လစာအပြင်အပိုဝင်ငွေရအောင်ဒီလိုရှာမယ်

ဝန်ထမ်းလုပ်နေသူတွေအဖို့ ကိုယ့်လစာအပြင် အပိုဝင်ငွေလေးတွေပါရှာချင်ကြတာကသဘာဝပါ။အပိုဝင်ငွေရှိတဲ့အခါ ကိုယ့်စိတ်ပျော်ရွှင်မယ့်အရာတွေကို များများလုပ်နိုင်လာမယ်၊လိုချင်တာလေးတွေဝယ်နိုင်မယ်၊ သွားချင်တဲ့ခရီးသွားနိုင်မယ်။ အဲဒီလိုဆိုရင်ဘဝကပိုပြီးအ သက်ဝင်လာမှာဖြစ်ပါတယ်။ဒါ့ကြောင့်လည်းဘယ်သူမဆို အပိုဝင်ငွေရှာချင်ကြပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတကာက Career အကြံ ပေးတွေ ရွေးထုတ်ပြောပြထားတဲ့ အိမ်ကနေအပိုဝင်ငွေရှာနည်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Freelance လုပ်ခြင်း
အိမ်ကနေအပိုဝင်ငွေရှာဖို့ ပေါ်ပြူလာအဖြစ်ဆုံးနဲ့တကယ်လည်းအဆင်ပြေစေတဲ့နည်းလမ်းကတော့ Freelance လုပ်တာပဲဖြစ်ပါတယ်။ Content Writer အလုပ်၊ Graphic Designer ၊ Social Media Management စတဲ့အလုပ်မျိုးတွေက အိမ်ကနေ Freelance အနေနဲ့လုပ်ကိုင်လို့ရသလိုဝင်ငွေလည်းအတော်အသင့်ကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် အပိုဝင်ငွေရှာဖို့အတွက်ဆိုရင်အိမ်ကနေထိုင်လုပ်လို့ရမယ့်ပညာရပ်တစ်ခုခုကို တတ်မြောက်အောင်သင်ထားနိုင်ပါတယ်။

နေရာငှားစားခြင်း
နိုင်ငံတကာမှာလည်းအသုံးချနေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ နေရာနဲ့အခန်းငှားစားခြင်းပါပဲ။ကိုယ့်မှာပိုင်ဆိုင်တဲ့နေရာလေးတစ်ခုခုရှိတယ်ဆိုရင် ဒါကိုပြင်ဆင်ပြီးငှားစားတာကအပိုဝင်ငွေအတွက်နည်းလမ်းကောင်းတစ်ခုပါ။ အခန်းမရှိရင်တောင်မြေနေရာလေးတစ်ခုခုရှိတယ်ဆိုရင် ဂိုထောင်လုပ်ဖို့ငှားစားတာ၊ ဆိုင်ခန်းသေးလေးဆောက်ပြီးငှားစားတာမျိုးလုပ်နိုင်ပါတယ်။

Handmade ပစ္စည်းများရောင်းချခြင်း
ဒီအချက်ကတော့ လူငယ်တော်တော်များများလုပ်နေကြတဲ့ နည်းလမ်းလေးပါ။လက်မှုပစ္စည်းလေးတွေကို ဖန်တီးမှုကောင်းကောင်း သပ် သပ်ရပ်ရပ်နဲ့ရောင်းချနိုင်ရင်အပိုဝင်ငွေအမှန်အကန်ရရှိလာမှာပဲဖြစ်ပါတယ်။ သူများနဲ့မတူတဲ့ Ideas လေးတွေသုံးနိုင်ဖို့တော့လိုပါတယ်။

အွန်လိုင်းသင်တန်းဖွင့်ခြင်း
အင်တာနက်ခေတ်ကြီးမှာ ကိုယ်တတ်ကျွမ်းတဲ့အရာတစ်ခုခုကို Online ကနေသင်ကြားပေးခြင်းနဲ့လည်းဝင်ငွေရှာနိုင်ပါတယ်။ ကလေးငယ်တွေအတွက် ပန်းချီ၊ အရုပ်ခေါက်နည်းစတဲ့သင်တန်းတွေပဲဖွင့်မလား၊ ကိုယ်တတ်ကျွမ်းတဲ့ဘာသာစကားတစ်ခုခုကိုပဲပြန်သင်မလား၊ English Speaking သင်မလားစသဖြင့် လုပ်ကိုင်စရာတွေအများကြီးရှိနေပါပြီ။

Digital Products တွေရောင်းချခြင်း
E books တွေ ဒါမှမဟုတ် ကိုယ်ဖန်တီးထားတဲ့ Digital Art တွေကိုရောင်းခြင်းနဲ့လည်းအပိုဝင်ငွေရှာနိုင်ပါတယ်။ တချို့နိုင်ငံတွေမှာက လေးပုံပြင်စာအုပ်တွေကိုကိုယ်တိုင်ရေးဆွဲပြီးရောင်းကြသလို ဝတ္ထုတိုလေးတွေ၊ ကာတွန်းလေးတွေကိုယ်တိုင်ဖန်တီးပြီးတော့လည်း ရောင်းချကြပါတယ်။ ဒါပေမဲ့ ဖန်တီးနိုင်တဲ့ပညာနဲ့စိတ်ကူးစိတ်သန်းကတော့ရှိဖို့လိုပါတယ်။

အစားအသောက်ရောင်းချခြင်း
ကိုယ်က အရသာရှိတဲ့မုန့်တွေ၊ အစားအသောက်တွေဖန်တီးတတ်တယ်ဆိုရင် ဒါကိုသေချာလေးရောင်းတန်းဝင်အောင်ဖန်တီးပြီးရောင်းချနိုင်ပါတယ်။ ကိုယ့်လက်ရာကောင်းရင်ကောင်းသလို၊သပ်ရပ်ရင်သပ်ရပ်သလို ရောင်းကောင်းနေမှာပဲဖြစ်ပါတယ်။ဒါတွေက နိုင်ငံတကာကပညာရှင်တွေညွှန်းထားတဲ့ အပိုဝင်ငွေရှာနည်းလေးတွေဖြစ်ပါတယ်။ကိုယ့်နိုင်ငံမှာလည်း အသုံးချလို့ရတဲ့အရာလေးတွေမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Ju Ju

zawgyi

ဝန္ထမ္းလုပ္ေနသူေတြအဖို႔ ကိုယ့္လစာအျပင္ အပိုဝင္ေငြေလးေတြပါရွာခ်င္ၾကတာကသဘာဝပါ။အပိုဝင္ေငြရွိတဲ့အခါ ကိုယ့္စိတ္ေပ်ာ္႐ႊင္မယ့္အရာေတြကို မ်ားမ်ားလုပ္ႏိုင္လာမယ္၊လိုခ်င္တာေလးေတြဝယ္ႏိုင္မယ္၊ သြားခ်င္တဲ့ခရီးသြားႏိုင္မယ္။ အဲဒီလိုဆိုရင္ဘဝကပိုၿပီးအ သက္ဝင္လာမွာျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္းဘယ္သူမဆို အပိုဝင္ေငြရွာခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္လည္း ႏိုင္ငံတကာက Career အႀကံ ေပးေတြ ေ႐ြးထုတ္ေျပာျပထားတဲ့ အိမ္ကေနအပိုဝင္ေငြရွာနည္းေလးေတြကိုမွ်ေဝေပးလိုက္ပါတယ္။

Freelance လုပ္ျခင္း
အိမ္ကေနအပိုဝင္ေငြရွာဖို႔ ေပၚျပဴလာအျဖစ္ဆုံးနဲ႔တကယ္လည္းအဆင္ေျပေစတဲ့နည္းလမ္းကေတာ့ Freelance လုပ္တာပဲျဖစ္ပါတယ္။ Content Writer အလုပ္၊ Graphic Designer ၊ Social Media Management စတဲ့အလုပ္မ်ိဳးေတြက အိမ္ကေန Freelance အေနနဲ႔လုပ္ကိုင္လို႔ရသလိုဝင္ေငြလည္းအေတာ္အသင့္ေကာင္းတယ္လို႔ဆိုႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အပိုဝင္ေငြရွာဖို႔အတြက္ဆိုရင္အိမ္ကေနထိုင္လုပ္လို႔ရမယ့္ပညာရပ္တစ္ခုခုကို တတ္ေျမာက္ေအာင္သင္ထားႏိုင္ပါတယ္။

ေနရာငွားစားျခင္း
ႏိုင္ငံတကာမွာလည္းအသုံးခ်ေနတဲ့ ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ ေနရာနဲ႔အခန္းငွားစားျခင္းပါပဲ။ကိုယ့္မွာပိုင္ဆိုင္တဲ့ေနရာေလးတစ္ခုခုရွိတယ္ဆိုရင္ ဒါကိုျပင္ဆင္ၿပီးငွားစားတာကအပိုဝင္ေငြအတြက္နည္းလမ္းေကာင္းတစ္ခုပါ။ အခန္းမရွိရင္ေတာင္ေျမေနရာေလးတစ္ခုခုရွိတယ္ဆိုရင္ ဂိုေထာင္လုပ္ဖို႔ငွားစားတာ၊ ဆိုင္ခန္းေသးေလးေဆာက္ၿပီးငွားစားတာမ်ိဳးလုပ္ႏိုင္ပါတယ္။

Handmade ပစၥည္းမ်ားေရာင္းခ်ျခင္း
ဒီအခ်က္ကေတာ့ လူငယ္ေတာ္ေတာ္မ်ားမ်ားလုပ္ေနၾကတဲ့ နည္းလမ္းေလးပါ။လက္မႈပစၥည္းေလးေတြကို ဖန္တီးမႈေကာင္းေကာင္း သပ္ သပ္ရပ္ရပ္နဲ႔ေရာင္းခ်ႏိုင္ရင္အပိုဝင္ေငြအမွန္အကန္ရရွိလာမွာပဲျဖစ္ပါတယ္။ သူမ်ားနဲ႔မတူတဲ့ Ideas ေလးေတြသုံးႏိုင္ဖို႔ေတာ့လိုပါတယ္။

အြန္လိုင္းသင္တန္းဖြင့္ျခင္း
အင္တာနက္ေခတ္ႀကီးမွာ ကိုယ္တတ္ကြၽမ္းတဲ့အရာတစ္ခုခုကို Online ကေနသင္ၾကားေပးျခင္းနဲ႔လည္းဝင္ေငြရွာႏိုင္ပါတယ္။ ကေလးငယ္ေတြအတြက္ ပန္းခ်ီ၊ အ႐ုပ္ေခါက္နည္းစတဲ့သင္တန္းေတြပဲဖြင့္မလား၊ ကိုယ္တတ္ကြၽမ္းတဲ့ဘာသာစကားတစ္ခုခုကိုပဲျပန္သင္မလား၊ English Speaking သင္မလားစသျဖင့္ လုပ္ကိုင္စရာေတြအမ်ားႀကီးရွိေနပါၿပီ။

Digital Products ေတြေရာင္းခ်ျခင္း
E books ေတြ ဒါမွမဟုတ္ ကိုယ္ဖန္တီးထားတဲ့ Digital Art ေတြကိုေရာင္းျခင္းနဲ႔လည္းအပိုဝင္ေငြရွာႏိုင္ပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာက ေလးပုံျပင္စာအုပ္ေတြကိုကိုယ္တိုင္ေရးဆြဲၿပီးေရာင္းၾကသလို ဝတၳဳတိုေလးေတြ၊ ကာတြန္းေလးေတြကိုယ္တိုင္ဖန္တီးၿပီးေတာ့လည္း ေရာင္းခ်ၾကပါတယ္။ ဒါေပမဲ့ ဖန္တီးႏိုင္တဲ့ပညာနဲ႔စိတ္ကူးစိတ္သန္းကေတာ့ရွိဖို႔လိုပါတယ္။

အစားအေသာက္ေရာင္းခ်ျခင္း
ကိုယ္က အရသာရွိတဲ့မုန႔္ေတြ၊ အစားအေသာက္ေတြဖန္တီးတတ္တယ္ဆိုရင္ ဒါကိုေသခ်ာေလးေရာင္းတန္းဝင္ေအာင္ဖန္တီးၿပီးေရာင္းခ်ႏိုင္ပါတယ္။ ကိုယ့္လက္ရာေကာင္းရင္ေကာင္းသလို၊သပ္ရပ္ရင္သပ္ရပ္သလို ေရာင္းေကာင္းေနမွာပဲျဖစ္ပါတယ္။ဒါေတြက ႏိုင္ငံတကာကပညာရွင္ေတြၫႊန္းထားတဲ့ အပိုဝင္ေငြရွာနည္းေလးေတြျဖစ္ပါတယ္။ကိုယ့္ႏိုင္ငံမွာလည္း အသုံးခ်လို႔ရတဲ့အရာေလးေတြမို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*