အလုပ်အကြောင်းအိပ်မက်ဆိုးတွေမမက်ရလေအောင်
တစ်နေကုန်အလုပ်လုပ်ရသူတွေ၊ စိတ်ဖိစီးမှုများတဲ့အလုပ် များသောအားဖြင့် Customer Complainတွေကိုဖြေရှင်းရတဲ့အလုပ်လုပ်ရသူတွေဟာ ညဘက်အိပ်ချိန်မှာပါ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာမျိုးဖြစ်လေ့ရှိပါတယ်။အလုပ်မှာဖြေရှင်းရမယ့်ကိစ္စတွေအကြောင်းအိပ် မက်ဆိုးတွေမက်တာ၊နောက်တစ်ရက်မှာလုပ်ရမယ့်အလုပ်တွေကို အိပ်မက်ထဲမှာကြိုလုပ်နေတာ၊ Customerကိုတောင်းပန်နေရတာစတဲ့ စတဲ့အိပ်မက်တွေကြောင့်ဦးနှောက်ကလည်းအနားမရ၊လူကလည်းအိပ်ရေးမဝ၊ စိတ်ကလည်းပင်ပန်းဖြစ်နေတတ်ပါတယ်။မအိပ်ခင်မှာ တစ်နေ့တာကြုံလာသမျှဖြစ်ရပ်တွေကိုရှင်းထုတ်တတ်တယ်ဆိုရင်ကိစ္စမရှိပေမယ့်တချို့တွေကအိပ်မက်ထဲထိသယ်ဆောင်လာပြီး ပင်ပန်းနေတတ်ပါတယ်။ ဒါကြောင့်အဲဒီလိုမဖြစ်ရလေအောင် အောက်မှာဖော်ပြတဲ့နည်းလမ်းတွေနဲ့အိပ်မက်ဆိုးတွေကိုကာဆီးထားနိုင်ပါတယ်။ သာယာတဲ့အိပ်ရာဝင်ချိန်လေးပုံမှန်ဖန်တီးပါ အိပ်ချင်လာမှအလုပ်ကွန်ပျူတာကိုပိတ်ပြီး ထိုးအိပ်လိုက်တာ၊မနက်ဖြန်လုပ်ရမယ့်အလုပ်တွေအကြောင်းတွေးပြီး အိပ်ချလိုက်တာက ကိုယ့်ကိုအလုပ်နဲ့ပတ်သက်တဲ့အိပ်မက်ဆိုးတွေဆီတွန်းပို့နေမှာပဲဖြစ်ပါတယ်။ဒါကြောင့် အိပ်ချိန်မှာ 15 မိနစ်လောက်အချိန်ပေးပြီး အခန်းကိုမီးလဲ့လဲ့လေးထွန်းတာ၊မွှေးရနံ့ဖယောင်းတိုင်ထွန်းတာ […]