ရုံးသမားများအတွက်အလုပ်စားပွဲမှာတင်လေ့ကျင့်နိုင်တဲ့ယောဂလေ့ကျင့်ခန်းလေးများ

တစ်နေကုန်အလုပ်စားပွဲမှာထိုင်ညောင်းညာပင်ပန်းပြီးတက်ကြွလန်းဆန်းမှုမရှိဖြစ်နေတယ်။ ဒါပေမဲ့ရုံးဆင်းချိန် Workout လုပ်ဖို့လည်းအချိန်မပေးနိုင်ဘူးဆိုရင်လွယ်ကူတဲ့ဒီယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ကြည့်သင့်ပါတယ်နော်။ကိုယ့်ရဲ့အလုပ်စားပွဲမှာတင်လုပ်နိုင်တဲ့ ယောဂလေ့ကျင့်ခန်းလေးတွေဖြစ်ပြီးယောဂမလေ့ကျင့်ဖူးတဲ့သူတွေလည်း လိုက်လုပ်ဖို့အဆင်ပြေပါတယ်။တစ်နေကုန်ပင်ပန်းနေတဲ့အခါ ဒါမှမဟုတ် အစည်းအဝေးမစခင်ချက်ချင်းလန်းဆန်းချင်တဲ့အခါဒါလေးတွေကိုလေ့ကျင့်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးတွေက အလုပ်ကိုအာရုံစူးစိုက်နိုင်စွမ်းလည်းတိုးလာစေနိုင်ပါတယ်။

Seated Backbend
ထိုင်ခုံမှာထိုင်ပါ။ ခါးကိုမတ်မတ်ထားပါ။ အသက်ဖြည်းဖြည်းရှူသွင်းရင်းလက်ကိုမျက်နှာကြက်ဆီဆန့်တန်းလိုက်ပါ။ ပြီးရင်ခါးအထက်ခန္ဓာကိုယ်အပေါ်ပိုင်းကို နောက်ကိုလှန်ချပါ။ အသက်ရှူထုတ်ရင်းမူလပုံစံအတိုင်းပြန်နေပါ။ ဒါလေးကို 3 ကြော့လေ့ကျင့်နိုင်ပါတယ်။

Chair Twist
ထိုင်ခုံမှာ ခါးမတ်မတ်ထားပြီးထိုင်ပါ။ လက်နှစ်ဖက်ရောခန္ဓာကိုယ်အပေါ်ပိုင်းကိုပါဘယ်လှည့်ညာလှည့်ပြုလုပ်ရမှာဖြစ်ပါတယ်။ ကိုယ် ခန္ဓာကိုယ်‌လှုပ်ရှားချိန်တိုင်းအသက်ရှူသွင်းရှူထုတ်တာကိုမှန်မှန်ပြုလုပ်ပေးဖို့လည်းလိုပါတယ်။

Shoulder Opener
မတ်မတ်ရပ်ပြီး လက်ကိုအပေါ်ဆန့်တန်းထားပါ။ ခန္ဓာကိုယ်ကို စားပွဲဆီကိုင်းချပါ။ပြီးရင်တော့မူလအနေအထားအတိုင်းပြန်နေပြီး ခါးကိုဘယ်ညာကိုင်းချပေးပါ။

Wrist Stretch
ဒါကတော့ လက်ကောက်ဝတ်နေရာလေးကို အလုပ်ပေးတဲ့ Pose လေးဖြစ်ပါတယ်။ အရင်ဆုံးဘယ်လက်ကိုဆန့်ထုတ်လက်ဖမိုးတွေကိုကိုယ့်ဘက်ဆီညွှန်ထားပါ။ပြီးရင်တော့ညာလက်ဖဝါးတွေနဲ့ဘယ်လက်ဖဝါးတွေကို လာတွန်းကန်ပါ။ နှိပ်နယ်ပေးပါ။ညာဘက်လက်ကိုလည်း ဒီနည်းအတိုင်းပဲအညောင်းညာပြေအောက်ဆက်လုပ်ပေးနိုင်ပါတယ်။

ဒါလေး‌တွေက ကိုယ့်အလုပ်နေရာမှာပဲလုပ်လို့ရတဲ့ Yoga Pose လေးတွေဖြစ်ပြီး စိတ်ကြည်လင်မှု၊တီထွင်ဖန်တီးနိုင်မှု၊ အာရုံစူးစိုက်နိုင်မှုတွေကိုရရှိစေပါတယ်။ တစ်ကိုယ်လုံးအကြောတွေပြေလျော့စေပြီးစိတ်ဖိစီးမှု၊ပင်ပန်းနေမှုတွေကို သက်သာစေနိုင်ပါတယ်နော်။

Ju Ju

zawgyi

တစ္ေနကုန္အလုပ္စားပြဲမွာထိုင္ေညာင္းညာပင္ပန္းၿပီးတက္ႂကြလန္းဆန္းမႈမရွိျဖစ္ေနတယ္။ ဒါေပမဲ့႐ုံးဆင္းခ်ိန္ Workout လုပ္ဖို႔လည္းအခ်ိန္မေပးႏိုင္ဘူးဆိုရင္လြယ္ကူတဲ့ဒီေယာဂေလ့က်င့္ခန္းေလးေတြကို လုပ္ၾကည့္သင့္ပါတယ္ေနာ္။ကိုယ့္ရဲ႕အလုပ္စားပြဲမွာတင္လုပ္ႏိုင္တဲ့ ေယာဂေလ့က်င့္ခန္းေလးေတြျဖစ္ၿပီးေယာဂမေလ့က်င့္ဖူးတဲ့သူေတြလည္း လိုက္လုပ္ဖို႔အဆင္ေျပပါတယ္။တစ္ေနကုန္ပင္ပန္းေနတဲ့အခါ ဒါမွမဟုတ္ အစည္းအေဝးမစခင္ခ်က္ခ်င္းလန္းဆန္းခ်င္တဲ့အခါဒါေလးေတြကိုေလ့က်င့္ႏိုင္ပါတယ္။ ဒီေလ့က်င့္ခန္းေလးေတြက အလုပ္ကိုအာ႐ုံစူးစိုက္ႏိုင္စြမ္းလည္းတိုးလာေစႏိုင္ပါတယ္။

Seated Backbend
ထိုင္ခုံမွာထိုင္ပါ။ ခါးကိုမတ္မတ္ထားပါ။ အသက္ျဖည္းျဖည္းရႉသြင္းရင္းလက္ကိုမ်က္ႏွာၾကက္ဆီဆန႔္တန္းလိုက္ပါ။ ၿပီးရင္ခါးအထက္ခႏၶာကိုယ္အေပၚပိုင္းကို ေနာက္ကိုလွန္ခ်ပါ။ အသက္ရႉထုတ္ရင္းမူလပုံစံအတိုင္းျပန္ေနပါ။ ဒါေလးကို 3 ေၾကာ့ေလ့က်င့္ႏိုင္ပါတယ္။

Chair Twist
ထိုင္ခုံမွာ ခါးမတ္မတ္ထားၿပီးထိုင္ပါ။ လက္ႏွစ္ဖက္ေရာခႏၶာကိုယ္အေပၚပိုင္းကိုပါဘယ္လွည့္ညာလွည့္ျပဳလုပ္ရမွာျဖစ္ပါတယ္။ ကိုယ္ ခႏၶာကိုယ္‌လႈပ္ရွားခ်ိန္တိုင္းအသက္ရႉသြင္းရႉထုတ္တာကိုမွန္မွန္ျပဳလုပ္ေပးဖို႔လည္းလိုပါတယ္။

Shoulder Opener
မတ္မတ္ရပ္ၿပီး လက္ကိုအေပၚဆန႔္တန္းထားပါ။ ခႏၶာကိုယ္ကို စားပြဲဆီကိုင္းခ်ပါ။ၿပီးရင္ေတာ့မူလအေနအထားအတိုင္းျပန္ေနၿပီး ခါးကိုဘယ္ညာကိုင္းခ်ေပးပါ။

Wrist Stretch
ဒါကေတာ့ လက္ေကာက္ဝတ္ေနရာေလးကို အလုပ္ေပးတဲ့ Pose ေလးျဖစ္ပါတယ္။ အရင္ဆုံးဘယ္လက္ကိုဆန႔္ထုတ္လက္ဖမိုးေတြကိုကိုယ့္ဘက္ဆီၫႊန္ထားပါ။ၿပီးရင္ေတာ့ညာလက္ဖဝါးေတြနဲ႔ဘယ္လက္ဖဝါးေတြကို လာတြန္းကန္ပါ။ ႏွိပ္နယ္ေပးပါ။ညာဘက္လက္ကိုလည္း ဒီနည္းအတိုင္းပဲအေညာင္းညာေျပေအာက္ဆက္လုပ္ေပးႏိုင္ပါတယ္။

ဒါေလး‌ေတြက ကိုယ့္အလုပ္ေနရာမွာပဲလုပ္လို႔ရတဲ့ Yoga Pose ေလးေတြျဖစ္ၿပီး စိတ္ၾကည္လင္မႈ၊တီထြင္ဖန္တီးႏိုင္မႈ၊ အာ႐ုံစူးစိုက္ႏိုင္မႈေတြကိုရရွိေစပါတယ္။ တစ္ကိုယ္လုံးအေၾကာေတြေျပေလ်ာ့ေစၿပီးစိတ္ဖိစီးမႈ၊ပင္ပန္းေနမႈေတြကို သက္သာေစႏိုင္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*