ဇာတ်ကားသစ်မိတ်ဆက်ပွဲမှာအရာဝတ္ထုတစ်ခုနဲ့ ပစ်ပေါက်တာခံလိုက်ရတဲ့ ဖလောရင့်စ်ဖျူး
Oppenheimer ရဲ့သရုပ်ဆောင်မင်းသမီး ဖလောရင့်စ်ဖျူးတစ်ယောက် ဘရာဇီးနိုင်ငံမှာပြုလုပ်တဲ့ဇာတ်ကားသစ်မိတ်ဆက်ပွဲကိုတက်ရောက်ရင်း မျက်နှာကိုတစ်စုံတစ်ခုနဲ့ပစ်ပေါက်တာခံလိုက်ရပါတယ်။သူမဟာ ဘရာဇီးနိုင်ငံ၊ Sao Paolo မှာကျင်းပတဲ့ Dune: Part Two ရုပ်ရှင်ကားအခမ်းအနားကိုတွဲဖက်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Timothee Chalamat၊ Austin Butler ၊ Zendaya တို့နဲ့အတူတက်ရောက်ခဲ့တာပါ။ သရုပ်ဆောင်တွေစုပြီး ဓာတ်ပုံရိုက်ခံနေချိန်မှာသူမမျက်နှာကိုတစ်စုံတစ်ခုနဲ့ ပစ်ပေါက်ခံလိုက်ရတာဖြစ်ပါတယ်။ ဒီလိုပစ်ပေါက်ခံရတဲ့ဗီဒီယိုဟာလူမှုကွန်ရက်ပေါ်ပျံ့နှံ့လာခဲ့ပြီး ဗီဒီယိုထဲမှာတော့ […]