အသက် 30 မှာ အသက်မွေးဝမ်းကျောင်းပြောင်းမယ့်သူတွေအတွက် အချက် 4 ချက်

အသက် 30 မှာ Career ပြောင်းလဲတာက ‌နောက်ကျနေပြီလို့လည်းမဆိုနိုင်သလိုမနောက်ကျသေးဘူးလို့လည်းပြောရခက်ပြန်ပါတယ်။ ဒီအရွယ်မှာ Career ပြောင်းတာကရွေးချယ်ခွင့်တွေများပြားနေသေးတာမှန်ပေမယ့်သေသေချာချာစဥ်းစားဆုံးဖြတ်ဖို့ကလည်းအရေးကြီးလှပါတယ်။အသက် 30 အရွယ်မှာ Career ပြောင်းမယ်ဆိုရင် ဒါကိုအဆင်ပြေချောမွေ့စေမယ့် နည်းလမ်း 4 ချက်ရှိပါတယ်။ ဒီ 4 ချက်ကို သိရှိထားမယ်ဆိုရင်ကိုယ်ပြုလုပ်တဲ့အပြောင်းအလဲမှာအမှားအယွင်းနည်းပြီး အောင်မြင်တဲ့ Career Change တစ်ခုဖြစ်စေပါလိမ့်မယ်။

အချိန်ယူပြီးတဆင့်ပြီးတဆင့်လုပ်ဆောင်ပါ
ဒီအရွယ်မှာ Career ပြောင်းတယ်ဆိုတာက ဒီနေ့ပဲအလုပ်ထွက်နောက်နေ့တခြားနယ်ပယ်မှာတခြား Position တစ်ခုနဲ့အလုပ်လုပ်ဆိုတာမျိုးမလုပ်ကြမှာတော့သေချာပါတယ်။ အသက် 30 မှာ Career ပြောင်းတာက ကြိုတင်အချိန်ယူပြင်ဆင်ပြီးမှလုပ်သင့်တဲ့အလုပ်ပါ။ ကိုယ်ပြောင်းချင်တဲ့နယ်ပယ်အတွက်သင်တန်းတွေတက်တာ၊ အဲဒီနယ်ပယ်အကြောင်းအတွင်းကျကျစုံစမ်းလေ့လာတာ၊အားလပ်ချိန်မှာလုပ် အားပေးအရင်လုပ်ကိုင်ကြည့်တာစသဖြင့်တဆင့်ပြီးတဆင့်ပြင်ဆင်ချဥ်းကပ်သွားရတာမျိုးဖြစ်ပါတယ်။ဒီလို စောနိုင်သမျှစောစောပြ င်ဆင်ပြောင်းလဲတာက အမှားအနည်းဆုံးဖြစ်ပါတယ်။

ရာထူးကိုအာရုံမစိုက်ပါနဲ့
Career အသစ်ပြောင်းချိန်မှာ ငါဒီရာထူးရမှဖြစ်မယ်ဆိုတာမျိုးမတွေးဘဲ ရေရှည်အတွက်အောင်မြင်မှုတည်ဆောက်နိုင်ဖို့ကိုတွေးရမှာဖြစ်ပါတယ်။ ဘယ်နေရာကငါ့အတွက် အချိတ်အဆက်ကောင်းကောင်း၊အတွေ့အကြုံကောင်းကောင်းတွေရမလဲ၊ ဘယ်နေရာက ဒီ Career နဲ့ပတ်သက်ပြီးငါ့ကိုအမြန်ဆုံးနားလည်တတ်ကျွမ်းစေမလဲဆိုတာကိုသာ အာရုံစိုက်ရမှာဖြစ်ပါတယ်။လစာအနည်းအများထက် ဝန်ထမ်းတွေကိုတန်ဖိုးထားတဲ့ ဝန်ထမ်းတွေရဲ့တိုးတက်မှုကိုဖန်တီးပေးနိုင်တဲ့ကုမ္ပဏီမျိုးတွေကိုရွေးသင့်ပါတယ်။

အကောင်းမြင်စိတ်အမြဲထားပါ
Career အသစ်၊ အလုပ်အသစ်ဟာ အရင်အလုပ်ထက်တော့ပိုခက်ခဲမှာပဲဖြစ်ပါတယ်။အဆင်မပြေမှုတွေ၊ စိတ်ဓာတ်ကျစရာတွေကြုံလာရနိုင်တာလည်းအမှန်ပါပဲ။ ဒီအချိန်မှာအကောင်းမြင်စိတ်ထားပြီး ရှေ့ဆက်နိုင်ဖို့အရေးကြီးပါတယ်။ ဘာ့ကြောင့် ဒီ Career ကိုရွေးခဲ့တာလဲဆိုတဲ့ ကိုယ့်ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ စိတ်နေသဘောထားကို ပြန်ပြန်တွေးပြီးခက်ခဲတဲ့နေ့ရက်တွေကိုကျော်ဖြတ်နိုင်ဖို့လိုပါတယ်။

ပညာနှင့်လေ့လာမှုကိုပေါင်းစပ်ပါ
Career တစ်ခုကို မပြောင်းခင်၊ ပြောင်းနေတုန်းနဲ့ ပြောင်းပြီးအချိန်တွေအထိ ဒီ Career အပေါ်စဥ်ဆက်မပြတ်လေ့လာမှုလုပ်နေသင့်ပါတယ်။ ကိုယ်က Career အသစ်တစ်ခုအတွက်လေ့လာမှုတွေ၊ Skills တွေဆက်တိုက်ဖြည့်နေခဲ့ရင် အချိန်တိုအတွင်းကျွမ်းကျင်သူဖြစ်လာနိုင်ပါတယ်။ အမြဲတမ်းသိလိုတတ်လိုစိတ် ပြင်းထန်နေဖို့တော့လိုပါတယ်။အပြောင်းအလဲတစ်ခုလုပ်တဲ့အခါ ကိုယ်ကသာကိုယ့်ရဲ့သခင်ဖြစ်တဲ့အတွက် ဘေးလူတွေအားပေးမှုရှိရှိ ၊မရှိရှိ ကိုယ့်ဘာသာအားတင်းပြီး ရှေ့ဆက်ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ပြောင်းလဲနိုင်စွမ်းကိုကိုယ်မယုံကြည်ဘူးဆိုရင် တခြားသူတွေကယုံကြည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါ့ကြောင့်အပေါ်မှာဖော်ပြထားတဲ့အချက်လေးတွေအတိုင်း စဥ်းစားပြင်ဆင်မယ်ဆိုရင် အသက် 30 မှ Career ပြောင်းပေမယ့်လည်း အောင်မြင်မှုကိုအချိန်တိုအတွင်းတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

အသက္ 30 မွာ Career ေျပာင္းလဲတာက ‌ေနာက္က်ေနၿပီလို႔လည္းမဆိုႏိုင္သလိုမေနာက္က်ေသးဘူးလို႔လည္းေျပာရခက္ျပန္ပါတယ္။ ဒီအ႐ြယ္မွာ Career ေျပာင္းတာကေ႐ြးခ်ယ္ခြင့္ေတြမ်ားျပားေနေသးတာမွန္ေပမယ့္ေသေသခ်ာခ်ာစဥ္းစားဆုံးျဖတ္ဖို႔ကလည္းအေရးႀကီးလွပါတယ္။အသက္ 30 အ႐ြယ္မွာ Career ေျပာင္းမယ္ဆိုရင္ ဒါကိုအဆင္ေျပေခ်ာေမြ႕ေစမယ့္ နည္းလမ္း 4 ခ်က္ရွိပါတယ္။ ဒီ 4 ခ်က္ကို သိရွိထားမယ္ဆိုရင္ကိုယ္ျပဳလုပ္တဲ့အေျပာင္းအလဲမွာအမွားအယြင္းနည္းၿပီး ေအာင္ျမင္တဲ့ Career Change တစ္ခုျဖစ္ေစပါလိမ့္မယ္။

အခ်ိန္ယူၿပီးတဆင့္ၿပီးတဆင့္လုပ္ေဆာင္ပါ
ဒီအ႐ြယ္မွာ Career ေျပာင္းတယ္ဆိုတာက ဒီေန႔ပဲအလုပ္ထြက္ေနာက္ေန႔တျခားနယ္ပယ္မွာတျခား Position တစ္ခုနဲ႔အလုပ္လုပ္ဆိုတာမ်ိဳးမလုပ္ၾကမွာေတာ့ေသခ်ာပါတယ္။ အသက္ 30 မွာ Career ေျပာင္းတာက ႀကိဳတင္အခ်ိန္ယူျပင္ဆင္ၿပီးမွလုပ္သင့္တဲ့အလုပ္ပါ။ ကိုယ္ေျပာင္းခ်င္တဲ့နယ္ပယ္အတြက္သင္တန္းေတြတက္တာ၊ အဲဒီနယ္ပယ္အေၾကာင္းအတြင္းက်က်စုံစမ္းေလ့လာတာ၊အားလပ္ခ်ိန္မွာလုပ္ အားေပးအရင္လုပ္ကိုင္ၾကည့္တာစသျဖင့္တဆင့္ၿပီးတဆင့္ျပင္ဆင္ခ်ဥ္းကပ္သြားရတာမ်ိဳးျဖစ္ပါတယ္။ဒီလို ေစာႏိုင္သမွ်ေစာေစာျပ င္ဆင္ေျပာင္းလဲတာက အမွားအနည္းဆုံးျဖစ္ပါတယ္။

ရာထူးကိုအာ႐ုံမစိုက္ပါနဲ႔
Career အသစ္ေျပာင္းခ်ိန္မွာ ငါဒီရာထူးရမွျဖစ္မယ္ဆိုတာမ်ိဳးမေတြးဘဲ ေရရွည္အတြက္ေအာင္ျမင္မႈတည္ေဆာက္ႏိုင္ဖို႔ကိုေတြးရမွာျဖစ္ပါတယ္။ ဘယ္ေနရာကငါ့အတြက္ အခ်ိတ္အဆက္ေကာင္းေကာင္း၊အေတြ႕အႀကဳံေကာင္းေကာင္းေတြရမလဲ၊ ဘယ္ေနရာက ဒီ Career နဲ႔ပတ္သက္ၿပီးငါ့ကိုအျမန္ဆုံးနားလည္တတ္ကြၽမ္းေစမလဲဆိုတာကိုသာ အာ႐ုံစိုက္ရမွာျဖစ္ပါတယ္။လစာအနည္းအမ်ားထက္ ဝန္ထမ္းေတြကိုတန္ဖိုးထားတဲ့ ဝန္ထမ္းေတြရဲ႕တိုးတက္မႈကိုဖန္တီးေပးႏိုင္တဲ့ကုမၸဏီမ်ိဳးေတြကိုေ႐ြးသင့္ပါတယ္။

အေကာင္းျမင္စိတ္အၿမဲထားပါ
Career အသစ္၊ အလုပ္အသစ္ဟာ အရင္အလုပ္ထက္ေတာ့ပိုခက္ခဲမွာပဲျဖစ္ပါတယ္။အဆင္မေျပမႈေတြ၊ စိတ္ဓာတ္က်စရာေတြႀကဳံလာရႏိုင္တာလည္းအမွန္ပါပဲ။ ဒီအခ်ိန္မွာအေကာင္းျမင္စိတ္ထားၿပီး ေရွ႕ဆက္ႏိုင္ဖို႔အေရးႀကီးပါတယ္။ ဘာ့ေၾကာင့္ ဒီ Career ကိုေ႐ြးခဲ့တာလဲဆိုတဲ့ ကိုယ့္ရဲ႕ခိုင္မာတဲ့ဆုံးျဖတ္ခ်က္နဲ႔ စိတ္ေနသေဘာထားကို ျပန္ျပန္ေတြးၿပီးခက္ခဲတဲ့ေန႔ရက္ေတြကိုေက်ာ္ျဖတ္ႏိုင္ဖို႔လိုပါတယ္။

ပညာႏွင့္ေလ့လာမႈကိုေပါင္းစပ္ပါ
Career တစ္ခုကို မေျပာင္းခင္၊ ေျပာင္းေနတုန္းနဲ႔ ေျပာင္းၿပီးအခ်ိန္ေတြအထိ ဒီ Career အေပၚစဥ္ဆက္မျပတ္ေလ့လာမႈလုပ္ေနသင့္ပါတယ္။ ကိုယ္က Career အသစ္တစ္ခုအတြက္ေလ့လာမႈေတြ၊ Skills ေတြဆက္တိုက္ျဖည့္ေနခဲ့ရင္ အခ်ိန္တိုအတြင္းကြၽမ္းက်င္သူျဖစ္လာႏိုင္ပါတယ္။ အၿမဲတမ္းသိလိုတတ္လိုစိတ္ ျပင္းထန္ေနဖို႔ေတာ့လိုပါတယ္။အေျပာင္းအလဲတစ္ခုလုပ္တဲ့အခါ ကိုယ္ကသာကိုယ့္ရဲ႕သခင္ျဖစ္တဲ့အတြက္ ေဘးလူေတြအားေပးမႈရွိရွိ ၊မရွိရွိ ကိုယ့္ဘာသာအားတင္းၿပီး ေရွ႕ဆက္ရမွာျဖစ္ပါတယ္။ကိုယ့္ရဲ႕ေျပာင္းလဲႏိုင္စြမ္းကိုကိုယ္မယုံၾကည္ဘူးဆိုရင္ တျခားသူေတြကယုံၾကည္ဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။ဒါ့ေၾကာင့္အေပၚမွာေဖာ္ျပထားတဲ့အခ်က္ေလးေတြအတိုင္း စဥ္းစားျပင္ဆင္မယ္ဆိုရင္ အသက္ 30 မွ Career ေျပာင္းေပမယ့္လည္း ေအာင္ျမင္မႈကိုအခ်ိန္တိုအတြင္းတည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*