5 နှစ်စာ Career Plan ကဘာ့ကြောင့်ပိုအကျိုးများတာလဲ
“နောင် 5 နှစ်မှာ မင်းကိုယ်မင်းဘယ်လိုလူအဖြစ်မြင်တွေ့ချင်လဲ” ဆိုတဲ့မေးခွန်းက ကိုယ့်ဆရာ၊ကိုယ့်မိသားစုဝင်တွေနဲ့အင်တာဗျူးနေသူ စသဖြင့်တစ်ယောက်ယောက်ဆီကနေကြားဖူးနိုင်ပါတယ်။အလုပ်စလုပ်ပြီဆိုကတည်းက ငါဒီနှစ်တော့အဆင်ပြေတာဝင်လုပ်လိုက်မယ်ဆိုတာမျိုးထက်အနည်းဆုံးနောင် 5 နှစ်စာအထိတွေးတောစဥ်းစားတာက ပိုပြီးအကျိုးရလဒ်ကောင်းတွေရရှိမယ်လို့အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူတွေက အာမခံထားကြပါတယ်။ကိုယ်ဘာလုပ်ချင်လဲ၊ဘယ်လိုအသက်မွေးဝမ်းကျောင်းမျိုးနဲ့ရပ်တည်မလဲဆိုတာကိုအချိန်ယူစဥ်းစားတာက Career နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကိုလျော့ကျစေနိုင်ပါတယ်။ 5 နှစ်တာကာလကိုကိုယ်တွေးထားတဲ့ Plan အတိုင်း အကောင်းဆုံးကြိုးစားလုပ်ဆောင်တာက နောက်ဆုံးမှာကိုယ့်ကိုအများထက်ပိုအဆင်ပြေခိုင်မာတဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေစေမှာပဲဖြစ်ပါတယ်။ရေရှည်အသက်မွေးဝမ်းကျောင်းအတွက်စဥ်းစားမယ်ဆိုရင်တော့ တစ်နှစ်စာအတွက်သာတွေးထားတဲ့ Career […]