ကိုယ့်ရဲ့ အွန်လိုင်းဂုဏ်သတင်းကို ဘယ်လိုတည်ဆောက်မလဲ

ဝန်ထမ်းတဦးပဲဖြစ်စေ၊ အဖွဲ့အစည်းကြီးတခုမှာ တာဝန်ကြီးကြီးမားမားယူထားသူပဲဖြစ်စေအွန်လိုင်းပလက်ဖောင်တွေမှာ နာမည်ဂုဏ်သတင်းတည်ဆောက်ဖို့ အရေးကြီးပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေမှာ ကိုယ့်ရဲ့ ဂုဏ်သတင်းကိုဘယ်လိုတည်ဆောက်မလဲဆိုတာ
ဖော်ပြပေးချင်ပါတယ်။

ပို့စ်မတင်ခင်ထပ်ခါ ထပ်ခါ စဉ်းစားပါ

ဒီအချက်က အရေးအကြီးဆုံးပါပဲ။ ကိုယ်ကိုလူတွေကဘယ်လိုလူတယောက်အဖြစ်မြင်ချင်သလဲဆိုတာကို အွန်လိုင်းကနေတည်ဆောက်ပုံဖော်နေကြပါတယ်။ ကိုယ်က အွန်လိုင်းပေါ်မှာဒရာမာတွေခင်းတတ်တဲ့လူမျိုးလား၊ ကိုယ်က အလုပ်အကြောင်းကိုတချိန်လုံးဖောင်းထုနေတတ်တဲ့သူမျိုးလား၊ ကိုယ်က တခြားသူတွေကိုပြစ်တင်ပြောဆိုဝေဖန်နေတတ်တဲ့သူလားစတဲ့ ကိုယ့်ရဲ့တင်လိုက်တဲ့ပို့စ်တွေကနေ
ကိုယ်ကဘယ်လိုလူမျိုးလဲဆိုတာကို အကဲခတ်နိုင်ကြပါတယ်။ ခုနောက်ပိုင်းအလုပ်လျှောက်တဲ့အခါမှာ ကုမ္ပဏီတွေကလူမှုကွန်ရက်အကောင့်တောင်းကြည့်တတ်ကြပါတယ်။ အဲဒီကနေတဆင့်ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ ကိုယ်ဘယ်လိုလူလဲဆိုတာကိုအကြမ်းဖျင်းအကဲ ခတ်တတ်ကြပါတယ်။ ဒါကြောင့် ပို့စ်တခုမတင်ခင်မှာအကြိမ်ကြိမ်ပြန်စဉ်းစားပါ။ တင်သင့်ရဲ့လား…တင်ဖို့လိုအပ်ရဲ့လားဆိုတာကိုပါ။

ပရော်ဖက်ရှင်နယ်အချိတ်အဆက်တွေ တည်ဆောက်ပါ

ကိုယ်က ပရော်ဖက်ရှင်နယ်အဆက်အသွယ်တွေတည်ဆောက်ဖို့ဆိုရင် လိုအပ်တဲ့အချက်ကတော့ကိုယ့်ရဲ့အွန်လိုင်းပရိုဖိုင်ကလည်း ပြည့်စုံနေဖို့လိုပါတယ်။ကိုယ်ဝါသနာပါတဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အချိတ်အဆက်တွေရှာဖွေပြီး ချိတ်ဆက်ဖို့ပါပဲ။ဒီလိုနည်းနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် brand တခုကိုတည်ဆောက်ပါ။ နောက်တခုကတော့ကိုယ့်ရဲ့အကြီးအကဲနဲ့ လူမှုကွန်ရက်မှာ သူငယ်ချင်းဖြစ်နေတာပါ။ကိုယ့်ရဲ့အထက် လူကြီးနဲ့သူငယ်ချင်းဖြစ်ရတာရဲ့ အားသာချက်တွေလည်း ရှိပါတယ်။အဲဒါတွေကတော့ သူရဲ့အိုင်ဒီယာစိတ်ကူးဘယ်လိုရှိတယ်၊ သူဘယ်လိုလူတွေနဲ့ချိတ်ဆက်နေသလဲ၊ သူ့ရဲ့စီးပွားရေးအမြင်က ဘယ်လိုပုံစံသွားနေတယ်ဆိုတာကို အကြမ်းဖျင်းသိရှိနိုင်ပါတယ်။

နောက်ပြီး ကိုယ့်အကောင့်ထဲမှာ အထက်လူကြီးရှိနေတာကြောင့် ပို့စ်တခုခုကိုမျှဝေမယ်လို့ စဉ်းစားတဲ့အခါ နှစ်ခါပြန်စဉ်းစားဖြစ်ပါတယ်။ အထက်လူကြီးမြင်သွားရင်ငါ့ကိုဘယ်လိုမြင်သွားမလဲဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားလာတတ်ပါတယ်။ဒါကြောင့်လည်း အထက် လူကြီးနဲ့ သူငယ်ချင်းဖြစ်ထားတာကလည်း အားသာချက်တခုပါပဲ။အွန်လိုင်းကနေ ဂုဏ်သတင်းတည်ဆောက်တဲ့အခါ ဒီနှစ်ချက်ကတော့
အရေးကြီးဆုံးအချက်နှစ်ခုဖြစ်ပါတယ်။ အွန်လိုင်းကနေ ကိုယ်ဘယ်လိုလူလဲ၊ဘယ်လိုစိတ်နေသဘောထားရှိသလဲဆိုတာကို အကြမ်းဖျင်းအကဲခတ်နိုင်ဖြစ်လို့ပို့စ်တခုခုတင်မယ်စဉ်းစားတိုင်း အခါခါပြန်စဉ်းစားစေချင်ပါတယ်။

MYit

zawgyi

ဝန္ထမ္းတဦးပဲျဖစ္ေစ၊ အဖြဲ႕အစည္းႀကီးတခုမွာ တာဝန္ႀကီးႀကီးမားမားယူထားသူပဲျဖစ္ေစအြန္လိုင္းပလက္ေဖာင္ေတြမွာ နာမည္ဂုဏ္သတင္းတည္ေဆာက္ဖို႔ အေရးႀကီးပါတယ္။လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ကိုယ့္ရဲ႕ ဂုဏ္သတင္းကိုဘယ္လိုတည္ေဆာက္မလဲဆိုတာ
ေဖာ္ျပေပးခ်င္ပါတယ္။

ပို႔စ္မတင္ခင္ထပ္ခါ ထပ္ခါ စဥ္းစားပါ

ဒီအခ်က္က အေရးအႀကီးဆုံးပါပဲ။ ကိုယ္ကိုလူေတြကဘယ္လိုလူတေယာက္အျဖစ္ျမင္ခ်င္သလဲဆိုတာကို အြန္လိုင္းကေနတည္ေဆာက္ပုံေဖာ္ေနၾကပါတယ္။ ကိုယ္က အြန္လိုင္းေပၚမွာဒရာမာေတြခင္းတတ္တဲ့လူမ်ိဳးလား၊ ကိုယ္က အလုပ္အေၾကာင္းကိုတခ်ိန္လုံးေဖာင္းထုေနတတ္တဲ့သူမ်ိဳးလား၊ ကိုယ္က တျခားသူေတြကိုျပစ္တင္ေျပာဆိုေဝဖန္ေနတတ္တဲ့သူလားစတဲ့ ကိုယ့္ရဲ႕တင္လိုက္တဲ့ပို႔စ္ေတြကေန
ကိုယ္ကဘယ္လိုလူမ်ိဳးလဲဆိုတာကို အကဲခတ္ႏိုင္ၾကပါတယ္။ ခုေနာက္ပိုင္းအလုပ္ေလွ်ာက္တဲ့အခါမွာ ကုမၸဏီေတြကလူမႈကြန္ရက္အေကာင့္ေတာင္းၾကည့္တတ္ၾကပါတယ္။ အဲဒီကေနတဆင့္ကိုယ့္ရဲ႕စိတ္ေနသေဘာထားနဲ႔ ကိုယ္ဘယ္လိုလူလဲဆိုတာကိုအၾကမ္းဖ်င္းအကဲ ခတ္တတ္ၾကပါတယ္။ ဒါေၾကာင့္ ပို႔စ္တခုမတင္ခင္မွာအႀကိမ္ႀကိမ္ျပန္စဥ္းစားပါ။ တင္သင့္ရဲ႕လား…တင္ဖို႔လိုအပ္ရဲ႕လားဆိုတာကိုပါ။

ပေရာ္ဖက္ရွင္နယ္အခ်ိတ္အဆက္ေတြ တည္ေဆာက္ပါ

ကိုယ္က ပေရာ္ဖက္ရွင္နယ္အဆက္အသြယ္ေတြတည္ေဆာက္ဖို႔ဆိုရင္ လိုအပ္တဲ့အခ်က္ကေတာ့ကိုယ့္ရဲ႕အြန္လိုင္းပ႐ိုဖိုင္ကလည္း ျပည့္စုံေနဖို႔လိုပါတယ္။ကိုယ္ဝါသနာပါတဲ့လုပ္ငန္းနဲ႔သက္ဆိုင္တဲ့ အခ်ိတ္အဆက္ေတြရွာေဖြၿပီး ခ်ိတ္ဆက္ဖို႔ပါပဲ။ဒီလိုနည္းနဲ႔ ကိုယ့္ရဲ႕ကိုယ္ပိုင္ brand တခုကိုတည္ေဆာက္ပါ။ ေနာက္တခုကေတာ့ကိုယ့္ရဲ႕အႀကီးအကဲနဲ႔ လူမႈကြန္ရက္မွာ သူငယ္ခ်င္းျဖစ္ေနတာပါ။ကိုယ့္ရဲ႕အထက္ လူႀကီးနဲ႔သူငယ္ခ်င္းျဖစ္ရတာရဲ႕ အားသာခ်က္ေတြလည္း ရွိပါတယ္။အဲဒါေတြကေတာ့ သူရဲ႕အိုင္ဒီယာစိတ္ကူးဘယ္လိုရွိတယ္၊ သူဘယ္လိုလူေတြနဲ႔ခ်ိတ္ဆက္ေနသလဲ၊ သူ႔ရဲ႕စီးပြားေရးအျမင္က ဘယ္လိုပုံစံသြားေနတယ္ဆိုတာကို အၾကမ္းဖ်င္းသိရွိႏိုင္ပါတယ္။

ေနာက္ၿပီး ကိုယ့္အေကာင့္ထဲမွာ အထက္လူႀကီးရွိေနတာေၾကာင့္ ပို႔စ္တခုခုကိုမွ်ေဝမယ္လို႔ စဥ္းစားတဲ့အခါ ႏွစ္ခါျပန္စဥ္းစားျဖစ္ပါတယ္။ အထက္လူႀကီးျမင္သြားရင္ငါ့ကိုဘယ္လိုျမင္သြားမလဲဆိုတဲ့အခ်က္ကို ထည့္သြင္းစဥ္းစားလာတတ္ပါတယ္။ဒါေၾကာင့္လည္း အထက္ လူႀကီးနဲ႔ သူငယ္ခ်င္းျဖစ္ထားတာကလည္း အားသာခ်က္တခုပါပဲ။အြန္လိုင္းကေန ဂုဏ္သတင္းတည္ေဆာက္တဲ့အခါ ဒီႏွစ္ခ်က္ကေတာ့
အေရးႀကီးဆုံးအခ်က္ႏွစ္ခုျဖစ္ပါတယ္။ အြန္လိုင္းကေန ကိုယ္ဘယ္လိုလူလဲ၊ဘယ္လိုစိတ္ေနသေဘာထားရွိသလဲဆိုတာကို အၾကမ္းဖ်င္းအကဲခတ္ႏိုင္ျဖစ္လို႔ပို႔စ္တခုခုတင္မယ္စဥ္းစားတိုင္း အခါခါျပန္စဥ္းစားေစခ်င္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*