5 နှစ်စာ Career Plan ကဘာ့ကြောင့်ပိုအကျိုးများတာလဲ

“နောင် 5 နှစ်မှာ မင်းကိုယ်မင်းဘယ်လိုလူအဖြစ်မြင်တွေ့ချင်လဲ” ဆိုတဲ့မေးခွန်းက ကိုယ့်ဆရာ၊ကိုယ့်မိသားစုဝင်တွေနဲ့အင်တာဗျူးနေသူ စသဖြင့်တစ်ယောက်ယောက်ဆီကနေကြားဖူးနိုင်ပါတယ်။အလုပ်စလုပ်ပြီဆိုကတည်းက ငါဒီနှစ်တော့အဆင်ပြေတာဝင်လုပ်လိုက်မယ်ဆိုတာမျိုးထက်အနည်းဆုံးနောင် 5 နှစ်စာအထိတွေးတောစဥ်းစားတာက ပိုပြီးအကျိုးရလဒ်ကောင်းတွေရရှိမယ်လို့အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူတွေက အာမခံထားကြပါတယ်။ကိုယ်ဘာလုပ်ချင်လဲ၊ဘယ်လိုအသက်မွေးဝမ်းကျောင်းမျိုးနဲ့ရပ်တည်မလဲဆိုတာကိုအချိန်ယူစဥ်းစားတာက Career နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကိုလျော့ကျစေနိုင်ပါတယ်။ 5 နှစ်တာကာလကိုကိုယ်တွေးထားတဲ့ Plan အတိုင်း အကောင်းဆုံးကြိုးစားလုပ်ဆောင်တာက နောက်ဆုံးမှာကိုယ့်ကိုအများထက်ပိုအဆင်ပြေခိုင်မာတဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေစေမှာပဲဖြစ်ပါတယ်။ရေရှည်အသက်မွေးဝမ်းကျောင်းအတွက်စဥ်းစားမယ်ဆိုရင်တော့ တစ်နှစ်စာအတွက်သာတွေးထားတဲ့
Career Plan တွေကိုအရင်စွန့်ခွာပစ်ရမှာပါ။

တကယ်တော့ အသက်မွေးဝမ်းကျောင်းဆိုကတည်းက တစ်နှစ်စာလေးအတွက်တွေးလို့မရတာအားလုံးလည်းသိကြမှာပါ။ တချို့သော Skills တွေဟာ တစ်နှစ်တည်းတည်ဆောက်ရုံနဲ့မရနိုင်ပါဘူး။နှစ်များစွာ အတွေ့အကြုံများစွာကိုဖြတ်သန်းပြီးမှ ရရှိလာနိုင်တာမျိုးဖြစ်ပါတယ်။အထူးသဖြင့်ဆက်သွယ်ပြောဆိုတတ်ခြင်း၊ ထိထိရောက်ရောက်ညှိနှိုင်းတတ်ခြင်း၊ပြဿနာဖြေရှင်းနိုင်ခြင်းနဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်းစတဲ့ စွမ်းရည်တွေဖြစ်ပါတယ်။ဒီဂရီတစ်ခုခုယူတာ၊ Certificate တစ်ခုခုယူတာမျိုးတွေကိုတော့ တစ်နှစ်တာ Plan ထဲမှာထည့်သွင်းနိုင်ပါတယ်။

Long-term plan ထဲမှာတော့ ဘယ်အလုပ်ကိုသွားသွားအမြဲအသုံးဝင်နေမယ့် Skills တွေကိုပိုပြီးအဓိကထားပါတယ်။ ရေရှည်အတွက်စဥ်းစားထားသူက တစ်နေ့တစ်နေ့ရုံးတက်ရုံးဆင်းလုပ်ပြီးတစ်နှစ်ပြီးတစ်နှစ်အချိန်ကုန်သွားသူထက်ပိုပြီးသာလွန်တဲ့ Career ကိုရရှိမှာပါ။
5 နှစ်စာ Career Plan ဆွဲခြင်းဟာ ပြုလွယ်ပြောင်းလွယ်သဘောလည်းရှိပါတယ်။ နောင် 5 နှစ်တာကိုတွေးကြည့်တာက ကိုယ့်အတွေးယူဆချက်တွေမှန်ကန်တတ်သလိုပြောင်းလဲသင့်ပြီလို့ယူဆရင်လည်း ချိန်ဆပြောင်းလဲဖို့လွယ်ကူတဲ့အနေအထားဖြစ်ပါတယ်။ Career Plan ထားပြီးအလုပ်လုပ်တာက လတိုင်း၊နှစ်တိုင်းကို အဓိပ္ပါယ်ရှိရှိဖြတ်ကျော်နိုင်စေပါတယ်။
5 နှစ်တာ Plan ဆွဲနိုင်ဖို့အတွက်
-အရင်ဆုံး Brainstorm လုပ်ပါ
-ရလာတဲ့အဖြေတွေကို စုစည်းပါ။
-လမ်းပြမြေပုံဆွဲပါ
စတဲ့အချက်လေးတွေကိုလုပ်ဆောင်ဖို့လိုပါတယ်။‌နောက်တစ်ခေါက်မှာတော့ ကိုယ့်ကိုယ်ကိုယ်ဘာမေးခွန်းတွေမေးပြီး 5 နှစ်စာ Career Plan တစ်ခုကိုဘယ်လို ပုံစံတကျ Develop လုပ်ရမယ်ဆိုတာကိုမျှဝေပေးသွားပါမယ်။

Ju Ju

zawgyi

“ေနာင္ 5 ႏွစ္မွာ မင္းကိုယ္မင္းဘယ္လိုလူအျဖစ္ျမင္ေတြ႕ခ်င္လဲ” ဆိုတဲ့ေမးခြန္းက ကိုယ့္ဆရာ၊ကိုယ့္မိသားစုဝင္ေတြနဲ႔အင္တာဗ်ဴးေနသူ စသျဖင့္တစ္ေယာက္ေယာက္ဆီကေနၾကားဖူးႏိုင္ပါတယ္။အလုပ္စလုပ္ၿပီဆိုကတည္းက ငါဒီႏွစ္ေတာ့အဆင္ေျပတာဝင္လုပ္လိုက္မယ္ဆိုတာမ်ိဳးထက္အနည္းဆုံးေနာင္ 5 ႏွစ္စာအထိေတြးေတာစဥ္းစားတာက ပိုၿပီးအက်ိဳးရလဒ္ေကာင္းေတြရရွိမယ္လို႔အလုပ္အကိုင္ေရးရာ ကြၽမ္းက်င္သူေတြက အာမခံထားၾကပါတယ္။ကိုယ္ဘာလုပ္ခ်င္လဲ၊ဘယ္လိုအသက္ေမြးဝမ္းေက်ာင္းမ်ိဳးနဲ႔ရပ္တည္မလဲဆိုတာကိုအခ်ိန္ယူစဥ္းစားတာက Career နဲ႔ပတ္သက္တဲ့ စိတ္ဖိစီးမႈ၊ စိတ္ပူပန္မႈေတြကိုေလ်ာ့က်ေစႏိုင္ပါတယ္။ 5 ႏွစ္တာကာလကိုကိုယ္ေတြးထားတဲ့ Plan အတိုင္း အေကာင္းဆုံးႀကိဳးစားလုပ္ေဆာင္တာက ေနာက္ဆုံးမွာကိုယ့္ကိုအမ်ားထက္ပိုအဆင္ေျပခိုင္မာတဲ့လမ္းေၾကာင္းတစ္ခုေပၚေရာက္ေနေစမွာပဲျဖစ္ပါတယ္။ေရရွည္အသက္ေမြးဝမ္းေက်ာင္းအတြက္စဥ္းစားမယ္ဆိုရင္ေတာ့ တစ္ႏွစ္စာအတြက္သာေတြးထားတဲ့
Career Plan ေတြကိုအရင္စြန႔္ခြာပစ္ရမွာပါ။

တကယ္ေတာ့ အသက္ေမြးဝမ္းေက်ာင္းဆိုကတည္းက တစ္ႏွစ္စာေလးအတြက္ေတြးလို႔မရတာအားလုံးလည္းသိၾကမွာပါ။ တခ်ိဳ႕ေသာ Skills ေတြဟာ တစ္ႏွစ္တည္းတည္ေဆာက္႐ုံနဲ႔မရႏိုင္ပါဘူး။ႏွစ္မ်ားစြာ အေတြ႕အႀကဳံမ်ားစြာကိုျဖတ္သန္းၿပီးမွ ရရွိလာႏိုင္တာမ်ိဳးျဖစ္ပါတယ္။အထူးသျဖင့္ဆက္သြယ္ေျပာဆိုတတ္ျခင္း၊ ထိထိေရာက္ေရာက္ညႇိႏႈိင္းတတ္ျခင္း၊ျပႆနာေျဖရွင္းႏိုင္ျခင္းနဲ႔ ဆုံးျဖတ္ခ်က္ခ်ႏိုင္ျခင္းစတဲ့ စြမ္းရည္ေတြျဖစ္ပါတယ္။ဒီဂရီတစ္ခုခုယူတာ၊ Certificate တစ္ခုခုယူတာမ်ိဳးေတြကိုေတာ့ တစ္ႏွစ္တာ Plan ထဲမွာထည့္သြင္းႏိုင္ပါတယ္။

Long-term plan ထဲမွာေတာ့ ဘယ္အလုပ္ကိုသြားသြားအၿမဲအသုံးဝင္ေနမယ့္ Skills ေတြကိုပိုၿပီးအဓိကထားပါတယ္။ ေရရွည္အတြက္စဥ္းစားထားသူက တစ္ေန႔တစ္ေန႔႐ုံးတက္႐ုံးဆင္းလုပ္ၿပီးတစ္ႏွစ္ၿပီးတစ္ႏွစ္အခ်ိန္ကုန္သြားသူထက္ပိုၿပီးသာလြန္တဲ့ Career ကိုရရွိမွာပါ။
5 ႏွစ္စာ Career Plan ဆြဲျခင္းဟာ ျပဳလြယ္ေျပာင္းလြယ္သေဘာလည္းရွိပါတယ္။ ေနာင္ 5 ႏွစ္တာကိုေတြးၾကည့္တာက ကိုယ့္အေတြးယူဆခ်က္ေတြမွန္ကန္တတ္သလိုေျပာင္းလဲသင့္ၿပီလို႔ယူဆရင္လည္း ခ်ိန္ဆေျပာင္းလဲဖို႔လြယ္ကူတဲ့အေနအထားျဖစ္ပါတယ္။ Career Plan ထားၿပီးအလုပ္လုပ္တာက လတိုင္း၊ႏွစ္တိုင္းကို အဓိပၸါယ္ရွိရွိျဖတ္ေက်ာ္ႏိုင္ေစပါတယ္။
5 ႏွစ္တာ Plan ဆြဲႏိုင္ဖို႔အတြက္
-အရင္ဆုံး Brainstorm လုပ္ပါ
-ရလာတဲ့အေျဖေတြကို စုစည္းပါ။
-လမ္းျပေျမပုံဆြဲပါ
စတဲ့အခ်က္ေလးေတြကိုလုပ္ေဆာင္ဖို႔လိုပါတယ္။‌ေနာက္တစ္ေခါက္မွာေတာ့ ကိုယ့္ကိုယ္ကိုယ္ဘာေမးခြန္းေတြေမးၿပီး 5 ႏွစ္စာ Career Plan တစ္ခုကိုဘယ္လို ပုံစံတက် Develop လုပ္ရမယ္ဆိုတာကိုမွ်ေဝေပးသြားပါမယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*