2024 မှာထပ်တိုးရှိထားသင့်တဲ့ Power Point Skills 5 ခု

Power Point Presentation က Meeting တိုင်းအတွက်အသုံးချလို့ရပြီး ကိုယ်သုံးတတ်ရင်သုံးတတ်သလိုစိတ်ဝင်စားဖို့ကောင်းတဲ့ Creation ပါတဲ့တင်ပြမှုတွေကိုရစေနိုင်ပါတယ်။ခေါင်းဆောင်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် အဖွဲ့ဝင်ဝန်ထမ်းတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် 2024 အတွက်ထပ်တိုးသိရှိထားသင့်တဲ့ Power Point Skills တွေရှိနေပါတယ်။သမားရိုးကျတင်ဆက်မှုတွေကနေခွဲထွက်ပြီး ကြည့်ရှုသူကိုမပျင်းရိစေဖို့အခုဖော်ပြမယ့်အချက်လေးတွေကိုအသုံးချနိုင်ပါတယ်။

အားကောင်းတဲ့ပုံတွေကိုသုံးပါ
ပုံတစ်ပုံကစကားလုံးပေါင်းတစ်ထောင်ကို ကိုယ်စားပြုနိုင်တယ်လို့ဆိုကြပါတယ်နော်။ဒါ့ကြောင့်လည်းကိုယ့်ရဲ့ Slide တွေမှာ စာကြောင်းတွေချည်းပဲရေးထားတာထက် ဖတ်ရလွယ်တဲ့ Graphic တွေ၊ စိတ်ဝင်စားဖွယ်ဓာတ်ပုံလေးတွေများများထည့်သွင်းပေးပါ။ ဒါကကြည့်ရှုနေသူတွေကိုအသစ်အဆန်းဖြစ်စေပြီးစိတ်ဝင်စားမှုပိုတိုးလာစေပါတယ်။ကြည့်ရှုသူရဲ့စိတ်နှလုံးကိုဆွဲဆောင်နိုင်တဲ့ပုံတစ်ပုံကစာကြောင်းတွေအများကြီးရေးပြီးပြောပြနေတာထက်ပိုအကျိုးများပါတယ်။တောက်တောက်ပပရှိပြီးလှပ ရှင်းလင်းတဲ့ Infographic လေးတွေသုံးနိုင်ဖို့လည်းကြိုးစားသင့်ပါတယ်။

ကိုယ်စိတ်ကူးဉာဏ်ရှိသလိုအသုံးချပါ
Power Point Presentation က ဒီပုံဒီနည်းပဲသုံးရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိပါဘူး။တချို့လူတွေက အမြင်အာရုံနဲ့လေ့လာရတာပိုအားသန်ကြပေမယ့်တချို့ကျတော့ရေးရဖတ်ရတာကိုပိုသဘောကျကြပါတယ်။ ဒါ့ကြောင့်အစည်းအဝေးခန်းထဲမှာရှိတဲ့လူအမျိုးမျိုးအ တွက်အဆင်ပြေအောင် ကိုယ့်ရဲ့ Presentation ကိုကိုယ်စိတ်ကူးဉာဏ်ရှိသလိုဖန်တီးနိုင်ပါတယ်။ ဗီဒီယိုအတိုလေးတွေ၊ ကာတွန်းလေးတွေ၊ ဓာတ်ပုံနဲ့ဟာသအသံတွေကိုပါထည့်သွင်းပြီး Presentation လုပ်ခွင့်ရှိပါတယ်။

Design အခြေခံကိုနားလည်ရင်ပိုအဆင်ပြေပါတယ်
ကိုယ်က Graphic Design ပိုင်းနည်းနည်းရတယ်၊ ဒီဇိုင်းအမြင်ရှိတယ်ဆိုရင် Slide တွေကိုအများနဲ့မတူဘဲ ကိုယ်ပိုင်စတိုင်လ်ဖြစ်အောင်လုပ်ဆောင်နိုင်မှာပါ။ ဒါ့ကြောင့်လည်း ဆန်းသစ်တဲ့ Presentation ပုံစံတွေကို အင်တာနက်ပေါ်ကနေများများလေ့လာပြီးပြန်အတုခိုးနိုင်ပါတယ်။ ကိုယ့်ရဲ့ Design Skills ကိုယုံကြည်မှုမရှိသေးဘူးဆိုရင်တော့ PowerPoint's Designer Tool ကိုအသုံးချနိုင်ပါတယ်။

တိုတိုနဲ့စိတ်ဝင်စားဖွယ်ကောင်းပါစေ
နည်းလေကောင်းလေဆိုသလိုပါပဲ။ Presentation လုပ်တဲ့နေရာမှာ Slide တွေအများကြီး၊စာသားတွေအများကြီးကပျင်းဖို့ကောင်းစေပါတယ်။ ဒါ့ကြောင့်တတ်နိုင်သမျှ Slide နည်းနည်းပဲဖန်တီးပါ။ Slide တစ်ခုချင်းစီကိုရှင်းပြတဲ့အခါ ကိုယ့်ရဲ့ Speaking Skill ကိုအသုံးချပြီး
စိတ်ဝင်စားဖွယ်ကောင်းအောင်ပြန်ပြောနိုင်ပါတယ်။

စကားပြောခြင်းအနုပညာကအဓိကျပါတယ်
Public Speaking Skill ကျွမ်းကျင်အောင်လေ့ကျင့်ထားဖို့က ဒီနေ့ခေတ်မှာမဖြစ်မနေလိုအပ်ပါတယ်။ Presentation လုပ်တဲ့နေရာမှာ ကိုယ့်ရဲ့ကိုယ်ဟန်အနေအထား၊ နေရာယူပုံ၊ အသံ Tone ၊မျက်လုံးအကြည့်၊ စိတ်ဝင်စားဖွယ်ကောင်းအောင်ပြောဆိုတတ်မှုတွေက အရေးပါပါတယ်။ Slide ပေါ်ကစာသားတွေကိုပဲ ဖတ်ပြတာမျိုးမဖြစ်ရအောင် Slide ပေါ်မှာ Bullet Point လေးတွေနဲ့ပဲအချက်အလက်တွေကိုမှတ်သားထားပါ။ မှတ်ထားတဲ့အချက်အလက်လေးတွေကိုတချက်ကြည့်ပြီးကိုယ့်ရဲ့ Speaking Skill ကိုအသုံးချကာ ရှင်းပြနိုင်ပါတယ်။
ဒီအချက်လေးတွေကိုအသုံးချကြည့်ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ Power Point Presentation တွေအများကြီးလုပ်ဆောင်နိုင်ကြပါစေနော်။

Ju Ju

zawgyi

Power Point Presentation က Meeting တိုင္းအတြက္အသုံးခ်လို႔ရၿပီး ကိုယ္သုံးတတ္ရင္သုံးတတ္သလိုစိတ္ဝင္စားဖို႔ေကာင္းတဲ့ Creation ပါတဲ့တင္ျပမႈေတြကိုရေစႏိုင္ပါတယ္။ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ပဲျဖစ္ျဖစ္ အဖြဲ႕ဝင္ဝန္ထမ္းတစ္ေယာက္အေနနဲ႔ပဲျဖစ္ျဖစ္ 2024 အတြက္ထပ္တိုးသိရွိထားသင့္တဲ့ Power Point Skills ေတြရွိေနပါတယ္။သမား႐ိုးက်တင္ဆက္မႈေတြကေနခြဲထြက္ၿပီး ၾကည့္ရႈသူကိုမပ်င္းရိေစဖို႔အခုေဖာ္ျပမယ့္အခ်က္ေလးေတြကိုအသုံးခ်ႏိုင္ပါတယ္။

အားေကာင္းတဲ့ပုံေတြကိုသုံးပါ
ပုံတစ္ပုံကစကားလုံးေပါင္းတစ္ေထာင္ကို ကိုယ္စားျပဳႏိုင္တယ္လို႔ဆိုၾကပါတယ္ေနာ္။ဒါ့ေၾကာင့္လည္းကိုယ့္ရဲ႕ Slide ေတြမွာ စာေၾကာင္းေတြခ်ည္းပဲေရးထားတာထက္ ဖတ္ရလြယ္တဲ့ Graphic ေတြ၊ စိတ္ဝင္စားဖြယ္ဓာတ္ပုံေလးေတြမ်ားမ်ားထည့္သြင္းေပးပါ။ ဒါကၾကည့္ရႈေနသူေတြကိုအသစ္အဆန္းျဖစ္ေစၿပီးစိတ္ဝင္စားမႈပိုတိုးလာေစပါတယ္။ၾကည့္ရႈသူရဲ႕စိတ္ႏွလုံးကိုဆြဲေဆာင္ႏိုင္တဲ့ပုံတစ္ပုံကစာေၾကာင္းေတြအမ်ားႀကီးေရးၿပီးေျပာျပေနတာထက္ပိုအက်ိဳးမ်ားပါတယ္။ေတာက္ေတာက္ပပရွိၿပီးလွပ ရွင္းလင္းတဲ့ Infographic ေလးေတြသုံးႏိုင္ဖို႔လည္းႀကိဳးစားသင့္ပါတယ္။

ကိုယ္စိတ္ကူးဉာဏ္ရွိသလိုအသုံးခ်ပါ
Power Point Presentation က ဒီပုံဒီနည္းပဲသုံးရမယ္လို႔ သတ္မွတ္ထားတာမ်ိဳးမရွိပါဘူး။တခ်ိဳ႕လူေတြက အျမင္အာ႐ုံနဲ႔ေလ့လာရတာပိုအားသန္ၾကေပမယ့္တခ်ိဳ႕က်ေတာ့ေရးရဖတ္ရတာကိုပိုသေဘာက်ၾကပါတယ္။ ဒါ့ေၾကာင့္အစည္းအေဝးခန္းထဲမွာရွိတဲ့လူအမ်ိဳးမ်ိဳးအ တြက္အဆင္ေျပေအာင္ ကိုယ့္ရဲ႕ Presentation ကိုကိုယ္စိတ္ကူးဉာဏ္ရွိသလိုဖန္တီးႏိုင္ပါတယ္။ ဗီဒီယိုအတိုေလးေတြ၊ ကာတြန္းေလးေတြ၊ ဓာတ္ပုံနဲ႔ဟာသအသံေတြကိုပါထည့္သြင္းၿပီး Presentation လုပ္ခြင့္ရွိပါတယ္။

Design အေျခခံကိုနားလည္ရင္ပိုအဆင္ေျပပါတယ္
ကိုယ္က Graphic Design ပိုင္းနည္းနည္းရတယ္၊ ဒီဇိုင္းအျမင္ရွိတယ္ဆိုရင္ Slide ေတြကိုအမ်ားနဲ႔မတူဘဲ ကိုယ္ပိုင္စတိုင္လ္ျဖစ္ေအာင္လုပ္ေဆာင္ႏိုင္မွာပါ။ ဒါ့ေၾကာင့္လည္း ဆန္းသစ္တဲ့ Presentation ပုံစံေတြကို အင္တာနက္ေပၚကေနမ်ားမ်ားေလ့လာၿပီးျပန္အတုခိုးႏိုင္ပါတယ္။ ကိုယ့္ရဲ႕ Design Skills ကိုယုံၾကည္မႈမရွိေသးဘူးဆိုရင္ေတာ့ PowerPoint's Designer Tool ကိုအသုံးခ်ႏိုင္ပါတယ္။

တိုတိုနဲ႔စိတ္ဝင္စားဖြယ္ေကာင္းပါေစ
နည္းေလေကာင္းေလဆိုသလိုပါပဲ။ Presentation လုပ္တဲ့ေနရာမွာ Slide ေတြအမ်ားႀကီး၊စာသားေတြအမ်ားႀကီးကပ်င္းဖို႔ေကာင္းေစပါတယ္။ ဒါ့ေၾကာင့္တတ္ႏိုင္သမွ် Slide နည္းနည္းပဲဖန္တီးပါ။ Slide တစ္ခုခ်င္းစီကိုရွင္းျပတဲ့အခါ ကိုယ့္ရဲ႕ Speaking Skill ကိုအသုံးခ်ၿပီး
စိတ္ဝင္စားဖြယ္ေကာင္းေအာင္ျပန္ေျပာႏိုင္ပါတယ္။

စကားေျပာျခင္းအႏုပညာကအဓိက်ပါတယ္
Public Speaking Skill ကြၽမ္းက်င္ေအာင္ေလ့က်င့္ထားဖို႔က ဒီေန႔ေခတ္မွာမျဖစ္မေနလိုအပ္ပါတယ္။ Presentation လုပ္တဲ့ေနရာမွာ ကိုယ့္ရဲ႕ကိုယ္ဟန္အေနအထား၊ ေနရာယူပုံ၊ အသံ Tone ၊မ်က္လုံးအၾကည့္၊ စိတ္ဝင္စားဖြယ္ေကာင္းေအာင္ေျပာဆိုတတ္မႈေတြက အေရးပါပါတယ္။ Slide ေပၚကစာသားေတြကိုပဲ ဖတ္ျပတာမ်ိဳးမျဖစ္ရေအာင္ Slide ေပၚမွာ Bullet Point ေလးေတြနဲ႔ပဲအခ်က္အလက္ေတြကိုမွတ္သားထားပါ။ မွတ္ထားတဲ့အခ်က္အလက္ေလးေတြကိုတခ်က္ၾကည့္ၿပီးကိုယ့္ရဲ႕ Speaking Skill ကိုအသုံးခ်ကာ ရွင္းျပႏိုင္ပါတယ္။
ဒီအခ်က္ေလးေတြကိုအသုံးခ်ၾကည့္ၿပီး စိတ္ဝင္စားဖြယ္ေကာင္းတဲ့ Power Point Presentation ေတြအမ်ားႀကီးလုပ္ေဆာင္ႏိုင္ၾကပါေစေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*