ရက်သတ္တပတ်တစ်ခုမှာဘယ်ရက်တွေက အလုပ်အပြီးမြောက်ဆုံးလဲ
တချို့ရက်တွေမှာ အလုပ်တွေအများကြီးကို လွယ်လွယ်ကူကူပြီးစီးပြီးတော့တချို့ရက်တွေမှာကျတော့အလုပ်တွေပြီးဖို့ အားစိုက်ထုတ်နေရတာကိုအားလုံးပဲသတိထားမိကြမယ်ထင်ပါတယ်။ဒီလိုဖြစ်တာကကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အလုပ်လုပ်နေတဲ့သူတိုင်းလိုလိုပဲဒီလိုဖြစ်ကြပါတယ်။ လေ့လာသူတွေက ရက်သတ္တပတ်တစ်ခုမှာ ဘယ်ရက်တွေကအလုပ်အပြီးမြောက်ဆုံးလဲ၊ Productive အဖြစ်ဆုံးလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။အလုပ်တွေပြီးမြောက်စေဖို့၊ ကိုယ့်ရဲ့ Productivity ကိုမြှင့်တင်ဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာကိုလည်းတစ်ပါတည်းမျှဝေပေးချင်ပါတယ်။ လေ့လာမှုသုံးခုရဲ့အဆိုအရ တနင်္လာနဲ့အင်္ဂါနေ့တွေဟာ အလုပ်အပြီးမြောက်ဆုံးနေ့၊ Productive အဖြစ်ဆုံးနေ့တွေလို့ တူညီစွာပဲဖော်ပြကြပါတယ်။ အဲဒီနှစ်ရက်ဟာ လုပ်ငန်းခွင်မှာအလုပ်အရှုပ်ဆုံးနေ့တွေလည်းဖြစ်တယ်လို့ ဝန်ထမ်းတွေကဆိုကြပါတယ်။ ဒီရက်တွေဟာ […]