လစာတိုးဖို့အဆင်သင့်ဖြစ်နေသူများ

အခွင့်အလမ်းဆိုတာကကိုယ့်ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်တန်းရောက်လာတတ်တဲ့အရာမျိုးမဟုတ်ပါဘူး။ အလုပ်မှာရာထူးတိုးချင်တယ်၊ လစာတိုးချင်တယ်ဆိုပြီး မကြိုးစားဘဲနေရင်တော့ မဖြစ်နိုင်တာကိုတမ်းတမိနေတာပဲဖြစ်ပါလိမ့်မယ်။ ကိုယ်ဟာရာထူးတိုးဖို့၊ လစာတိုးဖို့ ရယ်ဒီဖြစ်နေပြီဆိုတာကိုဒီအချက်တွေနဲ့ ကိုယ့်မန်နေဂျာကို၊ ကိုယ့်အထက်လူကြီးကို သိစေနိုင်ပါတယ်။

1. ကိုယ့်အလုပ်ကိုတာဝန်ကျေအောင်လုပ်တာကအလုပ်မပြုတ်အောင်ထိန်းထားနိုင်တယ်ဆိုတာသေချာပါတယ်။ဒါပေမဲ့ တာဝန်ကျေတာထက်ပိုပြီးကြိုးစားခဲ့ရင်တော့ ကိုယ့်ကိုသတိထားမိလာမှာအသေအချာပါပဲ။ခိုင်းတဲ့အလုပ်တိုင်းကိုအချိန်မီပေးမယ်၊ ကိုယ့်ရဲ့ Management Skills ကိုပြသမယ်၊ Communication ၊ Collaboration ကောင်းမယ် စတဲ့အချက်တွေကိုထင်ထင်ရှားရှားပြသတတ်ဖို့လိုပါတယ်။

2. ရာထူးတိုးတယ်ဆိုတာ တာဝန်တွေတိုးပေးလိုက်တဲ့သဘောပါပဲ။ ဒါ့ကြောင့်ကိုယ်ဟာတာဝန်ယူနိုင်သူ၊ အလုပ်တွေအများကြီးကိုကိုင် တွယ်နိုင်သူဆိုတာ ပြသဖို့လိုပါတယ်။ဒါ့ကြောင့် တခြားပရောဂျက်တွေကို ဝင်ကူကြည့်ပါ။ တာဝန်ယူကြည့်ပါ။ ဖြေရှင်းနည်းနဲ့ Idea တွေပေးကြည့်ပါ။ ကိုယ်ဟာလက်ရှိထက် အလုပ်ပိုလုပ်နိုင်သူဆိုတာ ပြသနိုင်ဖို့လိုပါတယ်။

3. ကိုယ်လိုချင်တဲ့ရာထူးနဲ့ ငွေကြေးကို စိတ်ကူးယဉ်မြင်ယောင်ကြည့်ပါ Fake it till you make it ဆိုတဲ့စကားကိုကြားဖူးမှာပါ။ ကိုယ်ပြင်းပြင်းပြပြလိုချင်တဲ့အရာဆိုရင်တကယ်ရလာတတ်ပါတယ်။ ရဖို့နည်းလမ်းတွေကိုလည်း ပိုပြီးတွေးတောလာနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့်ကိုယ်ဒီ့ထက်မြင့်တဲ့ရာထူးရခဲ့ရင် ဘာတွေလုပ်နေမလဲ၊ ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ၊ customer တွေကိုဘယ်လိုဆက်ဆံမလဲစတဲ့ ကြိုတင်မြင်ယောင်ကြည့်မှုတွေလိုပါတယ်။

4. အမြင်မတော်တာတွေ့ရင်ဝင်လုပ်လိုက်ပါ တခြားသူတွေမနိုင်မနင်းဖြစ်နေတဲ့အလုပ်ဆိုရင် ကူပေးရမလားမေးမနေဘဲ ဝင်ကူလိုက်ပါ။
ဒါတွေက ကိုယ်နဲ့လုပ်ဖော်ကိုင်ဖက်တွေကြား Healthy Relationship ဖြစ်စေပြီး ရာထူးတိုး၊လစာတိုးရေးမှာ အသုံးဝင်လာပါလိမ့်မယ်။
နောက်ဆုံးအချုပ်အနေနဲ့ပြောရရင်တော့ အလုပ်ကိုအပြည့်အဝအာရုံစိုက်ပြီးအပေါ်ကအချက်တွေပါအောင်ကြိုးစားနိုင်မယ်ဆိုရင်ရာထူး တိုး၊လစာတိုးဖို့သင်ဟာအဆင်သင့်ဖြစ်နေပါပြီ။

Ju Ju

zawgyi

အခြင့္အလမ္းဆိုတာကကိုယ့္ဆီကိုဆိုက္ဆိုက္ၿမိဳက္ၿမိဳက္တန္းေရာက္လာတတ္တဲ့အရာမ်ိဳးမဟုတ္ပါဘူး။ အလုပ္မွာရာထူးတိုးခ်င္တယ္၊ လစာတိုးခ်င္တယ္ဆိုၿပီး မႀကိဳးစားဘဲေနရင္ေတာ့ မျဖစ္ႏိုင္တာကိုတမ္းတမိေနတာပဲျဖစ္ပါလိမ့္မယ္။ ကိုယ္ဟာရာထူးတိုးဖို႔၊ လစာတိုးဖို႔ ရယ္ဒီျဖစ္ေနၿပီဆိုတာကိုဒီအခ်က္ေတြနဲ႔ ကိုယ့္မန္ေနဂ်ာကို၊ ကိုယ့္အထက္လူႀကီးကို သိေစႏိုင္ပါတယ္။

1. ကိုယ့္အလုပ္ကိုတာဝန္ေက်ေအာင္လုပ္တာကအလုပ္မျပဳတ္ေအာင္ထိန္းထားႏိုင္တယ္ဆိုတာေသခ်ာပါတယ္။ဒါေပမဲ့ တာဝန္ေက်တာထက္ပိုၿပီးႀကိဳးစားခဲ့ရင္ေတာ့ ကိုယ့္ကိုသတိထားမိလာမွာအေသအခ်ာပါပဲ။ခိုင္းတဲ့အလုပ္တိုင္းကိုအခ်ိန္မီေပးမယ္၊ ကိုယ့္ရဲ႕ Management Skills ကိုျပသမယ္၊ Communication ၊ Collaboration ေကာင္းမယ္ စတဲ့အခ်က္ေတြကိုထင္ထင္ရွားရွားျပသတတ္ဖို႔လိုပါတယ္။

2. ရာထူးတိုးတယ္ဆိုတာ တာဝန္ေတြတိုးေပးလိုက္တဲ့သေဘာပါပဲ။ ဒါ့ေၾကာင့္ကိုယ္ဟာတာဝန္ယူႏိုင္သူ၊ အလုပ္ေတြအမ်ားႀကီးကိုကိုင္ တြယ္ႏိုင္သူဆိုတာ ျပသဖို႔လိုပါတယ္။ဒါ့ေၾကာင့္ တျခားပေရာဂ်က္ေတြကို ဝင္ကူၾကည့္ပါ။ တာဝန္ယူၾကည့္ပါ။ ေျဖရွင္းနည္းနဲ႔ Idea ေတြေပးၾကည့္ပါ။ ကိုယ္ဟာလက္ရွိထက္ အလုပ္ပိုလုပ္ႏိုင္သူဆိုတာ ျပသႏိုင္ဖို႔လိုပါတယ္။

3. ကိုယ္လိုခ်င္တဲ့ရာထူးနဲ႔ ေငြေၾကးကို စိတ္ကူးယဥ္ျမင္ေယာင္ၾကည့္ပါ Fake it till you make it ဆိုတဲ့စကားကိုၾကားဖူးမွာပါ။ ကိုယ္ျပင္းျပင္းျပျပလိုခ်င္တဲ့အရာဆိုရင္တကယ္ရလာတတ္ပါတယ္။ ရဖို႔နည္းလမ္းေတြကိုလည္း ပိုၿပီးေတြးေတာလာႏိုင္ပါလိမ့္မယ္။ ဒါ့ေၾကာင့္ကိုယ္ဒီ့ထက္ျမင့္တဲ့ရာထူးရခဲ့ရင္ ဘာေတြလုပ္ေနမလဲ၊ ျပႆနာေတြကိုဘယ္လိုေျဖရွင္းမလဲ၊ customer ေတြကိုဘယ္လိုဆက္ဆံမလဲစတဲ့ ႀကိဳတင္ျမင္ေယာင္ၾကည့္မႈေတြလိုပါတယ္။

4. အျမင္မေတာ္တာေတြ႕ရင္ဝင္လုပ္လိုက္ပါ တျခားသူေတြမႏိုင္မနင္းျဖစ္ေနတဲ့အလုပ္ဆိုရင္ ကူေပးရမလားေမးမေနဘဲ ဝင္ကူလိုက္ပါ။
ဒါေတြက ကိုယ္နဲ႔လုပ္ေဖာ္ကိုင္ဖက္ေတြၾကား Healthy Relationship ျဖစ္ေစၿပီး ရာထူးတိုး၊လစာတိုးေရးမွာ အသုံးဝင္လာပါလိမ့္မယ္။
ေနာက္ဆုံးအခ်ဳပ္အေနနဲ႔ေျပာရရင္ေတာ့ အလုပ္ကိုအျပည့္အဝအာ႐ုံစိုက္ၿပီးအေပၚကအခ်က္ေတြပါေအာင္ႀကိဳးစားႏိုင္မယ္ဆိုရင္ရာထူး တိုး၊လစာတိုးဖို႔သင္ဟာအဆင္သင့္ျဖစ္ေနပါၿပီ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*