ကံကောင်းခြင်း သင်္ကေတများနဲ့ လက္ခဏာများ (အပိုင်း ၁)

မင်းက အမြဲတမ်း ကံကောင်းတတ်သလား။ ကံကောင်းခြင်းမှာ သင်္ကေတတွေ၊လက္ခဏာတွေရှိတတ်ပါတယ်။ အဲဒါက ပုံစံမျိုးစုံနဲ့ ကိုယ်အနားမှာ နိမိတ်ပြတတ်ပါတယ်။သဘာဝတရားတွေ၊ အပင်တွေ၊ အင်ဆက်ပိုးမွှားတွေ၊ တိရစ္ဆာန်တွေစတဲ့အရာတွေကနေကံကောင်းခြင်းသင်္ကေတတွေ တွေ့ရနိုင်ပါတယ်။ တချို့ကလည်း အရာဝတ္တုတွေ၊ နံပါတ်တွေ၊အိပ်မက်တွေ၊ သဘာဝဖြစ်ရပ်တွေ၊ အရောင်တွေနဲ့ တွေ့မြင်ရတတ်ပါတယ်။ ဒီနေ့မှာတော့ကမ္ဘာတဝန်းက ကံကောင်းစေတဲ့ နမိတ်လက္ခဏာတွေကို အပိုင်း (၁)အနေနဲ့ ပြောပြချင်ပါတယ်။နောက်ရက်တွေမှာ နောက်အပိုင်းတွေက ဘာတွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်ဖို့မမေ့ပါနဲ့နော်။

Clover Leaf

အရွက်လေးပွင့်ရှိတဲ့ ဒီအပင်ငယ်လေးက ကံကောင်းခြင်းနဲ့ဆက်စပ်နေပါတယ်။အရွက်သုံးရွက်ရှိတဲ့ Clover က မထူးဆန်းပေမဲ့ အရွက်လေးရွက်ရှိတဲ့ Clover ပင်ကတော့ကံကောင်းခြင်းကို ကိုယ်စားပြုထားပါတယ်။ ဧဝက ဧဒင်ဥယျာဉ်ကနေ အရွက်လေးရွက်ရှိတဲ့ Clover ရွက်လေးကို ယူဆောင်သွားတယ်လို့လည်း ပြောဆိုကြပါတယ်။ ဒီအပင်လေးကတော့ယုံကြည်မှု၊ မျှော်လင့်ချက်နဲ့ ချစ်ခြင်းတွေကို ကိုယ် စားပြုပါတယ်။ ဒီအရွက်လေးရွက်ပါတဲ့ clover ပင်ကိုရှာဖွေဖို့အတွက် အခွင့်အလမ်းက ဘယ်လိုရှိမလဲ။ အပင်တထောင်မှာအရွက်လေးရွက်ပါတဲ့ Clover ပင် တပင်ကိုတွေ့ဖို့အခွင့်အလမ်းရှိပါတယ်။ တချို့ကလည်းအရွက်လေးရွက်ပါတဲ့ Clover ပင် လေးပင်ကိုတွေ့ရင် ကံ ဆိုးစေတယ်လို့သတ်မှတ်ထားကြပါတယ်။

ဝက်သစ်ချသီး

စကင်ဒီနေဗီးယား ရိုးရာပုံပြင်များမှာ ဝက်သစ်ချသီးက ကံကောင်းခြင်းကိုယူဆောင်လာတယ်လို့လူသိများပါတယ်။ ဗိုက်ကင်းတွေက ဝက်သစ်ချပင်ကို အထဋ်အမြတ်ထားကြပါတယ်။ဝက်သစ်ချသီးက မိုးကြိုးပစ်ခံရခြင်းကို ကာကွယ်နိုင်တယ်လို့ ဗိုက်ကင်းတွေက ယုံ ကြည်ထားပြီးသူတို့ရဲ့နေအိမ်တွေမှာ စိုက်ထားကြပါတယ်။

ဥများ

ရိုးရာအစဉ်အလာများမှာ ဥများက မျိုးပွားခြင်းနဲ့ ပြန်လည်မွေးဖွားခြင်း၊ဘဝအသစ်ကိုကိုယ်စားပြုပါတယ်။ ဥများကို အနာဂတ်ကိုခန့်မှန်းဖို့၊စိုက်ပျိုးရေးဖြစ်ထွန်းမှုကိုအားပေးဖို့၊ မိသားစုနဲ့ ပစ္စည်းဥစ္စာများကိုမကောင်းမှုမှကာကွယ်ဖို့အတွက် အသုံးပြုကြပါတယ်။ အိပ်မက်ထဲမှာ ဥများကို တွေ့ရပါကပိုက်ဆံဝင်တတ်ပါတယ်။ တချို့ယဉ်ကျေးမှုများမှာ ဥများကို ချမ်းသာခြင်းရဲ့ သင်္ကေတအဖြစ်ရှုမြင်ကြပါတယ်။ အင်္ဂလန်မှာ ၁၂၀၀ပြည့်လွန်နှစ်တွေမှာ လူတွေက သူတို့ရဲ့သခင်တွေကိုကြက်ဥလက်ဆောင်ပေးကြပါတယ်။ တချို့တွေက ကြက်ဥထဲမှာ အမွှာကြက်ဥအနှစ်ကိုတွေ့ရင်အမွှာလေးမွေးတတ်တယ်ဆိုတဲ့အထိ အယူသီးကြပါတယ်။

ကံကောင်းစေတဲ့ ဝါး

Lucky Bamboo ကတကယ်ပဲကံကောင်းစေသလား။ ဒီဝါးက ကံကြမ္မာကို ကိုယ်စားပြုပြီးကြီးပွားချမ်းသာဖို့အတွက် လက်ဆောင်တခုလို့ ဆိုကြပါတယ်။ ပျော်ရွှင်မှု၊ အသက်ရှည်မှု၊ချမ်းသာမှုစတဲ့ က့ကောင်းခြင်းတွေကို ယူဆောင်လာတယ်ဆိုတဲ့ နမိတ်ပုံဖော်ကြပါတယ်။
ရိုးတံလေးခုက ကံမကောင်းဘူးလို့ ယူဆကြပြီး ရိုးတံနှစ်ခုကတော့ ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုတယ်လို့ ယုံကြည်ကြပါတယ်။

MYit

zawgyi

မင္းက အၿမဲတမ္း ကံေကာင္းတတ္သလား။ ကံေကာင္းျခင္းမွာ သေကၤတေတြ၊လကၡဏာေတြရွိတတ္ပါတယ္။ အဲဒါက ပုံစံမ်ိဳးစုံနဲ႔ ကိုယ္အနားမွာ နိမိတ္ျပတတ္ပါတယ္။သဘာဝတရားေတြ၊ အပင္ေတြ၊ အင္ဆက္ပိုးမႊားေတြ၊ တိရစာၦန္ေတြစတဲ့အရာေတြကေနကံေကာင္းျခင္းသေကၤတေတြ ေတြ႕ရႏိုင္ပါတယ္။ တခ်ိဳ႕ကလည္း အရာဝတၱဳေတြ၊ နံပါတ္ေတြ၊အိပ္မက္ေတြ၊ သဘာဝျဖစ္ရပ္ေတြ၊ အေရာင္ေတြနဲ႔ ေတြ႕ျမင္ရတတ္ပါတယ္။ ဒီေန႔မွာေတာ့ကမာၻတဝန္းက ကံေကာင္းေစတဲ့ နမိတ္လကၡဏာေတြကို အပိုင္း (၁)အေနနဲ႔ ေျပာျပခ်င္ပါတယ္။ေနာက္ရက္ေတြမွာ ေနာက္အပိုင္းေတြက ဘာေတြျဖစ္မလဲဆိုတာ ဆက္ဖတ္ၾကည့္ဖို႔မေမ့ပါနဲ႔ေနာ္။

Clover Leaf

အ႐ြက္ေလးပြင့္ရွိတဲ့ ဒီအပင္ငယ္ေလးက ကံေကာင္းျခင္းနဲ႔ဆက္စပ္ေနပါတယ္။အ႐ြက္သုံး႐ြက္ရွိတဲ့ Clover က မထူးဆန္းေပမဲ့ အ႐ြက္ေလး႐ြက္ရွိတဲ့ Clover ပင္ကေတာ့ကံေကာင္းျခင္းကို ကိုယ္စားျပဳထားပါတယ္။ ဧဝက ဧဒင္ဥယ်ာဥ္ကေန အ႐ြက္ေလး႐ြက္ရွိတဲ့ Clover ႐ြက္ေလးကို ယူေဆာင္သြားတယ္လို႔လည္း ေျပာဆိုၾကပါတယ္။ ဒီအပင္ေလးကေတာ့ယုံၾကည္မႈ၊ ေမွ်ာ္လင့္ခ်က္နဲ႔ ခ်စ္ျခင္းေတြကို ကိုယ္ စားျပဳပါတယ္။ ဒီအ႐ြက္ေလး႐ြက္ပါတဲ့ clover ပင္ကိုရွာေဖြဖို႔အတြက္ အခြင့္အလမ္းက ဘယ္လိုရွိမလဲ။ အပင္တေထာင္မွာအ႐ြက္ေလး႐ြက္ပါတဲ့ Clover ပင္ တပင္ကိုေတြ႕ဖို႔အခြင့္အလမ္းရွိပါတယ္။ တခ်ိဳ႕ကလည္းအ႐ြက္ေလး႐ြက္ပါတဲ့ Clover ပင္ ေလးပင္ကိုေတြ႕ရင္ ကံ ဆိုးေစတယ္လို႔သတ္မွတ္ထားၾကပါတယ္။

ဝက္သစ္ခ်သီး

စကင္ဒီေနဗီးယား ႐ိုးရာပုံျပင္မ်ားမွာ ဝက္သစ္ခ်သီးက ကံေကာင္းျခင္းကိုယူေဆာင္လာတယ္လို႔လူသိမ်ားပါတယ္။ ဗိုက္ကင္းေတြက ဝက္သစ္ခ်ပင္ကို အထဋ္အျမတ္ထားၾကပါတယ္။ဝက္သစ္ခ်သီးက မိုးႀကိဳးပစ္ခံရျခင္းကို ကာကြယ္ႏိုင္တယ္လို႔ ဗိုက္ကင္းေတြက ယုံ ၾကည္ထားၿပီးသူတို႔ရဲ႕ေနအိမ္ေတြမွာ စိုက္ထားၾကပါတယ္။

ဥမ်ား

႐ိုးရာအစဥ္အလာမ်ားမွာ ဥမ်ားက မ်ိဳးပြားျခင္းနဲ႔ ျပန္လည္ေမြးဖြားျခင္း၊ဘဝအသစ္ကိုကိုယ္စားျပဳပါတယ္။ ဥမ်ားကို အနာဂတ္ကိုခန႔္မွန္းဖို႔၊စိုက္ပ်ိဳးေရးျဖစ္ထြန္းမႈကိုအားေပးဖို႔၊ မိသားစုနဲ႔ ပစၥည္းဥစၥာမ်ားကိုမေကာင္းမႈမွကာကြယ္ဖို႔အတြက္ အသုံးျပဳၾကပါတယ္။ အိပ္မက္ထဲမွာ ဥမ်ားကို ေတြ႕ရပါကပိုက္ဆံဝင္တတ္ပါတယ္။ တခ်ိဳ႕ယဥ္ေက်းမႈမ်ားမွာ ဥမ်ားကို ခ်မ္းသာျခင္းရဲ႕ သေကၤတအျဖစ္ရႈျမင္ၾကပါတယ္။ အဂၤလန္မွာ ၁၂၀၀ျပည့္လြန္ႏွစ္ေတြမွာ လူေတြက သူတို႔ရဲ႕သခင္ေတြကိုၾကက္ဥလက္ေဆာင္ေပးၾကပါတယ္။ တခ်ိဳ႕ေတြက ၾကက္ဥထဲမွာ အမႊာၾကက္ဥအႏွစ္ကိုေတြ႕ရင္အမႊာေလးေမြးတတ္တယ္ဆိုတဲ့အထိ အယူသီးၾကပါတယ္။

ကံေကာင္းေစတဲ့ ဝါး

Lucky Bamboo ကတကယ္ပဲကံေကာင္းေစသလား။ ဒီဝါးက ကံၾကမၼာကို ကိုယ္စားျပဳၿပီးႀကီးပြားခ်မ္းသာဖို႔အတြက္ လက္ေဆာင္တခုလို႔ ဆိုၾကပါတယ္။ ေပ်ာ္႐ႊင္မႈ၊ အသက္ရွည္မႈ၊ခ်မ္းသာမႈစတဲ့ က့ေကာင္းျခင္းေတြကို ယူေဆာင္လာတယ္ဆိုတဲ့ နမိတ္ပုံေဖာ္ၾကပါတယ္။
႐ိုးတံေလးခုက ကံမေကာင္းဘူးလို႔ ယူဆၾကၿပီး ႐ိုးတံႏွစ္ခုကေတာ့ ခ်စ္ျခင္းေမတၱာကိုကိုယ္စားျပဳတယ္လို႔ ယုံၾကည္ၾကပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*