ဆယ်တနှစ်ကြာပြီးနောက်မှာ သားတဦးရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ ထိုင်ဝမ်မင်းသား

ထိုင်ဝမ်နာမည်ကျော်မင်းသားတဦးဖြစ်တဲ့ Danson Tang က သူကကလေးအဖေတဦးဖြစ်ကြောင်းနဲ့ လွန်ခဲ့တဲ့ဆယ်တနှစ်က လက်မထပ်ဘဲအတူနေခဲ့တဲ့ချစ်သူနဲ့အတူ ကလေးရရှိခဲ့ကြောင်းကို ထုတ်ဖော်ပြောလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးကောလဟာလတွေ ထွက်ရှိလာပြီးနောက်မှာ မင်းသားက သတင်းက အမှန်ဖြစ်ကြောင်းကိုအတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။နာမည်ကြီးတော်တော်များများက သူတို့ရဲ့ကိုယ်ပိုင်ဘဝတွေကို လျှိုဝှက်စွာနေထိုင်ကြပါတယ်။အဲဒီလိုနေထိုင်တဲ့နေရာမှာတော်တဲ့သူတယောက်ကတော့ သူ့ကကလေးအဖေတဦးဖြစ်တယ်ဆိုတာကို ဆယ်စုနှစ်ကျော်အောင် လျှို့ဝှက်ထားနိုင်ခဲ့ပါတယ်။ထိုင်ဝမ် အမေရိကန်မင်းသားသမီး Becky Su ကို ချစ်သူအ ဖြစ်လူသိရှင်ကြားအတည်ပြုပြီးသတင်းနှစ်ပတ်မပြည့်မီမှာ မင်းသားက ဖခင်တဦးဖြစ်ကြောင်းကိုအတိအလင်းထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။သူက အသက်၂၈နှစ်အရွယ်မှာ သူ့ချစ်သူဖြစ်တဲ့ အဲဒီမိန်းကလေးနဲ့အတူနေခဲ့ပြီးကလေးရရှိကြောင်းသိခဲ့ပါတယ်။ သူတို့က စရိုက်မတူတာတွေကြောင့် ကလေးကိုအတူတကွပြုစုပျိုးထောင်ဖို့ဆုံးဖြတ်ခဲ့ကြပြီး လမ်းခွဲခဲ့ကြပါတယ်။

“လွန်ခဲ့တဲ့ ဆယ်တနှစ်လောက်က ကျနော့်ရည်းစားမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ပြီးအိမ်ထောင်မပြုသေးပေမဲ့ ကလေးယူဖို့ဆုံးဖြတ်ခဲ့ကြတယ်။ နှစ်အနည်းငယ်အတွင်းလမ်းခွဲခဲ့ကြပေမဲ့ ကလေးကိုအတူပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ခဲ့တယ်” လို့မင်းသားကပြောခဲ့ပါတယ်။
သူက သူ့သားဆီကို မကြာခဏသွားရောက်လည်ပတ်လေ့ရှိပြီး WeChat ကနေတဆင့်သားဖြစ်သူနဲ့ ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။“အ ဖေတယောက်အနေနဲ့ သူ့အပေါ်ထားတဲ့ ကျနော့်ရဲ့အချစ်က ဘယ်တော့မှမပြောင်းလဲပါဘူး”လို့ မင်းသားက ပြောခဲ့ပါတယ်။အခုလက်ရှိမှာ ထိုင်ဝမ်အမေရိကန်မင်းသမီးနဲ့ ချစ်သူအဖြစ်ကြေညာအပြီးမှာ သူမနဲ့ဒုတိယရင်သွေးရှိနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အ သက် ၂နှစ်အရွယ်ရှိတဲ့ကလေးတဦးနဲ့ သူတို့စုံတွဲကို ပန်းခြံတခုမှာတွေ့ခဲ့ပြီးနောက် မင်းသမီးက သူမရဲ့သားဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။

MYit

zawgyi

ထိုင္ဝမ္နာမည္ေက်ာ္မင္းသားတဦးျဖစ္တဲ့ Danson Tang က သူကကေလးအေဖတဦးျဖစ္ေၾကာင္းနဲ႔ လြန္ခဲ့တဲ့ဆယ္တႏွစ္က လက္မထပ္ဘဲအတူေနခဲ့တဲ့ခ်စ္သူနဲ႔အတူ ကေလးရရွိခဲ့ေၾကာင္းကို ထုတ္ေဖာ္ေျပာလိုက္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီးေကာလဟာလေတြ ထြက္ရွိလာၿပီးေနာက္မွာ မင္းသားက သတင္းက အမွန္ျဖစ္ေၾကာင္းကိုအတည္ျပဳခဲ့တာလည္းျဖစ္ပါတယ္။နာမည္ႀကီးေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ကိုယ္ပိုင္ဘဝေတြကို လွ်ိဳဝွက္စြာေနထိုင္ၾကပါတယ္။အဲဒီလိုေနထိုင္တဲ့ေနရာမွာေတာ္တဲ့သူတေယာက္ကေတာ့ သူ႔ကကေလးအေဖတဦးျဖစ္တယ္ဆိုတာကို ဆယ္စုႏွစ္ေက်ာ္ေအာင္ လွ်ိဳ႕ဝွက္ထားႏိုင္ခဲ့ပါတယ္။ထိုင္ဝမ္ အေမရိကန္မင္းသားသမီး Becky Su ကို ခ်စ္သူအ ျဖစ္လူသိရွင္ၾကားအတည္ျပဳၿပီးသတင္းႏွစ္ပတ္မျပည့္မီမွာ မင္းသားက ဖခင္တဦးျဖစ္ေၾကာင္းကိုအတိအလင္းထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။သူက အသက္၂၈ႏွစ္အ႐ြယ္မွာ သူ႔ခ်စ္သူျဖစ္တဲ့ အဲဒီမိန္းကေလးနဲ႔အတူေနခဲ့ၿပီးကေလးရရွိေၾကာင္းသိခဲ့ပါတယ္။ သူတို႔က စ႐ိုက္မတူတာေတြေၾကာင့္ ကေလးကိုအတူတကြျပဳစုပ်ိဳးေထာင္ဖို႔ဆုံးျဖတ္ခဲ့ၾကၿပီး လမ္းခြဲခဲ့ၾကပါတယ္။

“လြန္ခဲ့တဲ့ ဆယ္တႏွစ္ေလာက္က က်ေနာ့္ရည္းစားမွာ ကိုယ္ဝန္ရွိေနၿပီဆိုတာ သိလိုက္ၿပီးအိမ္ေထာင္မျပဳေသးေပမဲ့ ကေလးယူဖို႔ဆုံးျဖတ္ခဲ့ၾကတယ္။ ႏွစ္အနည္းငယ္အတြင္းလမ္းခြဲခဲ့ၾကေပမဲ့ ကေလးကိုအတူျပဳစုပ်ိဳးေထာင္ဖို႔ ဆုံးျဖတ္ခဲ့တယ္” လို႔မင္းသားကေျပာခဲ့ပါတယ္။
သူက သူ႔သားဆီကို မၾကာခဏသြားေရာက္လည္ပတ္ေလ့ရွိၿပီး WeChat ကေနတဆင့္သားျဖစ္သူနဲ႔ ဆက္သြယ္ခဲ့တယ္လို႔ဆိုပါတယ္။“အ ေဖတေယာက္အေနနဲ႔ သူ႔အေပၚထားတဲ့ က်ေနာ့္ရဲ႕အခ်စ္က ဘယ္ေတာ့မွမေျပာင္းလဲပါဘူး”လို႔ မင္းသားက ေျပာခဲ့ပါတယ္။အခုလက္ရွိမွာ ထိုင္ဝမ္အေမရိကန္မင္းသမီးနဲ႔ ခ်စ္သူအျဖစ္ေၾကညာအၿပီးမွာ သူမနဲ႔ဒုတိယရင္ေသြးရွိေနေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ အ သက္ ၂ႏွစ္အ႐ြယ္ရွိတဲ့ကေလးတဦးနဲ႔ သူတို႔စုံတြဲကို ပန္းၿခံတခုမွာေတြ႕ခဲ့ၿပီးေနာက္ မင္းသမီးက သူမရဲ႕သားျဖစ္ေၾကာင္းအတည္ျပဳခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*