အတွေ့ရအများဆုံး Personality 5 ခုနဲ့ လိုက်ဖက်သောအလုပ်များ

အလုပ်ရှင်နဲ့မန်နေဂျာတွေက အလုပ်လျှောက်သူတွေကိုဆန်းစစ်တဲ့နေရာမှာ Personality ကိုစစ်ဆေးတဲ့စာမေးပွဲလေးတွေလုပ်ရတာကိုနှစ်သက်ကြပါတယ်။ Personality ကိုစစ်ဆေးတာကသင်နဲ့ဒီအလုပ်တကယ်သင့်တော်၊ မတော်ကိုဆုံးဖြတ်ချက်ချရာမှာပိုလွယ်ကူစေပါတယ်။ 20 ရာစုအလယ်ပိုင်းမှာ သုတေသီတွေက Personality လက္ခဏာရပ် 5 ခုကိုသတ်မှတ်ခဲ့ကြပါတယ်။ဒီလက္ခဏာရပ် 5ခုကိုအသုံး ချပြီးကိုယ်နဲ့အသင့်တော်ဆုံးအလုပ်တွေကိုမှန်မှန်ကန်ကန်ရွေးချယ်ကြည့်နိုင်ပါတယ်။ဒီ 5 မျိုးဟာ Openness၊ Conscientiousness၊ Extroversion၊ Agreeableness နဲ့ Neuroticism တို့ဖြစ်ပါတယ်။

– Openness သမားကတော့ Open-minded ဖြစ်သူ၊ စိတ်ကူးယဥ်ဆန်သူ၊ Creative ဖြစ်သူ၊အသစ်အဆန်းနဲ့ စွန့်စားရခြင်းတွေကိုစိတ် ဝင်စားသူတွေဖြစ်ကြပါတယ်။ ကြိုတင် Plan ချတာတွေ၊ ဗျူဟာချမှတ်တာတွေထက် ကြုံလာသမျှကိုဘယ်လိုအဆင်ပြေအောင်ဖြေရှင်းမလဲဆိုတဲ့ နေရာမှာပိုတော်ကြပါတယ်။ ဒီလိုလူမျိုးတွေက Tour Guide ၊ Pilot စတဲ့အလုပ်မျိုးတွေလုပ်သင့်ပါတယ်။

– Conscientiousness သမားကတော့ ကျောင်းကိုအချိန်မှန်လာသူ၊စာအုပ်တွေကိုသူ့နေရာနဲ့သူစနစ်တကျရှိနေမှကြိုက်သူ၊ အောင်မြင်မှုကိုစိတ်ဝင်စားသူတွေဖြစ်ကြပါတယ်။သူတို့တွေကအလေးအနက်ထားတတ်သူတွေမို့ကုမ္ပဏီတွေမှာလည်း သူတို့ဟာမှန်ကန်တဲ့ဆုံးဖြတ် ချက်ချနိုင်ကြပါတယ်။ ဒါ့ကြောင့်ခေါင်းဆောင်နေရာရမယ့်သူတွေ လို့ဆိုနိုင်ပါတယ်။ သူတို့တွေဟာ Accountant ၊ Sales Manager စတဲ့အလုပ်မျိုးတွေနဲ့ကိုက်ညီပါတယ်။

– Extroversion အမျိုးအစားကတော့ ပေါင်းသင်းဆက်ဆံရေးကောင်း၊စကားတွေအများကြီးပြောနိုင်၊ လူတွေကြားနေရတာသဘောကျပြီးလူတွေရဲ့စိတ်ဝင်စားအာရုံစိုက်မှုရခြင်းကိုလည်း နှစ်သက်တတ်ကြသူတွေဖြစ်ပါတယ်။ဒီလိုလူမျိုးတွေကတော့ Event Planner ၊ Personal Trainer စတဲ့အလုပ်မျိုးတွေနဲ့အဆင်ပြေသင့်တော်ပါတယ်။

– Agreeableness တွေကတော့ ယဥ်ကျေးဖော်ရွေတတ်သူ၊ အများနဲ့ပူးပေါင်းလုပ်ဆောင်တတ်သူ၊ရင်းနှီးခင်မင်လွယ်သူမျိုးတွေဖြစ်ကြပါတယ်။ လူအများအဆင်ပြေကျေနပ်ဖို့ကိုအလေးပေးသူတွေမို့ တစ်ခါတလေသူတို့ဘာလိုချင်တယ်၊ ဘာလိုနေတယ်ဆိုတာကိုတောင်မတွေးမိသူတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုလူမျိုးတွေက မူကြိုဆရာမ၊ HR Specialist အလုပ်တွေနဲ့သင့်တော်ပါတယ်။

– Neuroticism တွေကတော့ စိတ်ခံစားချက်ပြင်းထန်သူ၊ ကိုယ့်စိတ်ကိုထိန်းနိုင်ဖို့ကြိုးစားနေရသူမျိုး ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေအနေနဲ့ စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိမယ်ဆိုရင်တော့လူမှုဝန်ထမ်းအလုပ်တွေ၊စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အလုပ်မျိုးတွေကိုလုပ်ကိုင်လို့ရပါတယ်။
ဒါတွေကတော့ လူတွေရဲ့ အဓိက Personality 5 ခုနဲ့သူတို့နဲ့လိုက်ဖက်တဲ့အလုပ်တွေပဲဖြစ်ပါတယ်။ တချို့တွေမှာ‌တော့ကောင်းမွန်တဲ့လက္ခဏာရပ်တွေနှစ်မျိုးလောက်ရောယှက်နေတတ်တာမို့အလုပ်ရွေးချယ်စရာလည်း ပိုပေါများနိုင်ပါတယ်နော်။

Ju Ju

zawgyi

အလုပ္ရွင္နဲ႔မန္ေနဂ်ာေတြက အလုပ္ေလွ်ာက္သူေတြကိုဆန္းစစ္တဲ့ေနရာမွာ Personality ကိုစစ္ေဆးတဲ့စာေမးပြဲေလးေတြလုပ္ရတာကိုႏွစ္သက္ၾကပါတယ္။ Personality ကိုစစ္ေဆးတာကသင္နဲ႔ဒီအလုပ္တကယ္သင့္ေတာ္၊ မေတာ္ကိုဆုံးျဖတ္ခ်က္ခ်ရာမွာပိုလြယ္ကူေစပါတယ္။ 20 ရာစုအလယ္ပိုင္းမွာ သုေတသီေတြက Personality လကၡဏာရပ္ 5 ခုကိုသတ္မွတ္ခဲ့ၾကပါတယ္။ဒီလကၡဏာရပ္ 5ခုကိုအသုံး ခ်ၿပီးကိုယ္နဲ႔အသင့္ေတာ္ဆုံးအလုပ္ေတြကိုမွန္မွန္ကန္ကန္ေ႐ြးခ်ယ္ၾကည့္ႏိုင္ပါတယ္။ဒီ 5 မ်ိဳးဟာ Openness၊ Conscientiousness၊ Extroversion၊ Agreeableness နဲ႔ Neuroticism တို႔ျဖစ္ပါတယ္။

– Openness သမားကေတာ့ Open-minded ျဖစ္သူ၊ စိတ္ကူးယဥ္ဆန္သူ၊ Creative ျဖစ္သူ၊အသစ္အဆန္းနဲ႔ စြန႔္စားရျခင္းေတြကိုစိတ္ ဝင္စားသူေတြျဖစ္ၾကပါတယ္။ ႀကိဳတင္ Plan ခ်တာေတြ၊ ဗ်ဴဟာခ်မွတ္တာေတြထက္ ႀကဳံလာသမွ်ကိုဘယ္လိုအဆင္ေျပေအာင္ေျဖရွင္းမလဲဆိုတဲ့ ေနရာမွာပိုေတာ္ၾကပါတယ္။ ဒီလိုလူမ်ိဳးေတြက Tour Guide ၊ Pilot စတဲ့အလုပ္မ်ိဳးေတြလုပ္သင့္ပါတယ္။

– Conscientiousness သမားကေတာ့ ေက်ာင္းကိုအခ်ိန္မွန္လာသူ၊စာအုပ္ေတြကိုသူ႔ေနရာနဲ႔သူစနစ္တက်ရွိေနမွႀကိဳက္သူ၊ ေအာင္ျမင္မႈကိုစိတ္ဝင္စားသူေတြျဖစ္ၾကပါတယ္။သူတို႔ေတြကအေလးအနက္ထားတတ္သူေတြမို႔ကုမၸဏီေတြမွာလည္း သူတို႔ဟာမွန္ကန္တဲ့ဆုံးျဖတ္ ခ်က္ခ်ႏိုင္ၾကပါတယ္။ ဒါ့ေၾကာင့္ေခါင္းေဆာင္ေနရာရမယ့္သူေတြ လို႔ဆိုႏိုင္ပါတယ္။ သူတို႔ေတြဟာ Accountant ၊ Sales Manager စတဲ့အလုပ္မ်ိဳးေတြနဲ႔ကိုက္ညီပါတယ္။

– Extroversion အမ်ိဳးအစားကေတာ့ ေပါင္းသင္းဆက္ဆံေရးေကာင္း၊စကားေတြအမ်ားႀကီးေျပာႏိုင္၊ လူေတြၾကားေနရတာသေဘာက်ၿပီးလူေတြရဲ႕စိတ္ဝင္စားအာ႐ုံစိုက္မႈရျခင္းကိုလည္း ႏွစ္သက္တတ္ၾကသူေတြျဖစ္ပါတယ္။ဒီလိုလူမ်ိဳးေတြကေတာ့ Event Planner ၊ Personal Trainer စတဲ့အလုပ္မ်ိဳးေတြနဲ႔အဆင္ေျပသင့္ေတာ္ပါတယ္။

– Agreeableness ေတြကေတာ့ ယဥ္ေက်းေဖာ္ေ႐ြတတ္သူ၊ အမ်ားနဲ႔ပူးေပါင္းလုပ္ေဆာင္တတ္သူ၊ရင္းႏွီးခင္မင္လြယ္သူမ်ိဳးေတြျဖစ္ၾကပါတယ္။ လူအမ်ားအဆင္ေျပေက်နပ္ဖို႔ကိုအေလးေပးသူေတြမို႔ တစ္ခါတေလသူတို႔ဘာလိုခ်င္တယ္၊ ဘာလိုေနတယ္ဆိုတာကိုေတာင္မေတြးမိသူေတြ ျဖစ္တတ္ၾကပါတယ္။ ဒီလိုလူမ်ိဳးေတြက မူႀကိဳဆရာမ၊ HR Specialist အလုပ္ေတြနဲ႔သင့္ေတာ္ပါတယ္။

– Neuroticism ေတြကေတာ့ စိတ္ခံစားခ်က္ျပင္းထန္သူ၊ ကိုယ့္စိတ္ကိုထိန္းႏိုင္ဖို႔ႀကိဳးစားေနရသူမ်ိဳး ျဖစ္ပါတယ္။ ဒီလိုလူမ်ိဳးေတြအေနနဲ႔ စိတ္ဖိစီးမႈကိုခံႏိုင္ရည္ရွိမယ္ဆိုရင္ေတာ့လူမႈဝန္ထမ္းအလုပ္ေတြ၊စိတ္က်န္းမာေရးနဲ႔ပတ္သက္တဲ့အလုပ္မ်ိဳးေတြကိုလုပ္ကိုင္လို႔ရပါတယ္။
ဒါေတြကေတာ့ လူေတြရဲ႕ အဓိက Personality 5 ခုနဲ႔သူတို႔နဲ႔လိုက္ဖက္တဲ့အလုပ္ေတြပဲျဖစ္ပါတယ္။ တခ်ိဳ႕ေတြမွာ‌ေတာ့ေကာင္းမြန္တဲ့လကၡဏာရပ္ေတြႏွစ္မ်ိဳးေလာက္ေရာယွက္ေနတတ္တာမို႔အလုပ္ေ႐ြးခ်ယ္စရာလည္း ပိုေပါမ်ားႏိုင္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*