အရည်အချင်းပြည့်မီပေမယ့် အလုပ်မရတာဘာ့ကြောင့်လဲ
အလုပ်ရှာတဲ့သူတွေအနေနဲ့ တစ်ခါတလေမှာကိုယ့်အရည်အချင်းနဲ့ကွက်တိကိုက်ညီပြီးလွယ်လွယ်လေးရမယ်လို့ထင်ထားတဲ့အလုပ်တွေကို မရတာမျိုးကြုံဖူးကြမှာပါ။ကိုယ်ကလိုအပ်တဲ့အရည်အချင်းနဲ့ အတွေ့အကြုံတွေပြည့်မီနေပါရက်နဲ့ အလုပ်မရတာဘာ့ကြောင့်လဲ၊ဒီလို အလုပ်မရတိုင်း ကိုယ်ညံ့လို့လားဆိုပြီးတွေးမိတတ်သူတွေအတွက်သိထားသင့်တာလေးတွေကိုမျှဝေချင်ပါတယ်။ တကယ်တော့အလုပ်မရတိုင်းကိုယ်ညံ့နေလို့မဟုတ်ပါဘူး၊ ကိုယ်ကပိုတော်နေလို့မရတာမျိုးလည်းဖြစ်နိုင်ပါတယ်နော်။ တစ်ခုခုလွဲချော်နေလို့ အလုပ်ကလိုတဲ့လိုအပ်ချက်နဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေက ကိုက်ညီနေနိုင်ပေမယ့်မကိုက်ညီနိုင်တာက လုပ်ခလစာဖြစ်နိုင်ပါတယ်။ ကိုယ်ဖော်ပြထားတဲ့လစာဟာသူတို့ပေးနိုင်တဲ့ပမာဏထက်များနေရင်လည်း ပယ်ချခံရနိုင်ပါတယ်။ နောက်တစ်ချက်က Software ပါ။တစ်ခါတလေ CV တွေရွေးထုတ်တဲ့ Software ကြောင့်လည်း ကိုယ့် CV […]