အရည်အချင်းပြည့်မီပေမယ့် အလုပ်မရတာဘာ့ကြောင့်လဲ

အလုပ်ရှာတဲ့သူတွေအနေနဲ့ တစ်ခါတလေမှာကိုယ့်အရည်အချင်းနဲ့ကွက်တိကိုက်ညီပြီးလွယ်လွယ်လေးရမယ်လို့ထင်ထားတဲ့အလုပ်တွေကို မရတာမျိုးကြုံဖူးကြမှာပါ။ကိုယ်ကလိုအပ်တဲ့အရည်အချင်းနဲ့ အတွေ့အကြုံတွေပြည့်မီနေပါရက်နဲ့ အလုပ်မရတာဘာ့ကြောင့်လဲ၊ဒီလို အလုပ်မရတိုင်း ကိုယ်ညံ့လို့လားဆိုပြီးတွေးမိတတ်သူတွေအတွက်သိထားသင့်တာလေးတွေကိုမျှဝေချင်ပါတယ်။ တကယ်တော့အလုပ်မရတိုင်းကိုယ်ညံ့နေလို့မဟုတ်ပါဘူး၊ ကိုယ်ကပိုတော်နေလို့မရတာမျိုးလည်းဖြစ်နိုင်ပါတယ်နော်။

တစ်ခုခုလွဲချော်နေလို့
အလုပ်ကလိုတဲ့လိုအပ်ချက်နဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေက ကိုက်ညီနေနိုင်ပေမယ့်မကိုက်ညီနိုင်တာက လုပ်ခလစာဖြစ်နိုင်ပါတယ်။ ကိုယ်ဖော်ပြထားတဲ့လစာဟာသူတို့ပေးနိုင်တဲ့ပမာဏထက်များနေရင်လည်း ပယ်ချခံရနိုင်ပါတယ်။ နောက်တစ်ချက်က Software ပါ။တစ်ခါတလေ CV တွေရွေးထုတ်တဲ့ Software ကြောင့်လည်း ကိုယ့် CV ကကျန်နေခဲ့တာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ့် CV ဒါမှမဟုတ် Resume မှာဖော်ပြထားတဲ့ Keywords တွေကမပြည့်စုံခဲ့ရင် Applicant Tracking Software လိုမျိုးနဲ့ရွေးတဲ့အခါမှာ ကျန်ခဲ့နိုင်တာဖြစ်ပါတယ်။

ကိုယ့်အရည်အချင်းကသာလွန်နေလို့
တစ်ခါတလေမှာ အလုပ်ရှင်တွေကလစာအများကြီးမပေးနိုင်တာမို့သာမန်အရည်အချင်းရှိသူလောက်ကိုပဲ လစာနည်းနည်းနဲ့ခန့်ထားချင်တာမျိုးရှိကြပါတယ်။ ကိုယ့်ရဲ့အရည်အချင်းနဲ့အတွေ့အကြုံတွေက လုပ်ငန်းခွင်အတွက်လိုအပ်တာထက်ပိုမိုသာလွန်နေရင်လည်းအလုပ်မရတတ်ပါဘူး။ Overqualified ဖြစ်ခြင်းကလည်းအလုပ်မရခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်နေနိုင်ပါတယ်။

ကိုယ်မထိန်းချုပ်နိုင်တဲ့အခြေအနေ
တချို့သောကုမ္ပဏီတွေက ကုမ္ပဏီအတွင်းမှာတင်နောက်ဆုံးမိနစ်မှ အခြေအနေတွေပြောင်းသွားတာမျိုးဖြစ်တတ်ကြပါတယ်။ ဌာနတစ်ခုကိုတိုးချဲ့ဖို့ဆုံးဖြတ်ထားပြီးလိုအပ်တဲ့ဝန်ထမ်းလစ်လပ်ဦးရေအများကြီးခေါ်ပြီးမှ အကြောင်းတစ်ခုခုကြောင့်ဝန်ထမ်းတစ်ယောက်လောက်ပဲခေါ်တာမျိုး၊ လုံးဝကိုမခေါ်တော့တာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ဒီလိုကုမ္ပဏီအတွင်းက မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် ကိုယ်တင်မကဘယ်သူမှအင်တာဗျူးအခေါ်မခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်နော်။

ကိုယ့်ထက်ပိုကံကောင်းသူရှိနေလို့
ကိုယ့်ဆီမှာရှိတဲ့အတွေ့အကြုံတွေက လက်ရှိလျှောက်ထားတဲ့အလုပ်အတွက်အသုံးဝင်တာမှန်ပေမယ့်ကိုယ့်ထက်ပိုပြီးအတွေ့အကြုံပိုင်းမှာကွက်တိကျသူရှိနေတတ်ပါတယ်။ ဒီလိုအခြေအနေမှာတော့အလုပ်အတွက်ပိုပြီးကိုက်ညီသူကိုရွေးချယ်ကြမှာပါ။အလုပ်ကနို့မှုန့်ရောင်း ချဖို့မန်နေဂျာခေါ်နေတယ်ဆိုပါစို့၊ကိုယ်ကအရောင်းမြှင့်တင်ရေးမန်နေဂျာလုပ်ဖူးတယ်၊ စျေးကွက်အားလုံးကိုလည်းနားလည်တယ်၊လုပ်နိုင်တယ်၊ ဒါပေမဲ့ရောင်းခဲ့ဖူးတာကဆေးဝါးပိုင်းဖြစ်နေတယ်။ နောက်တစ်ယောက်ကတော့ကလေးဖြည့်စွက်စာရောင်းဖူးသူဖြစ်နေတယ်။ အဲဒါဆိုရင်တော့ ကိုယ်မဟုတ်တဲ့နောက်တစ်ယောက်ကိုပဲအလုပ်ခန့်ကြမှာဖြစ်ပါတယ်။ဒါ့ကြောင့် အလုပ်မရတိုင်း ကိုယ်မတော်လို့၊ အ ရည်အချင်းမရှိလို့မဟုတ်ပါဘူး။အမျိုးမျိုးသောအခြေအနေတွေကြောင့် အလုပ်နဲ့လွဲချော်ရတာမျိုးဖြစ်တတ်ကြတာမို့အားလုံးကိုစိတ် ဓာတ်မကျဖို့ ပြောချင်ပါတယ်။

Ju Ju

zawgyi

အလုပ္ရွာတဲ့သူေတြအေနနဲ႔ တစ္ခါတေလမွာကိုယ့္အရည္အခ်င္းနဲ႔ကြက္တိကိုက္ညီၿပီးလြယ္လြယ္ေလးရမယ္လို႔ထင္ထားတဲ့အလုပ္ေတြကို မရတာမ်ိဳးႀကဳံဖူးၾကမွာပါ။ကိုယ္ကလိုအပ္တဲ့အရည္အခ်င္းနဲ႔ အေတြ႕အႀကဳံေတြျပည့္မီေနပါရက္နဲ႔ အလုပ္မရတာဘာ့ေၾကာင့္လဲ၊ဒီလို အလုပ္မရတိုင္း ကိုယ္ညံ့လို႔လားဆိုၿပီးေတြးမိတတ္သူေတြအတြက္သိထားသင့္တာေလးေတြကိုမွ်ေဝခ်င္ပါတယ္။ တကယ္ေတာ့အလုပ္မရတိုင္းကိုယ္ညံ့ေနလို႔မဟုတ္ပါဘူး၊ ကိုယ္ကပိုေတာ္ေနလို႔မရတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္ေနာ္။

တစ္ခုခုလြဲေခ်ာ္ေနလို႔
အလုပ္ကလိုတဲ့လိုအပ္ခ်က္နဲ႔ကိုယ့္ရဲ႕ကြၽမ္းက်င္မႈေတြ၊ အေတြ႕အႀကဳံေတြက ကိုက္ညီေနႏိုင္ေပမယ့္မကိုက္ညီႏိုင္တာက လုပ္ခလစာျဖစ္ႏိုင္ပါတယ္။ ကိုယ္ေဖာ္ျပထားတဲ့လစာဟာသူတို႔ေပးႏိုင္တဲ့ပမာဏထက္မ်ားေနရင္လည္း ပယ္ခ်ခံရႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က Software ပါ။တစ္ခါတေလ CV ေတြေ႐ြးထုတ္တဲ့ Software ေၾကာင့္လည္း ကိုယ့္ CV ကက်န္ေနခဲ့တာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ကိုယ့္ CV ဒါမွမဟုတ္ Resume မွာေဖာ္ျပထားတဲ့ Keywords ေတြကမျပည့္စုံခဲ့ရင္ Applicant Tracking Software လိုမ်ိဳးနဲ႔ေ႐ြးတဲ့အခါမွာ က်န္ခဲ့ႏိုင္တာျဖစ္ပါတယ္။

ကိုယ့္အရည္အခ်င္းကသာလြန္ေနလို႔
တစ္ခါတေလမွာ အလုပ္ရွင္ေတြကလစာအမ်ားႀကီးမေပးႏိုင္တာမို႔သာမန္အရည္အခ်င္းရွိသူေလာက္ကိုပဲ လစာနည္းနည္းနဲ႔ခန႔္ထားခ်င္တာမ်ိဳးရွိၾကပါတယ္။ ကိုယ့္ရဲ႕အရည္အခ်င္းနဲ႔အေတြ႕အႀကဳံေတြက လုပ္ငန္းခြင္အတြက္လိုအပ္တာထက္ပိုမိုသာလြန္ေနရင္လည္းအလုပ္မရတတ္ပါဘူး။ Overqualified ျဖစ္ျခင္းကလည္းအလုပ္မရျခင္းရဲ႕အေၾကာင္းရင္းတစ္ခုျဖစ္ေနႏိုင္ပါတယ္။

ကိုယ္မထိန္းခ်ဳပ္ႏိုင္တဲ့အေျခအေန
တခ်ိဳ႕ေသာကုမၸဏီေတြက ကုမၸဏီအတြင္းမွာတင္ေနာက္ဆုံးမိနစ္မွ အေျခအေနေတြေျပာင္းသြားတာမ်ိဳးျဖစ္တတ္ၾကပါတယ္။ ဌာနတစ္ခုကိုတိုးခ်ဲ႕ဖို႔ဆုံးျဖတ္ထားၿပီးလိုအပ္တဲ့ဝန္ထမ္းလစ္လပ္ဦးေရအမ်ားႀကီးေခၚၿပီးမွ အေၾကာင္းတစ္ခုခုေၾကာင့္ဝန္ထမ္းတစ္ေယာက္ေလာက္ပဲေခၚတာမ်ိဳး၊ လုံးဝကိုမေခၚေတာ့တာမ်ိဳးေတြလည္း ရွိတတ္ၾကပါတယ္။ဒီလိုကုမၸဏီအတြင္းက မတည္ၿငိမ္တဲ့အေျခအေနေတြေၾကာင့္ ကိုယ္တင္မကဘယ္သူမွအင္တာဗ်ဴးအေခၚမခံရတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္ေနာ္။

ကိုယ့္ထက္ပိုကံေကာင္းသူရွိေနလို႔
ကိုယ့္ဆီမွာရွိတဲ့အေတြ႕အႀကဳံေတြက လက္ရွိေလွ်ာက္ထားတဲ့အလုပ္အတြက္အသုံးဝင္တာမွန္ေပမယ့္ကိုယ့္ထက္ပိုၿပီးအေတြ႕အႀကဳံပိုင္းမွာကြက္တိက်သူရွိေနတတ္ပါတယ္။ ဒီလိုအေျခအေနမွာေတာ့အလုပ္အတြက္ပိုၿပီးကိုက္ညီသူကိုေ႐ြးခ်ယ္ၾကမွာပါ။အလုပ္ကႏို႔မႈန႔္ေရာင္း ခ်ဖို႔မန္ေနဂ်ာေခၚေနတယ္ဆိုပါစို႔၊ကိုယ္ကအေရာင္းျမႇင့္တင္ေရးမန္ေနဂ်ာလုပ္ဖူးတယ္၊ ေစ်းကြက္အားလုံးကိုလည္းနားလည္တယ္၊လုပ္ႏိုင္တယ္၊ ဒါေပမဲ့ေရာင္းခဲ့ဖူးတာကေဆးဝါးပိုင္းျဖစ္ေနတယ္။ ေနာက္တစ္ေယာက္ကေတာ့ကေလးျဖည့္စြက္စာေရာင္းဖူးသူျဖစ္ေနတယ္။ အဲဒါဆိုရင္ေတာ့ ကိုယ္မဟုတ္တဲ့ေနာက္တစ္ေယာက္ကိုပဲအလုပ္ခန႔္ၾကမွာျဖစ္ပါတယ္။ဒါ့ေၾကာင့္ အလုပ္မရတိုင္း ကိုယ္မေတာ္လို႔၊ အ ရည္အခ်င္းမရွိလို႔မဟုတ္ပါဘူး။အမ်ိဳးမ်ိဳးေသာအေျခအေနေတြေၾကာင့္ အလုပ္နဲ႔လြဲေခ်ာ္ရတာမ်ိဳးျဖစ္တတ္ၾကတာမို႔အားလုံးကိုစိတ္ ဓာတ္မက်ဖို႔ ေျပာခ်င္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*