ချန်ဂင်ရဲ့ဇာတ်လမ်းတွဲသစ်က နန်းတွင်းရတနာနဲ့မသက်ဆိုင်ပါ

ချန်ဂင်လို့လူသိများတဲ့ မင်းသမီးလီယောင်အေးရဲ့နောက်ထပ်ရိုက်ကူးမယ့်ဇာတ်လမ်းတွဲသစ်ဟာ Jewel In The Palace(နန်းတွင်းရတ နာ)ဇာတ်လမ်းတွဲနဲ့မသက်ဆိုင်ဘူးလို့ MBC ကထုတ်ပြန်ထားပါတယ်။ MBC ကအသစ်ထုတ်လုပ်မယ့် သမိုင်းဝင်ဒရာမာ Uinyeo Dae Jang Geum ဟာ Jewel In The Palace နဲ့နာမည်ဆင်တူနေတဲ့အပြင် ချန်ဂင်ပါဝင်တာမို့ Jewel In The Palace ရဲ့အဆက်ဖြစ်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Uinyeo Dae Jang Geum ဟာ အမျိုးသမီးသမားတော်ဖြစ်လာခဲ့တဲ့ Jang Geum ရဲ့အကြောင်းကိုအသေးစိတ်ရိုက်ကူးတင်ဆက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ Jewel In The Palace ရဲ့ မူလဇာတ်ညွှန်းရေးသူကလည်း Uinyeo Dae Jang Geum မှာမပါဝင်ကြောင်းမီဒီယာတွေကို ဖြေကြားခဲ့တာတွေ့ရပါတယ်။ထိုဇာတ်လမ်းတွဲကို ယခုနှစ်အောက်တိုဘာလမှာစတင်ရိုက်ကူးမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*