IU ရဲ့အယ်လ်ဘမ်အသစ်မှာ Hyein (NewJeans) ပါဝင်သီဆိုမည်

IU အနေနဲ့သူမရဲ့ 6 ချပ်မြောက်မီနီအယ်လ်ဘမ်ဖြစ်တဲ့ The Winning မှာပါဝင်မယ့်သီချင်းတွေအကြောင်းကို သူမရဲ့ Official Channel တွေကနေထုတ်ပြန်ထားပြီဖြစ်ပါတယ်။သီချင်းခေါင်းစဥ်တွေက Shopper ၊ Holecene ၊ Shh ၊ Love Wins All နဲ့ I Stan U တို့ဖြစ်ကြပြီး IU အနေနဲ့ဒီအယ်လ်ဘမ်အတွက် သီချင်းရေးတဲ့အပိုင်းရော၊ ထုတ်လုပ်မှုအပိုင်းကိုပါအများကြီးအားစိုက်ထားတယ်လို့ဆိုပါတယ်။

သီချင်းစာသားအားလုံးကိုသူမကိုယ်တိုင်ရေးသားထားတာဖြစ်ပြီးနာမည်ကြီးတေးရေးတွေနဲ့လည်း Collaboration လုပ်ကာဖန်တီးထားတာတွေ့ရပါတယ်။ Shh သီချင်းမှာတော့ သူမနဲ့အတူ NewJeans မှ Hyein ကပူးတွဲသီဆိုထားတာတွေ့ရပါတယ်။IU ရဲ့ The Winning အယ်လ်ဘမ်ကို ဖေဖော်ဝါရီ 20 ရက်နေ့မှာ Music Site မျိုးစုံကနေတစ်ပြိုင်တည်းဖြန့်ချိမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*