အလုပ်အင်တာဗျူးအတွက် သင်မကြားဖူးသေးတဲ့အကြံပြုချက် ၅ ချက်

August 25, 2023 Aung Khant Mon 0

အလုပ်အင်တာဗျူးသွားဖြေတဲ့အခါ ဘယ်လိုပြင်ဆင်ရမယ်၊ ကိုယ်ဟန်အမူအရာဘယ်လိုရှိနေရမယ်၊ဘာတွေဝတ်စားသွားရမယ့် စတဲ့အကြောင်းအရာတွေကိုအများကြီးကြားဖူးထားမှာသေချာပါတယ်။ဒါပေမဲ့ အခုဖော်ပြမယ့်အကြံပြုချက် ၅ ချက်ကတော့ခဏခဏကြားဖူးနေမှာမဟုတ်တာသေချာပါတယ်။အဲဒါကဘာတွေလဲဆိုရင်တော့… ၁.ကိုယ့်ကိုအင်တာဗျူးမယ့်သူအကြောင်းလေ့လာပါ အင်တာဗျူးမဝင်ခင် ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီအကြောင်းကိုလေ့လာရမယ်ဆိုတာကတော့သိရှိပြီးဖြစ်မှာပါ။ အဲဒီထက်ပိုပြီးလေ့လာနိုင်တာကတော့ ကိုယ့်ကိုအင်တာဗျူးမယ့်သူအကြောင်းပါပဲ။အင်တာဗျူးမယ့်သူက ဘယ်သူဆိုတာကိုသိရရင် သူ့အကြောင်းကို Linkedin နဲ့ တခြားသော Social Media တွေမှာပါလေ့လာထားနိုင်ပါတယ်။ ဒီလိုလေ့လာထားမယ်ဆိုရင် အင်တာဗျူးဖြေတဲ့အခါကိုယ်ကအရမ်းကြီးစိတ်လှုပ်ရှားနေတာမျိုးမရှိတော့ပါဘူး။ သူနဲ့ကိုယ်ကြား အကြိုက်တူတာလေးတွေ၊အတွေးအမြင်တူတာလေးတွေကိုပါပြောနိုင်တာမို့ […]

Celine Dion သေဆုံးတယ်ဆိုတာသတင်းအမှားပါ

August 24, 2023 Aung Khant Mon 0

Titanic ရုပ်ရှင်ရဲ့ဇာတ်ဝင်တေးကိုကြားတိုင်း သူမကိုပါတွဲဖက်အမှတ်ရကြတဲ့အဆိုတော် Celine Dion သေဆုံးပြီဆိုတဲ့သတင်းက လူမှုကွန်ရက်မှာတော်တော်လေးပျံ့နှံ့လာခဲ့ပါတယ်။ တကယ်တော့ဒါဟာသတင်းမှားသာဖြစ်တယ်လို့ သူမနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကအတည်ပြုထားပါတယ်။သူမဟာလတ်တလောမှာ Stiff Person Syndrome လို့ခေါ်တဲ့အကြောဆွဲရောဂါ၊ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါဆန်းတစ်မျိုးကိုခံစားနေရတာဖြစ်ပါတယ်။ ဒီရောဂါဟာလူတစ်သန်းမှာ တစ်ယောက်၊နှစ်ယောက်ခန့်သာခံစားရလေ့ရှိတဲ့ရောဂါဆန်းတစ်မျိုးဖြစ်တယ်လို့သိရပါတယ်။ သူမအနေနဲ့လည်း ဒီရောဂါကိုတိုက်ထုတ်ပြီးအသက်ရှင်သန်နိုင်ဖို့တိုက်ပွဲဝင်နေတယ်ဆိုတာကိုသူမ ကိုယ်တိုင်က ထုတ်ဖော်ပြောပြခဲ့ဖူးပါတယ်။လက်ရှိမှာ Celine Dion ရဲ့ Music Tour တွေအားလုံးကိုဖျက်သိမ်းထားရပြီး […]

နောက်ထပ်ဇာတ်လမ်းတွဲအသစ်မှာပါဝင်လာဦးမယ့် ဘုံဆော့

August 24, 2023 Aung Khant Mon 0

မြန်မာပရိသတ်တွေအကြိုက်တွေ့နေတဲ့ Moving ဇာတ်လမ်းတွဲထဲကသရုပ်ဆောင် Lee Jung Ha ကတော့နောက်ထပ်ဇာတ်လမ်းတွဲအသစ်ကိုရိုက်ကူးပြီးစီးနေပြီလို့သိရပါတယ်။ လက်ရှိမှာ Lee Jung Ha ဟာ Moving ဇာတ်လမ်းတွဲထဲက စူပါပါဝါတွေပိုင်ဆိုင်ထားတဲ့ဘုံဆော့ဆိုပြီးနာမည်ကြီးနေပါတယ်။ Lee Jung Ha ပါဝင်မယ့်နောက်ထပ်ဇာတ်လမ်းတွဲတစ်ခုကတော့ One: High School Heroes လို့နာမည်ရပြီး ၂၀၂၀ […]

သူမအိမ်ထောင်ရေးအဆင်မပြေရခြင်းရဲ့နောက်ကွယ်ကအကြောင်းတရားကိုပြောပြတဲ့ Jennifer Aniston

August 24, 2023 Aung Khant Mon 0

လှပမှုနဲ့အတူသရုပ်ဆောင်ကြေးမြင့်မားတဲ့အမျိုးသမီးထဲမှာပါဝင်တဲ့ Jennifer Anistonက သူမရဲ့ Relationship တွေ အဆင်မပြေရခြင်းအကြောင်းနဲ့အသည်းကွဲရခြင်းအကြောင်းအရင်းတွေကိုဖွင့်ဟခဲ့ပါတယ်။သူမဟာ Brad Pitt နဲ့ ၂၀၀၀ ခုနစ်က လက်ထပ်ခဲ့ပြီး ၂၀၀၅ ခုနစ်မှာကွာရှင်းခဲ့ပါတယ်။၂၀၁၁ ခုနစ်မှာ Justin Theroux နဲ့ထပ်မံအိမ်ထောင်ပြုခဲ့ပြီး ၂၀၁၇ ခုနစ်မှာကွာရှင်းပြတ်စဲခဲ့တာဖြစ်ပါတယ်။ Relationship နဲ့ပတ်သက်ပြီး ဒီလိုအဆင်မပြေမှုတွေဟာသူမရဲ့ငယ်ဘဝဖြတ်သန်းမှုတွေကြောင့်ဖြစ်တယ်လို့ သူမကသုံးသပ်ထားပါတယ်။သူမရဲ့အဖေနဲ့အမေဟာ […]

IU ရဲ့ပထမဆုံး Fan Concert ကိုစက်တင်ဘာလထဲပြုလုပ်မယ်

August 23, 2023 Aung Khant Mon 0

I + UN1VER5E လို့နာမည်ပေးထားတဲ့ IU ရဲ့ ပထမဆုံး Fan Concert ကိုစက်တင်ဘာလထဲမှာကျင်းပသွားမယ်လို့သိရပါတယ်။ ဒီ Concert နာမည်ဟာ I + Universe ကိုရည်ညွှန်းတာဖြစ်ပြီး IU နဲ့ IU ရဲ့ Official Fandom Name ဖြစ်တဲ့ […]

အလုပ်အတွက် English စာအမြန်လေ့လာမယ်ဆိုရင်

August 22, 2023 Aung Khant Mon 0

အခုခေတ်မှာ လုပ်ငန်းခွင်ဝင်တော့မယ့်သူတွေအတွက် English စာကပိုမိုအရေးပါလာသလိုလုပ်ငန်းခွင်ထဲကလူတွေအတွက်လည်း English Language ကအခွင့်အလမ်းတွေအများကြီးဖန်တီးပေးနိုင်ပါတယ်။ကိုယ့်ဘဝမှာသိသာတဲ့အချိုးအကွေ့တွေကိုဖန်တီးပေးနိုင်ဖို့ English Language ကရာခိုင်နှုန်းများစွာအရေးပါဆဲပဲဆိုတာ လက်မခံချင်လည်းလက်ခံနေရဦးမှာပါ။ဒါကြောင့်လုပ်ငန်းခွင်ဝင်ခါနီးသူတွေအနေနဲ့ English Language ကိုအမြန်တိုးတက်ချင်ပါတယ်ဆိုရင်ဒီလိုအခြေခံကျတဲ့နည်းတွေနဲ့ လေ့လာနိုင်ဖို့မျှဝေပေးချင်ပါတယ်။ Vocabulary ကိုနေရာတိုင်းမှာသင်ယူပါ အိမ်မှာအိမ်အလုပ်လုပ်နေရင်ပဲဖြစ်ဖြစ်၊ ဈေးဝယ်ထွက်တဲ့အခါပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး Toilet ဝင်နေရင်ပဲဖြစ်ဖြစ် ဘယ်နေရာမှဖြစ်ဖြစ်ဝေါဟာရအသစ်တွေကိုသင်ယူနေသင့်ပါတယ်။သိရှိလာသမျှစကားလုံးအသစ်တွေကို လည်းထပ်ခါထပ်ခါသုံးပေးခြင်းနဲ့မှတ်မိစေနိုင်ပါတယ်။ ဖုန်း […]

သူ့အတွက်မဖြစ်မနေအလိုအပ်ဆုံးသောအရာကိုဖွင့်ဟလိုက်တဲ့ လေဒီဂါဂါ

August 22, 2023 Aung Khant Mon 0

သီချင်းတွေတင်သာမက အပြင်အဆင်နဲ့ Performance တွေကိုလည်းအံ့မခန်းဖန်တီးပြနိုင်တဲ့လေဒီဂါဂါက သူမအတွက်တကယ့်ကိုမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုကို E! News နဲ့အင်တာဗျူးမှာဖွင့်ဟခဲ့ပါတယ်။သူမရဲ့စိတ်ခံစားချက်ကိုဖော်ပြဖို့အတွက်ရော၊ သူမရဲ့ Confidence ကိုတိုးစေဖို့အတွက်ပါမိတ်ကပ်ကမရှိမဖြစ်ပါလို့ဆိုထားပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက သူမဟာရုပ်ရည်နဲ့ပတ်သက်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့ပါးခဲ့ပေမယ့် မိတ်ကပ်လိမ်းလိုက်တဲ့အခါမှာတော့ယုံကြည်မှုကိုရရှိခဲ့တယ်လို့ပြောပြခဲ့တာဖြစ်ပါတယ်။သူမရဲ့စိတ်ခံစားမှုကိုသိချင်ရင် သူမပြင်ဆင်ထားတဲ့ Makeup Look ကနေတဆင့်သိနိုင်တယ်လို့ပြောပါသေးတယ်။လူတိုင်းမှာသူတို့နဲ့လိုက်ဖက်တဲ့မိတ်ကပ်စတိုင်လ်ဆိုတာ သီးသန့်တည်ရှိနေတာပါ။ ဒါကြောင့်မို့ဘယ်သူနဲ့တူချင်တယ်ဆိုတာမျိုးလိုက်မလုပ်ဘဲ ကိုယ်နဲ့အလိုက်ဖက်ဆုံးပြင်ဆင်မှုကိုသာ အမြဲရှာဖွေပါလို့အလှအပရေးရာအတွက် အကြံပြုခဲ့ပါတယ်။၂၀၁၉ ခုနစ်မှာ သူမဟာ […]

ဒါရိုက်တာရင်ပါဝင်တဲ့ Arthdal Chronicles 2 ထွက်ရှိတော့မယ်

August 22, 2023 Aung Khant Mon 0

မြန်မာပရိသတ်တွေကြား ဒါရိုက်တာရင်လို့လူသိများတဲ့ Jang Dong Gun က Arthdal Chronicles 2 ဇာတ်လမ်းတွဲမှာလည်းဆက်လက်ပါဝင်လာပြီး သူ့ရဲ့ Character ကတော့ပြောင်းလဲသွားတယ်လို့ဆိုပါတယ်။Season 2 မှာတော့ သူဟာ လူတွေကြောက်ရွံ့ပြီး အထီးကျန်ဆန်တဲ့ ဘုရင်တစ်ပါးအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Arthdal Chronicles 1 ဇာတ်လမ်းတွဲကိုလွန်ခဲ့တဲ့ ၄ နှစ်ကထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး Lee […]

ပြောင်းလဲမှုသေးသေးလေးလုပ်ပြီး ၅၅ ပေါင်ဝိတ်ချနိုင်ခဲ့တဲ့ Post Malone

August 22, 2023 Aung Khant Mon 0

Post Malone အနေနဲ့ သူ့ရဲ့ Diet ထဲမှာပြောင်းလဲမှုတစ်ခုကိုပြုလုပ်ပြီး သိသိသာသာကိုယ်အလေးချိန်ချနိုင်ခဲ့တဲ့အကြောင်းကိုမျှဝေလာပါတယ်။သူဟာ ကိုယ်အလေးချိန် ၂၄၅ ပေါင်ကနေ ၁၈၅ ပေါင်ခန့်ထိရောက်အောင် ၅၅ပေါင်ဝိတ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဝိတ်ကျသွားဖို့ရိုးရှင်းတဲ့အချက်တစ်ခုကိုပဲပြုလုပ်ခဲ့တာလို့ဆိုပါတယ်။အဲဒါကတော့ အချိုရည်၊ ဆိုဒါကို ဖြတ်လိုက်တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့သူက“ကျွန်တော်ကကိုကာကိုလာနဲ့ရေခဲကို အမြဲလိုသောက်ဖြစ်နေတာပါ။စိတ်ညစ်လာရင်လည်းသောက်မိတယ်။ ပူလွန်းတဲ့အချိန်ဖျော်ဖြေရေးပြီးရင်လည်းအအေးတွေပဲသောက်ဖြစ်တယ်။ ကျွန်တော်အခုလိုဝိတ်ကျသွားတာဆေးသုံးလို့မဟုတ်ပါဘူး။အချိုရည်သောက်တဲ့အကျင့်ကိုသိသိသာသာပြင်လိုက်လို့ပါ၊ပြီးတော့ရေများများသောက်တယ်၊ပရိုတင်းများများစားတယ်။”လို့အင်တာဗျူးတစ်ခုမှာမျှဝေခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနစ်ကဆိုရင် […]

(G)I-Dle က Soyeon နဲ့ Moon Se Hoon တို့ Date နေကြပြီလား

August 21, 2023 Aung Khant Mon 0

(G)I-Dle က Soyeon နဲ့ Single’s Inferno က cast member Moon Se Hoon တို့ကိုဈေးဝယ်စင်တာတစ်ခုမှာ အတူတူတွဲရက်တွေ့ရတာမို့ သူတို့နှစ်ဦး Date နေကြပြီလားဆိုတဲ့အမေးစကားတွေက ပရိသတ်တွေကြားပျံ့နှံ့လို့လာခဲ့တာ တစ်လခန့်ရှိပါပြီ။သူတို့နှစ်ဦးက ဆိုးလ်မှာရှိတဲ့ဈေးဝယ်စင်တာမှာအတူတူငွေရှင်းနေကြတဲ့ပုံကိုတစ်စုံတစ်ယောက်ကရိုက်ကူးထားပြီး အင်တာနက်မှာဖြန့်ဝေလာတာပဲဖြစ်ပါတယ်။အမျိုးသားဝတ်တွေရောင်းနဲ့ Wooyoungmi Brand ဆိုင်မှာအတူတူပိုက်ဆံရှင်းနေတာကိုမြင်တွေ့ရတာမို့အားလုံးက အံ့အားသင့်နေခဲ့ကြတာပါ။ဘာကြောင့်လဲဆိုတာ […]