Billboard Hot 100 မှာနံပါတ် ၁ ချိတ်နေတဲ့ Megan Thee Stallion ရဲ့ Hiss

Megan Thee Stallion ရဲ့ သီချင်းသစ် Hiss ဟာ ဒီတစ်ပတ်မှာတော့ Billboard Hot 100 ရဲ့နံပါတ် ၁ နေရာကိုရယူထားလိုက်ပြီဖြစ်ပါတယ်။ Luminate ရဲ့အဆိုအရ Hiss ဟာပထမဆုံးပွဲဦးထွက်မှာတင်နားဆင်သူ 29.2 သန်းရှိခဲ့ပြီးရေဒီယိုကနေထုတ်လွှင့်မှု 2.9 သန်းရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီသီချင်းကို Download လုပ်ပြီးဝယ်ယူတဲ့အကြိမ်ရေကတစ်ပတ်အတွင်းမှာတင် တစ်သိန်းလေးထောင်ကျော်ရှိခဲ့တာဖြစ်ပါတယ်။

Hiss ဟာ Streaming Songs နဲ့ Digital Song Sales ဇယားတွေရဲ့ထိပ်ဆုံးမှာအခိုင်အမာရပ်တည်နေပြီးဒါဟာ Megan Thee Stallion ရဲ့ Savage ၊ WAP နဲ့ Body သီချင်းတွေပြီးရင် နံပါတ် ၁ နေရာကိုရောက်ရှိလာတဲ့ နောက်ထပ်သီချင်းတစ်ပုဒ်လို့ဆိုရမှာပါ။ Megan Thee Stallion ဟာ အသက် 28 နှစ်ရှိပြီဖြစ်ပြီး ဂီတသက်တမ်း 8 နှစ်ရှိပြီဖြစ်ပါတယ်။ သူမဟာ Hot Girl Productions ကိုတည်ထောင်ထားပြီး 2024 ခုနစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ဖြန့်ချိရေးအတွက် Warner Music Group(WMG) နဲ့စာချုပ်ချုပ်ဆိုလိုက်ပြီလို့သိရပါတယ်။

Ju Ju

zawgyi

Megan Thee Stallion ရဲ႕ သီခ်င္းသစ္ Hiss ဟာ ဒီတစ္ပတ္မွာေတာ့ Billboard Hot 100 ရဲ႕နံပါတ္ ၁ ေနရာကိုရယူထားလိုက္ၿပီျဖစ္ပါတယ္။ Luminate ရဲ႕အဆိုအရ Hiss ဟာပထမဆုံးပြဲဦးထြက္မွာတင္နားဆင္သူ 29.2 သန္းရွိခဲ့ၿပီးေရဒီယိုကေနထုတ္လႊင့္မႈ 2.9 သန္းရွိခဲ့တယ္လို႔ဆိုပါတယ္။ ဒီသီခ်င္းကို Download လုပ္ၿပီးဝယ္ယူတဲ့အႀကိမ္ေရကတစ္ပတ္အတြင္းမွာတင္ တစ္သိန္းေလးေထာင္ေက်ာ္ရွိခဲ့တာျဖစ္ပါတယ္။

Hiss ဟာ Streaming Songs နဲ႔ Digital Song Sales ဇယားေတြရဲ႕ထိပ္ဆုံးမွာအခိုင္အမာရပ္တည္ေနၿပီးဒါဟာ Megan Thee Stallion ရဲ႕ Savage ၊ WAP နဲ႔ Body သီခ်င္းေတြၿပီးရင္ နံပါတ္ ၁ ေနရာကိုေရာက္ရွိလာတဲ့ ေနာက္ထပ္သီခ်င္းတစ္ပုဒ္လို႔ဆိုရမွာပါ။ Megan Thee Stallion ဟာ အသက္ 28 ႏွစ္ရွိၿပီျဖစ္ၿပီး ဂီတသက္တမ္း 8 ႏွစ္ရွိၿပီျဖစ္ပါတယ္။ သူမဟာ Hot Girl Productions ကိုတည္ေထာင္ထားၿပီး 2024 ခုနစ္၊ ေဖေဖာ္ဝါရီ ၂ ရက္ေန႔မွာေတာ့ျဖန႔္ခ်ိေရးအတြက္ Warner Music Group(WMG) နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီလို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*