လျှို့ဝှက်သည်းဖို Girl Love ဇာတ်လမ်းတွဲတစ်ခုမှာခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်မယ့် Hyeri

Reply 1988 ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့ Hyeri ကိုကျောင်းဝတ်စုံနဲ့ထပ်မံမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ သူမဟာ Friendly Competition လို့ခေါ်တဲ့ဇာတ်လမ်းတွဲမှာခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်မှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ Friendly Competition ဟာနာမည်ကြီး Webtoon ကိုပြန်လည်ရိုက်ကူးတာဖြစ်ပြီးဖခင်ဖြစ်သူရုတ်တရက်ဆုံးပါးသွားတဲ့နောက်မှာ ဆိုးလ်မြို့မှာရှိတဲ့အထက်တန်းလွှာတို့ရဲ့အထက်တန်းကျောင်းကိုရောက်ရှိသွားရတဲ့ ကောင်မလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲဟာ ထိတ်လန့်စရာလျှို့ဝှက်သည်းဖိုဇာတ်လမ်းအမျိုးအစားဖြစ်ပြီးမိန်းကလေးချင်းအချစ် Girl Love ကိုလည်းဖော်ကျူးထားတယ်လို့သိရပါတယ်။

Hyeri ဟာဒီဇာတ်လမ်းတွဲမှာ အလှအပဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေနဲ့မကိုက်ညီပေမယ့် IQမြင့်ပြီးထူးခြားတဲ့အရည်အချင်းတွေရှိတဲ့ဇာတ်ကောင် Yoo Jae Yee အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ ဆေးစွဲခြင်း၊ မိမိကိုယ်ကိုထိခိုက်အောင်ပြုလုပ်ခြင်း၊
တစ်ကိုယ်ရည်အာသာဖြေခြင်းစတဲ့ ဆယ်ကျော်သက်အရွယ်တွေအတွက်ကြည့်ဖို့မသင့်တော်တဲ့ဇာတ်ကွက်တွေပါဝင်မှာမို့ 19+ အဖြစ်သတ်မှတ်ပြီး ပြသမှာဖြစ်ပါတယ်။ Hyeri ရဲ့အနုပညာလှုပ်ရှားမှုအနေနဲ့ သူမပါဝင်ထားတဲ့ Victory ဇာတ်ကားထွက်ရှိလာဦးမယ့်အပြင် Tropical Night မှာလည်းပါဝင်ထားပါသေးတယ်။

Ju Ju

zawgyi

Reply 1988 ဇာတ္လမ္းတြဲနဲ႔ ျမန္မာပရိသတ္ေတြရဲ႕အခ်စ္ကိုရရွိထားတဲ့ Hyeri ကိုေက်ာင္းဝတ္စုံနဲ႔ထပ္မံျမင္ေတြ႕ရေတာ့မွာပဲျဖစ္ပါတယ္။ သူမဟာ Friendly Competition လို႔ေခၚတဲ့ဇာတ္လမ္းတြဲမွာေခါင္းေဆာင္မင္းသမီးအေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္မွာျဖစ္ေၾကာင္း အတည္ျပဳလိုက္ပါတယ္။ Friendly Competition ဟာနာမည္ႀကီး Webtoon ကိုျပန္လည္႐ိုက္ကူးတာျဖစ္ၿပီးဖခင္ျဖစ္သူ႐ုတ္တရက္ဆုံးပါးသြားတဲ့ေနာက္မွာ ဆိုးလ္ၿမိဳ႕မွာရွိတဲ့အထက္တန္းလႊာတို႔ရဲ႕အထက္တန္းေက်ာင္းကိုေရာက္ရွိသြားရတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္းျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲဟာ ထိတ္လန႔္စရာလွ်ိဳ႕ဝွက္သည္းဖိုဇာတ္လမ္းအမ်ိဳးအစားျဖစ္ၿပီးမိန္းကေလးခ်င္းအခ်စ္ Girl Love ကိုလည္းေဖာ္က်ဴးထားတယ္လို႔သိရပါတယ္။

Hyeri ဟာဒီဇာတ္လမ္းတြဲမွာ အလွအပဆိုင္ရာစံႏႈန္းသတ္မွတ္ခ်က္ေတြနဲ႔မကိုက္ညီေပမယ့္ IQျမင့္ၿပီးထူးျခားတဲ့အရည္အခ်င္းေတြရွိတဲ့ဇာတ္ေကာင္ Yoo Jae Yee အျဖစ္သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲမွာ ေဆးစြဲျခင္း၊ မိမိကိုယ္ကိုထိခိုက္ေအာင္ျပဳလုပ္ျခင္း၊
တစ္ကိုယ္ရည္အာသာေျဖျခင္းစတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ေတြအတြက္ၾကည့္ဖို႔မသင့္ေတာ္တဲ့ဇာတ္ကြက္ေတြပါဝင္မွာမို႔ 19+ အျဖစ္သတ္မွတ္ၿပီး ျပသမွာျဖစ္ပါတယ္။ Hyeri ရဲ႕အႏုပညာလႈပ္ရွားမႈအေနနဲ႔ သူမပါဝင္ထားတဲ့ Victory ဇာတ္ကားထြက္ရွိလာဦးမယ့္အျပင္ Tropical Night မွာလည္းပါဝင္ထားပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*