လုပ်ငန်းခွင်မှာ အကောင်းမြင်စိတ်နဲ့ စိတ်ချမ်းသာမှုရှိဖို့ လုပ်သင့်တဲ့အချက် (၆)ချက်

အလုပ်မှာအရေးကြီးဆုံးအချက်ကတော့ အကောင်းမြင်စိတ်ထားဖို့နဲ့ စိတ်ချမ်းသာမှုရှိဖို့ပါပဲ။အဲဒီအရာတွေကို ဘယ်လိုရယူကြမလဲ။ အခုလက်ရှိအချိန်ကကိုယ့်ကိုယ်ကိုယ်စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရကြံ့ခိုင်အောင်မွေးမြူနေရချိန်လည်းဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဒီအချက်တွေက သင့်အတွက်တစုံတရာအထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

တခုခုကိုစတင်ဖို့အတွက် ခြေတလှမ်းကနေ အရင်စကြည့်ပါ

ဒီအချိန်မှာ ကိုယ့်ရဲ့ဝါသနာအသစ်လည်းဖြစ်ချင်ဖြစ်မယ်၊စိတ်ပါဝင်စားစရာအသစ်တခုလည်းဖြစ်ချင်ဖြစ်မယ်။ အဲဒီအရာအတွက် အစပြုမယ်ဆိုရင်သေးငယ်တဲ့ခြေတလှမ်းလေးကနေ အရင်စတင်လိုက်ပါ။ ကိုယ့်ရဲ့စိတ်ကိုစိတ်ချမ်းသာစေမယ့်အရာ၊ စိတ်ပျော်ရွှင်စေမယ့်အရာလေးတွေကို လုပ်ကြည့်ပါ။ ဒီအချက်ကတခါတလေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဈေးဝယ်ထွက်တာမျိုးလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားပြောဆိုတာ၊ မုန့်စားတာမျိုးလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင်လည်း တနေ့ကို နာရီဝက်လောက်နေ့စဉ်လမ်းလျှောက်တာမျိုးပါ။ ဒီလိုသေးငယ်တဲ့အရာလေးတွေကနေ စတင်လိုက်ပါ။

အလုပ်နဲ့အိမ်နဲ့ကိုခွဲခြားထားပါ

အလုပ်ကိစ္စကို အလုပ်မှာပဲအပြီးထားခဲ့ပါ။ အိမ်ကကိစ္စတွေကိုလည်း အိမ်မှာပဲ အပြီးထားခဲ့ပါ။ဒီလိုခွဲခြားနိုင်သွားမယ်ဆိုရင် သင့်ရဲ့စိတ်ကိုအတော်အတန်အသင့် စိတ်ချမ်းသာစေနိုင်ပါတယ်။အိမ်နဲ့အလုပ်ကို ရောထွေးပစ်တာမျိုးမလုပ်မိပါစေနဲ့။ အခုအချိန်အထိ တချို့တွေက
အိမ်ကနေအလုပ်လုပ်နေရတုန်းပါပဲ။ အဲဒီလူတွေအတွက် ဒီအချက်က ပိုကိုက်ညီပါလိမ့်မယ်။အိမ်ကနေ အလုပ်လုပ်ရတာက စိန်ခေါ်မှုပိုများပါတယ်။ တကယ်တော့ အိမ်အလုပ်နဲ့ရုံးအလုပ်တွေ ခွဲခြားထားဖို့က ပိုခက်ပါတယ်။ ဒါပေမဲ့ သေချာပေါက်လုပ်ရပါမယ်။ရုံးတက်နေရသလိုပဲ ရုံးချိန်မှာ ရုံးအလုပ်တွေကိုလုပ်ပြီး ရုံးချိန်ပြင်ပမှာ ရုံးအလုပ်တွေကိုမေ့ထားပြီး အိမ်မှာ မိသားစုအတွက် အချိန်ပေးပါ။ တခြားလုပ်စရာရှိတဲ့ အိမ်ကိစ္စတွေလုပ်ပါ။ဒီလိုနည်းနဲ့ ခွဲခြားထားပါ။

အစီအစဉ်တကျရှိပါစေ

ကိုယ့်ရဲ့အလုပ်တွေကို အစီအစဉ်တကျဖြစ်ဖို့က အရေးကြီးတဲ့အချက်ထဲပါဝင်ပါတယ်။ဘယ်အလုပ်က အရေးကြီးတယ်၊ ဘယ်အရာက နောက်ဆုံးရက်ဖြစ်နေပြီဆိုတာမျိုးသေချာပေါက်ခွဲခြားထားပါတယ်။ ဒီလိုအစီအစဉ်တကျရှိတာကကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုတိုးတက်စေပါတယ်။

သတင်းတွေကို အမှောင်ချထားပါ

တခါတလေမှာ ကိုယ့်စိတ်က မချမ်းမြေ့ဘူးဆိုရင် စိတ်မချမ်းသာစရာကောင်းတဲ့ သတင်းတွေကိုမကြည့်ပါနဲ့တော့။ သတင်းအများစုက စိတ်နှလုံးထိခိုက်ကြေကွဲစရာတွေများနေတတ်ပါတယ်။ဒါကြောင့် ဒီလိုသတင်းတွေကို ကိုယ့်ဆီကိုမရောက်အောင် ကန့်သတ်ထားလိုက် ပါ။ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကောင်းမွန်တဲ့အချိန်အထိ အဲ့ဒီလိုလုပ်ဆောင်ထားပါ။

အခြေအနေတွေကို အကောင်းမြင်စိတ်ထားပါ

အကောင်းမြင်စိတ်ကလည်း ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုနဲ့တိုက်ရိုက်ချိတ်ဆက်နေတတ်ပါတယ်။ ဒါကြောင့်အကောင်းမြင်စိတ်ကအရေးကြီးတဲ့သော့ချက်ပါပဲ။ အကောင်းမြင်စိတ်ဆိုတာအရာရာကိုမသိချင်ယောင်ဆောင်ထားတာမဟုတ်ဘဲ ဖြစ်လာတဲ့ဆိုးတဲ့အရာတွေကိုလည်းလက်ခံနိုင်တဲ့စိတ်ထားမျိုးပါ။ ဒါကြောင့် ကောင်းတာပဲဖြစ်စေ၊ ဆိုးတာပဲဖြစ်စေဒီအခြေအနေကိုလက်ခံထားနိုင်တဲ့စိတ်မျိုးကို ပြုစုပျိုးထောင်ဖို့လိုပါတယ်။

ပျော်ရွှင်တဲ့အလုပ်၊ ပျော်ရွှင်တဲ့ဘဝ

လုပ်ငန်းခွင်ပျော်ရွှင်မှုဆိုတာ အသစ်တခုမဟုတ်ပါဘူး။ ကျွမ်းကျင်သူတွေ၊ခေါင်းဆောင်တွေကိုယ်တိုင်က လုပ်ငန်းခွင်ပျော်ရွှင်မှုဆိုတာကို ဦးစားပေးပြောဆိုပြီးလုပ်ဆောင်လာကြတာ ဆယ်စုနှစ်တခုစာလောက်ရှိပါပြီ။ ဘာကြောင့်လဲဆိုရင် လုပ်ငန်းခွင်မှာစိတ်ဖိစီးမှုတွေ၊ပင်ပန်း မှုတွေများပြားလာတာကြောင့်လည်းဖြစ်ပါတယ်။အနှစ်ချုပ်ရရင်တော့ ပျော်ရွှင်မှုနဲ့စိတ်ချမ်းသာမှုက လုပ်ငန်းခွင်မှာ မဖြစ်မနေလိုအပ်ပါတယ်။ဒီအရာက လုပ်ငန်းခွင်အတွက် ပထမဦးစားပေးအချက်ပါပဲ။ ဝန်ထမ်းတယောက်ကပျော်ရွှင်မှုမရှိရင်၊ စိတ်ချမ်းသာမှုမရှိရင် လုပ် ငန်းခွင်မှာ ကောင်းမွန်တဲ့အိုင်ဒီယာတွေ၊စိတ်ကူးစိတ်သန်းတွေ၊ တီထွင်ကြံဆမှုတွေ ဘာတခုမှ ရှိလာနိုင်မှာမဟုတ်ပါဘူး။

MYit

zawgyi

အလုပ္မွာအေရးႀကီးဆုံးအခ်က္ကေတာ့ အေကာင္းျမင္စိတ္ထားဖို႔နဲ႔ စိတ္ခ်မ္းသာမႈရွိဖို႔ပါပဲ။အဲဒီအရာေတြကို ဘယ္လိုရယူၾကမလဲ။ အခုလက္ရွိအခ်ိန္ကကိုယ့္ကိုယ္ကိုယ္စိတ္ပိုင္းဆိုင္ရာအရ၊ ႐ုပ္ပိုင္းဆိုင္ရာအရႀကံ့ခိုင္ေအာင္ေမြးျမဴေနရခ်ိန္လည္းျဖစ္ပါတယ္။ ဒီလိုအခ်ိန္မွာ ဒီအခ်က္ေတြက သင့္အတြက္တစုံတရာအေထာက္အကူျဖစ္ေစမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

တခုခုကိုစတင္ဖို႔အတြက္ ေျခတလွမ္းကေန အရင္စၾကည့္ပါ

ဒီအခ်ိန္မွာ ကိုယ့္ရဲ႕ဝါသနာအသစ္လည္းျဖစ္ခ်င္ျဖစ္မယ္၊စိတ္ပါဝင္စားစရာအသစ္တခုလည္းျဖစ္ခ်င္ျဖစ္မယ္။ အဲဒီအရာအတြက္ အစျပဳမယ္ဆိုရင္ေသးငယ္တဲ့ေျခတလွမ္းေလးကေန အရင္စတင္လိုက္ပါ။ ကိုယ့္ရဲ႕စိတ္ကိုစိတ္ခ်မ္းသာေစမယ့္အရာ၊ စိတ္ေပ်ာ္႐ႊင္ေစမယ့္အရာေလးေတြကို လုပ္ၾကည့္ပါ။ ဒီအခ်က္ကတခါတေလမွာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေဈးဝယ္ထြက္တာမ်ိဳးလည္းျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္။ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ၿပီး စကားေျပာဆိုတာ၊ မုန႔္စားတာမ်ိဳးလည္းျဖစ္ခ်င္ျဖစ္မယ္။ ဒါမွမဟုတ္ရင္လည္း တေန႔ကို နာရီဝက္ေလာက္ေန႔စဥ္လမ္းေလွ်ာက္တာမ်ိဳးပါ။ ဒီလိုေသးငယ္တဲ့အရာေလးေတြကေန စတင္လိုက္ပါ။

အလုပ္နဲ႔အိမ္နဲ႔ကိုခြဲျခားထားပါ

အလုပ္ကိစၥကို အလုပ္မွာပဲအၿပီးထားခဲ့ပါ။ အိမ္ကကိစၥေတြကိုလည္း အိမ္မွာပဲ အၿပီးထားခဲ့ပါ။ဒီလိုခြဲျခားႏိုင္သြားမယ္ဆိုရင္ သင့္ရဲ႕စိတ္ကိုအေတာ္အတန္အသင့္ စိတ္ခ်မ္းသာေစႏိုင္ပါတယ္။အိမ္နဲ႔အလုပ္ကို ေရာေထြးပစ္တာမ်ိဳးမလုပ္မိပါေစနဲ႔။ အခုအခ်ိန္အထိ တခ်ိဳ႕ေတြက
အိမ္ကေနအလုပ္လုပ္ေနရတုန္းပါပဲ။ အဲဒီလူေတြအတြက္ ဒီအခ်က္က ပိုကိုက္ညီပါလိမ့္မယ္။အိမ္ကေန အလုပ္လုပ္ရတာက စိန္ေခၚမႈပိုမ်ားပါတယ္။ တကယ္ေတာ့ အိမ္အလုပ္နဲ႔႐ုံးအလုပ္ေတြ ခြဲျခားထားဖို႔က ပိုခက္ပါတယ္။ ဒါေပမဲ့ ေသခ်ာေပါက္လုပ္ရပါမယ္။႐ုံးတက္ေနရသလိုပဲ ႐ုံးခ်ိန္မွာ ႐ုံးအလုပ္ေတြကိုလုပ္ၿပီး ႐ုံးခ်ိန္ျပင္ပမွာ ႐ုံးအလုပ္ေတြကိုေမ့ထားၿပီး အိမ္မွာ မိသားစုအတြက္ အခ်ိန္ေပးပါ။ တျခားလုပ္စရာရွိတဲ့ အိမ္ကိစၥေတြလုပ္ပါ။ဒီလိုနည္းနဲ႔ ခြဲျခားထားပါ။

အစီအစဥ္တက်ရွိပါေစ

ကိုယ့္ရဲ႕အလုပ္ေတြကို အစီအစဥ္တက်ျဖစ္ဖို႔က အေရးႀကီးတဲ့အခ်က္ထဲပါဝင္ပါတယ္။ဘယ္အလုပ္က အေရးႀကီးတယ္၊ ဘယ္အရာက ေနာက္ဆုံးရက္ျဖစ္ေနၿပီဆိုတာမ်ိဳးေသခ်ာေပါက္ခြဲျခားထားပါတယ္။ ဒီလိုအစီအစဥ္တက်ရွိတာကကိုယ့္ရဲ႕လုပ္ငန္းစြမ္းေဆာင္ရည္ကို ပိုမိုတိုးတက္ေစပါတယ္။

သတင္းေတြကို အေမွာင္ခ်ထားပါ

တခါတေလမွာ ကိုယ့္စိတ္က မခ်မ္းေျမ့ဘူးဆိုရင္ စိတ္မခ်မ္းသာစရာေကာင္းတဲ့ သတင္းေတြကိုမၾကည့္ပါနဲ႔ေတာ့။ သတင္းအမ်ားစုက စိတ္ႏွလုံးထိခိုက္ေၾကကြဲစရာေတြမ်ားေနတတ္ပါတယ္။ဒါေၾကာင့္ ဒီလိုသတင္းေတြကို ကိုယ့္ဆီကိုမေရာက္ေအာင္ ကန႔္သတ္ထားလိုက္ ပါ။ကိုယ့္ရဲ႕စိတ္ပိုင္းဆိုင္ရာေကာင္းမြန္တဲ့အခ်ိန္အထိ အဲ့ဒီလိုလုပ္ေဆာင္ထားပါ။

အေျခအေနေတြကို အေကာင္းျမင္စိတ္ထားပါ

အေကာင္းျမင္စိတ္ကလည္း ကိုယ့္ရဲ႕စိတ္ပိုင္းဆိုင္ရာေကာင္းမြန္မႈနဲ႔တိုက္႐ိုက္ခ်ိတ္ဆက္ေနတတ္ပါတယ္။ ဒါေၾကာင့္အေကာင္းျမင္စိတ္ကအေရးႀကီးတဲ့ေသာ့ခ်က္ပါပဲ။ အေကာင္းျမင္စိတ္ဆိုတာအရာရာကိုမသိခ်င္ေယာင္ေဆာင္ထားတာမဟုတ္ဘဲ ျဖစ္လာတဲ့ဆိုးတဲ့အရာေတြကိုလည္းလက္ခံႏိုင္တဲ့စိတ္ထားမ်ိဳးပါ။ ဒါေၾကာင့္ ေကာင္းတာပဲျဖစ္ေစ၊ ဆိုးတာပဲျဖစ္ေစဒီအေျခအေနကိုလက္ခံထားႏိုင္တဲ့စိတ္မ်ိဳးကို ျပဳစုပ်ိဳးေထာင္ဖို႔လိုပါတယ္။

ေပ်ာ္႐ႊင္တဲ့အလုပ္၊ ေပ်ာ္႐ႊင္တဲ့ဘဝ

လုပ္ငန္းခြင္ေပ်ာ္႐ႊင္မႈဆိုတာ အသစ္တခုမဟုတ္ပါဘူး။ ကြၽမ္းက်င္သူေတြ၊ေခါင္းေဆာင္ေတြကိုယ္တိုင္က လုပ္ငန္းခြင္ေပ်ာ္႐ႊင္မႈဆိုတာကို ဦးစားေပးေျပာဆိုၿပီးလုပ္ေဆာင္လာၾကတာ ဆယ္စုႏွစ္တခုစာေလာက္ရွိပါၿပီ။ ဘာေၾကာင့္လဲဆိုရင္ လုပ္ငန္းခြင္မွာစိတ္ဖိစီးမႈေတြ၊ပင္ပန္း မႈေတြမ်ားျပားလာတာေၾကာင့္လည္းျဖစ္ပါတယ္။အႏွစ္ခ်ဳပ္ရရင္ေတာ့ ေပ်ာ္႐ႊင္မႈနဲ႔စိတ္ခ်မ္းသာမႈက လုပ္ငန္းခြင္မွာ မျဖစ္မေနလိုအပ္ပါတယ္။ဒီအရာက လုပ္ငန္းခြင္အတြက္ ပထမဦးစားေပးအခ်က္ပါပဲ။ ဝန္ထမ္းတေယာက္ကေပ်ာ္႐ႊင္မႈမရွိရင္၊ စိတ္ခ်မ္းသာမႈမရွိရင္ လုပ္ ငန္းခြင္မွာ ေကာင္းမြန္တဲ့အိုင္ဒီယာေတြ၊စိတ္ကူးစိတ္သန္းေတြ၊ တီထြင္ႀကံဆမႈေတြ ဘာတခုမွ ရွိလာႏိုင္မွာမဟုတ္ပါဘူး။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*