ ၾကားတာပဲျဖစ္ေစ၊ နည္းလမ္းအသစ္ကိုႀကံဆတာပဲျဖစ္ေစဒါေတြက ကိုယ့္ကိုယ္ကိုယ္လႈံ႕ေဆာ္ၿပီး ႀကိဳးစားသင့္တဲ့အခ်က္ေတြျဖစ္ပါတယ္။

ဝန္ေဆာင္မႈ ကြၽမ္းက်င္မႈ- ေဖာက္သည္မ်ားနဲ႔ ပတ္သက္ဆက္သြယ္ၿပီး ဝန္ေဆာင္မႈေပးရတာကလူတိုင္းမွာမရွိမျဖစ္တဲ့ ဆက္သြယ္ေရးကြၽမ္းက်င္မႈတခုျဖစ္ပါတယ္။ ဒီအခ်က္ကကိုယ့္မွာရွိတယ္ဆိုရင္ အလုပ္ေလွ်ာက္လႊာထဲမွာ ထည့္သြင္းေရးသားပါ။ဒီအခ်က္အားလုံးက ေတာ့ Soft Skills နဲ႔ Hard Skills ေတြျဖစ္ၾကၿပီး ဒီကြၽမ္းက်င္မႈေတြကအလုပ္ရွင္ေတြသေဘာက်ၿပီး ဆြဲေဆာင္မႈရွိတဲ့ အလုပ္ေလွ်ာက္ လႊာတေစာင္ျဖစ္လာဖို႔အေထာက္အကူျဖစ္မွာအေသအခ်ာပါပဲ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*