အင်တာဗျူးဖြေတဲ့အခါကိုယ့်အားနည်းချက်တွေကိုအားသာချက်ဖြစ်သွားအောင်ဘယ်လိုဖြေကြမလဲ
အလုပ်အင်တာဗျူးတစ်ခုမှာ သူဌေးကကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တာရော၊လုပ်ငန်းကျွမ်းကျင်မှုနဲ့ပတ်သက်တာရောစုံစုံစိစိမေးမယ်ဆိုတာကိုကြိုတင်တွက်ဆပြင်ဆင်ထားသင့်ပါတယ်နော်။ အင်တာဗျူးဖြေချိန်မှာကိုယ့်ရဲ့အားနည်းချက်တွေကိုချန်လှပ်ထားလို့မရဘဲ ဖြေရမယ့်အနေ အထားရောက်လာတတ်ပါတယ်။ဒီလိုအချိန်မှာ ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်ဖြစ်သွားအောင်မေးခွန်းတွေကိုဘယ်လိုလှလှပပဖြေဆိုနိုင်မလဲဆိုတဲ့အကြံပြုချက်လေးတွေကိုမျှဝေပေးချင်ပါတယ်နော်။ အရင်အလုပ်ကအခက်အခဲ အရင်အလုပ်မှာဘာတွေအဆင်မပြေတာရှိလဲ၊ ဘာအခက်အခဲတွေရှိခဲ့လဲဆိုတဲ့မေးခွန်းမျိုးကိုအင် တာဗျူးတဲ့သူအားလုံးနီးပါးမေးလေ့ရှိကြပါတယ်။ ဒီလိုအချိန်မှာ အရင်အလုပ်ရှင်ကိုအပြစ်တင်တာ၊လုပ်ငန်းခွင်ကိုအပြစ်တင်ပြောဆိုတာထက် အခက်အခဲတွေကိုကိုယ်ဘယ် လိုကြိုးစားကျော်လွှားခဲ့လဲဆိုတဲ့အချက်ကိုပဲ အလေးပေးပြီးဖြေကြားပေးပါ။ကိုယ်ရခဲ့တဲ့အတွေ့အကြုံတွေကိုအသုံးချပြီး နောက်အလုပ်မှာဘယ်လိုအကျိုးရှိအောင်လုပ်နိုင်မလဲဆိုတာမျိုးကို ပြောပြနိုင်ပါတယ်။ လုပ်ငန်းအတွေ့အကြုံမရှိခြင်း အလုပ်ရှင်ခန့်ထားချင်တဲ့ရာထူးနေရာနဲ့ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံကကိုက်ညီမှုမရှိဘူးဆိုရင်စိတ် ပျက်သွားဖို့မလိုပါဘူး။ အဲဒီရာထူးနေရာကိုမလုပ်ဖူးပေမယ့် ကျွန်တော်၊ကျွန်မကဒီဘက်အပိုင်းမှာပိုအတွေ့အကြုံများခဲ့တော့ […]