Sia ရဲ့ Album အသစ်ထွက်ရှိတော့မယ်

Sia အနေနဲ့ Album အသစ်မထုတ်ခဲ့တာ ၈ နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ဖေဖော်ဝါရီလ ၆ ရက်နေ့မှာတော့ Reasonable Woman လို့အမည်ရတဲ့ Album အသစ်ကိုထုတ်ဝေမယ့်အကြောင်း သတင်းထုတ်ပြန်လာခဲ့ပါတယ်။ သူမရဲ့ဒီ Album အသစ်ကိုမေလ ၃ ရက်နေ့မှာဖြန့်ချိမှာဖြစ်ပြီး သီချင်းအပုဒ်ရေ ၁၅ ပုဒ်ပါဝင်မှာဖြစ်ပါတယ်။သူမအနေနဲ့ ဂရမ်မီဆုရှင်ပေါ့ပ်ဘုရင်မတစ်ဦးလည်းဖြစ်တဲ့ Kylie Minogue နဲ့အတူ Dance Alone ဆိုတဲ့သီချင်းသစ်ကိုသီဆိုသွားမယ်လို့လည်း သိရပါတယ်။

Kylie Minogue နဲ့သူမဟာ ၂၀၁၄ ခုနစ်က နာမည်တူအယ်လ်ဘမ် Kiss Me Once ရေးသားဖို့အတွက်လည်းပူးပေါင်းဖန်တီးခဲ့ဖူးပါတယ်။ ယခုတစ်ကြိမ်ပေါင်းစည်းမှုကတော့ဩစတေးလျပေါပ့်ကြယ်ပွင့်နှစ်ဦးရဲ့ ဆယ်စုနှစ်တစ်ခုအတွင်းဒုတိယအကြိမ်ပေါင်းစည်းမှုလို့ဆိုရမှာပါ။ Sia ရဲ့အသစ်ထွက်ရှိလာမယ့် Album ထဲမှာ Chaka Khan ၊ Labyrinth ၊ Tierra Whack ၊ Kaliii ၊ Jimmy Jolliff အပြင် Paris Hilton ပါ ပါဝင်သီဆိုသွားမယ်လို့သိရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*