Flowers သီချင်းနဲ့ ပထမဆုံးအကြိမ်ဂရမ်မီဆုတွေပိုင်ဆိုင်သွားတဲ့မိုင်လေဆိုင်းရပ်စ်

မိုင်လေဆိုင်းရပ်စ်ရဲ့ Flowers သီချင်းကတော့ 2023 ခုနစ်တစ်နှစ်လုံး ပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်အဝရရှိခဲ့ပြီး ဒီနှစ်မှာတော့အနု ပညာမှတ်တိုင်တစ်ခုကိုပါစိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ဖေဖော်ဝါရီလ 5 ရက်နေ့ကပြုလုပ်ခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ မိုင်လေဆိုင်းရပ်စ်ရဲ့ Flowers သီချင်းက Record of The Year နဲ့ Best Pop Solo Performance ဆုတွေကိုပိုင်ဆိုင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။သူမက “ဒီဆုကတကယ့်ကိုအံ့မခန်းပါပဲ။ ဒါပေမဲ့ကျွန်မရဲ့ဘဝက မနေ့ကလည်းလှပနေခဲ့တာကြောင့်ဘာမှတော့ပြောင်းလဲမသွားဘူးလို့မျှော်လင့်ပါတယ်။ ကမ္ဘာပေါ်ကလူတိုင်းက ဂရမ်မီဆုကိုမရနိုင်ပေမယ့်သူတို့ဟာလည်းအံ့မခန်းလူသားတွေပါပဲ။

ဒါ့ကြောင့်ဒီဆုကအရမ်းကိုအရေးကြီးတယ်လို့ယူဆဖို့မလိုပါဘူးနော်။ ဟုတ်တယ်မဟုတ်လား”လို့စင်ပေါ်မှာပြောခဲ့ပါသေးတယ်။ ဒါအပြင်သူမက မိသားစုတွေ၊ သူမရဲ့အဖွဲ့သားတွေနဲ့စင်ပေါ်မှာရှိနေတဲ့လူအားလုံးကို ကျေးဇူးတင်စကားပြောခဲ့ပြီး “ကျွန်မဘယ်သူ့ကိုမှကျေးဇူး တင်ဖို့မမေ့ခဲ့ဘူးလို့ထင်ပါတယ်နော်။ ဒါပေမဲ့ ကျွန်မအတွင်းခံဝတ်ဖို့တော့မေ့လာခဲ့ပါတယ်။ ဒါပါပဲ ဘိုင့်”လို့ပြောပြီး စင်ပေါ်ကနေဆင်းသွားခဲ့တာဖြစ်ပါတယ်။ဂရမ်မီဆုပေးပွဲကိုတက်ရောက်လာတဲ့ သူမရဲ့ရွှေရောင်ပွဲတက်ဝတ်စုံကလည်း ထူးခြားတယ်လို့ပြောစမှတ်တွင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဝတ်စုံမှာရွှေရောင်အပ်ချိတ် 14000 ကျော်ပါဝင်နေလို့ဖြစ်ပါတယ်။

Ju Ju

zawgyi

မိုင္ေလဆိုင္းရပ္စ္ရဲ႕ Flowers သီခ်င္းကေတာ့ 2023 ခုနစ္တစ္ႏွစ္လုံး ပရိသတ္ေတြရဲ႕အားေပးမႈကိုအျပည့္အဝရရွိခဲ့ၿပီး ဒီႏွစ္မွာေတာ့အႏု ပညာမွတ္တိုင္တစ္ခုကိုပါစိုက္ထူႏိုင္ခဲ့တာျဖစ္ပါတယ္။ေဖေဖာ္ဝါရီလ 5 ရက္ေန႔ကျပဳလုပ္ခဲ့တဲ့ ဂရမ္မီဆုေပးပြဲမွာ မိုင္ေလဆိုင္းရပ္စ္ရဲ႕ Flowers သီခ်င္းက Record of The Year နဲ႔ Best Pop Solo Performance ဆုေတြကိုပိုင္ဆိုင္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။သူမက “ဒီဆုကတကယ့္ကိုအံ့မခန္းပါပဲ။ ဒါေပမဲ့ကြၽန္မရဲ႕ဘဝက မေန႔ကလည္းလွပေနခဲ့တာေၾကာင့္ဘာမွေတာ့ေျပာင္းလဲမသြားဘူးလို႔ေမွ်ာ္လင့္ပါတယ္။ ကမာၻေပၚကလူတိုင္းက ဂရမ္မီဆုကိုမရႏိုင္ေပမယ့္သူတို႔ဟာလည္းအံ့မခန္းလူသားေတြပါပဲ။

ဒါ့ေၾကာင့္ဒီဆုကအရမ္းကိုအေရးႀကီးတယ္လို႔ယူဆဖို႔မလိုပါဘူးေနာ္။ ဟုတ္တယ္မဟုတ္လား”လို႔စင္ေပၚမွာေျပာခဲ့ပါေသးတယ္။ ဒါအျပင္သူမက မိသားစုေတြ၊ သူမရဲ႕အဖြဲ႕သားေတြနဲ႔စင္ေပၚမွာရွိေနတဲ့လူအားလုံးကို ေက်းဇူးတင္စကားေျပာခဲ့ၿပီး “ကြၽန္မဘယ္သူ႔ကိုမွေက်းဇူး တင္ဖို႔မေမ့ခဲ့ဘူးလို႔ထင္ပါတယ္ေနာ္။ ဒါေပမဲ့ ကြၽန္မအတြင္းခံဝတ္ဖို႔ေတာ့ေမ့လာခဲ့ပါတယ္။ ဒါပါပဲ ဘိုင့္”လို႔ေျပာၿပီး စင္ေပၚကေနဆင္းသြားခဲ့တာျဖစ္ပါတယ္။ဂရမ္မီဆုေပးပြဲကိုတက္ေရာက္လာတဲ့ သူမရဲ႕ေ႐ႊေရာင္ပြဲတက္ဝတ္စုံကလည္း ထူးျခားတယ္လို႔ေျပာစမွတ္တြင္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူမရဲ႕ဝတ္စုံမွာေ႐ႊေရာင္အပ္ခ်ိတ္ 14000 ေက်ာ္ပါဝင္ေနလို႔ျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*