အိမ်ကနေအလုပ်လုပ်ရင်း အလုပ်ပြီးမြောက်ချင်တယ်ဆိုရင်ဒါတွေလုပ်ပါ

အလုပ်ရှင်တွေက အခုနောက်ပိုင်းမှာအိမ်ကနေအလုပ်လုပ်ခွင့်ပေးတာ ဒါမှမဟုတ်အိမ်နဲ့ရုံးရက်ခွဲပြီးအလုပ်လုပ်ခွင့်ပေးတာမျိုးတွေရှိလာကြပါတယ်။ အခုနောက်ပိုင်းမှာအိမ်ကနေအလုပ်လုပ်ခွင့်ပေးတာက ရုံးဘက်ကကုန်ကျစရိတ်တချို့သက်သာသလိုကောင်းကျိုးတွေလည်းအများကြီးရှိတာကိုတွေ့လာကြရလို့ဖြစ်ပါတယ်။ အိမ်ကနေအလုပ်လုပ်မယ်ဆိုရင်ဒီအချက်တွေကိုကျော်မပစ်ဘဲ စနစ်တကျလေးလုပ် ဆောင်တာကပိုပြီးအဆင်ပြေပါတယ်နော်။

-အိမ်မှာပဲလုပ်လုပ်ရုံးမှာပဲလုပ်လုပ် တစ်နေ့တစ်နေ့ဘာတွေလုပ်ရမယ်ဆိုတဲ့ to-do list တွေလုပ်ဖို့ကတော့လိုပါတယ်နော်။ လက်ရှိလုပ်နေတဲ့အလုပ်ရဲ့ Deadline၊ လုပ်ဖို့လိုသေးတဲ့အကြောင်းအရာလေးတွေကို အမြဲတမ်းမှတ်တမ်းလေးတွေလုပ်ဖို့လိုပါတယ်။

-နောက်တစ်ချက်က အလုပ်လုပ်မယ့်နေရာလေးသေသေချာချာဖန်တီးဖို့ပါ။ အိမ်ကနေအဆင်ပြေမယ့်နေရာမှာစားပွဲတစ်လုံးခင်းပြီး လုပ်မယ်လို့မတွေးဘဲအိမ်ရဲ့အနှောင့်အယှက်အကင်းဆုံးနေရာတစ်ခုမှာအလုပ်စားပွဲလေးပြင်ဆင်သင့်ပါတယ်။အဓိကကတော့ အင်တာနက်ကွန်နက်ရှင်ကောင်းကောင်း၊ အလင်းရောင်ကောင်းကောင်း၊မီးပလပ်ပေါက်ရှိမယ့်နေရာစတာတွေကိုရွေးချယ်ဖို့ပါပဲ။

-ရုံးမှာလိုပဲနားချိန်ယူဖို့ မမေ့ပါနဲ့နော်။ ထမင်းစားချိန်၊ လက်ဖက်ရည်သောက်ချိန်စတဲ့အချိန်တွေကိုရုံးမှာလိုပဲ Break Time ယူဖြစ်အောင်ယူပါ။

-အိမ်ကနေအလုပ်လုပ်ရတဲ့အခါ ကိုယ့်အတွက်လိုအပ်ချက်တွေကိုအကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့တောင်းဆိုတတ်ဖို့လိုပါတယ်။ အလုပ်အတွက်သုံးလိုက်ရတဲ့ပစ္စည်းတွေအတွက်လည်းစနစ်တကျဘောင်ချာလေးနဲ့ပြန်တင်ပြနိုင်ဖို့လိုပါတယ်။

-အိမ်ကနေအလုပ်လုပ်ရပေမယ့် လူတွေနဲ့ခင်မင်ရင်းနှီးစေဖို့ကိုလည်း မပြတ်ကြိုးစားနေသင့်ပါတယ်။ Meeting တွေမှာ လှလှပပ သပ် သပ်ရပ်ရပ်လေးပြင်ဆင်ပြီး တက်တက်ကြွကြွဆွေးနွေးပါ။အပြင်မှာလုပ်တဲ့ Team Gathering တွေကိုလည်း မလွတ်တမ်းသွားတာကပိုကောင်းပါတယ်။

-အိမ်ကအလုပ်စားပွဲကို ရုံးကအလုပ်စားပွဲတစ်ခုလိုမျိုး ပြင်ဆင်တာကပိုကောင်းပါတယ်။အလုပ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေ၊ ပန်း အိုး၊ ကွန်ပျူတာ၊ Sticky Notes ၊ ရေဗူးစသဖြင့်ရုံးစားပွဲမှာထားနေကျအရာလေးတွေထားပေးသင့်ပါတယ်။

-အလုပ်တကယ်လုပ်တော့မယ်ဆိုရင် ဖုန်းပိတ်ထားတာ၊ Notification ပိတ်ထားတာကအလုပ်တကယ်ပြီးမြောက်စေပါတယ်။ အဲဒီလိုမလုပ်ထားရင် ဖုန်းကိုကြည့်လိုက်၊ဖုန်းဝင်လာရင်ဖုန်းထပြောလိုက်နဲ့ အလုပ်မပြီးဘဲဖြစ်တတ်ပါတယ်နော်။

ဒါတွေကတော့ အိမ်ကနေအလုပ်လုပ်တဲ့အခါမဖြစ်မနေပြင်ဆင်ထားသင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ ဒီအချက်လေးတွေကိုလုပ် ဆောင်နိုင်တဲ့အခါ အိမ်ကနေအလုပ်လုပ်ရတာရေရှည်အတွက်အဆင်ပြေပြီးအလုပ်လည်းတကယ်ပြီးမြောက်ပါလိမ့်မယ်။

Ju Ju

zawgyi

အလုပ္ရွင္ေတြက အခုေနာက္ပိုင္းမွာအိမ္ကေနအလုပ္လုပ္ခြင့္ေပးတာ ဒါမွမဟုတ္အိမ္နဲ႔႐ုံးရက္ခြဲၿပီးအလုပ္လုပ္ခြင့္ေပးတာမ်ိဳးေတြရွိလာၾကပါတယ္။ အခုေနာက္ပိုင္းမွာအိမ္ကေနအလုပ္လုပ္ခြင့္ေပးတာက ႐ုံးဘက္ကကုန္က်စရိတ္တခ်ိဳ႕သက္သာသလိုေကာင္းက်ိဳးေတြလည္းအမ်ားႀကီးရွိတာကိုေတြ႕လာၾကရလို႔ျဖစ္ပါတယ္။ အိမ္ကေနအလုပ္လုပ္မယ္ဆိုရင္ဒီအခ်က္ေတြကိုေက်ာ္မပစ္ဘဲ စနစ္တက်ေလးလုပ္ ေဆာင္တာကပိုၿပီးအဆင္ေျပပါတယ္ေနာ္။

-အိမ္မွာပဲလုပ္လုပ္႐ုံးမွာပဲလုပ္လုပ္ တစ္ေန႔တစ္ေန႔ဘာေတြလုပ္ရမယ္ဆိုတဲ့ to-do list ေတြလုပ္ဖို႔ကေတာ့လိုပါတယ္ေနာ္။ လက္ရွိလုပ္ေနတဲ့အလုပ္ရဲ႕ Deadline၊ လုပ္ဖို႔လိုေသးတဲ့အေၾကာင္းအရာေလးေတြကို အၿမဲတမ္းမွတ္တမ္းေလးေတြလုပ္ဖို႔လိုပါတယ္။

-ေနာက္တစ္ခ်က္က အလုပ္လုပ္မယ့္ေနရာေလးေသေသခ်ာခ်ာဖန္တီးဖို႔ပါ။ အိမ္ကေနအဆင္ေျပမယ့္ေနရာမွာစားပြဲတစ္လုံးခင္းၿပီး လုပ္မယ္လို႔မေတြးဘဲအိမ္ရဲ႕အေႏွာင့္အယွက္အကင္းဆုံးေနရာတစ္ခုမွာအလုပ္စားပြဲေလးျပင္ဆင္သင့္ပါတယ္။အဓိကကေတာ့ အင္တာနက္ကြန္နက္ရွင္ေကာင္းေကာင္း၊ အလင္းေရာင္ေကာင္းေကာင္း၊မီးပလပ္ေပါက္ရွိမယ့္ေနရာစတာေတြကိုေ႐ြးခ်ယ္ဖို႔ပါပဲ။

-႐ုံးမွာလိုပဲနားခ်ိန္ယူဖို႔ မေမ့ပါနဲ႔ေနာ္။ ထမင္းစားခ်ိန္၊ လက္ဖက္ရည္ေသာက္ခ်ိန္စတဲ့အခ်ိန္ေတြကို႐ုံးမွာလိုပဲ Break Time ယူျဖစ္ေအာင္ယူပါ။

-အိမ္ကေနအလုပ္လုပ္ရတဲ့အခါ ကိုယ့္အတြက္လိုအပ္ခ်က္ေတြကိုအေၾကာင္းျပခ်က္ခိုင္ခိုင္မာမာနဲ႔ေတာင္းဆိုတတ္ဖို႔လိုပါတယ္။ အလုပ္အတြက္သုံးလိုက္ရတဲ့ပစၥည္းေတြအတြက္လည္းစနစ္တက်ေဘာင္ခ်ာေလးနဲ႔ျပန္တင္ျပႏိုင္ဖို႔လိုပါတယ္။

-အိမ္ကေနအလုပ္လုပ္ရေပမယ့္ လူေတြနဲ႔ခင္မင္ရင္းႏွီးေစဖို႔ကိုလည္း မျပတ္ႀကိဳးစားေနသင့္ပါတယ္။ Meeting ေတြမွာ လွလွပပ သပ္ သပ္ရပ္ရပ္ေလးျပင္ဆင္ၿပီး တက္တက္ႂကြႂကြေဆြးေႏြးပါ။အျပင္မွာလုပ္တဲ့ Team Gathering ေတြကိုလည္း မလြတ္တမ္းသြားတာကပိုေကာင္းပါတယ္။

-အိမ္ကအလုပ္စားပြဲကို ႐ုံးကအလုပ္စားပြဲတစ္ခုလိုမ်ိဳး ျပင္ဆင္တာကပိုေကာင္းပါတယ္။အလုပ္နဲ႔ပတ္သက္တဲ့စာ႐ြက္စာတမ္းေတြ၊ ပန္း အိုး၊ ကြန္ပ်ဴတာ၊ Sticky Notes ၊ ေရဗူးစသျဖင့္႐ုံးစားပြဲမွာထားေနက်အရာေလးေတြထားေပးသင့္ပါတယ္။

-အလုပ္တကယ္လုပ္ေတာ့မယ္ဆိုရင္ ဖုန္းပိတ္ထားတာ၊ Notification ပိတ္ထားတာကအလုပ္တကယ္ၿပီးေျမာက္ေစပါတယ္။ အဲဒီလိုမလုပ္ထားရင္ ဖုန္းကိုၾကည့္လိုက္၊ဖုန္းဝင္လာရင္ဖုန္းထေျပာလိုက္နဲ႔ အလုပ္မၿပီးဘဲျဖစ္တတ္ပါတယ္ေနာ္။

ဒါေတြကေတာ့ အိမ္ကေနအလုပ္လုပ္တဲ့အခါမျဖစ္မေနျပင္ဆင္ထားသင့္တဲ့အခ်က္ေလးေတြပဲျဖစ္ပါတယ္။ ဒီအခ်က္ေလးေတြကိုလုပ္ ေဆာင္ႏိုင္တဲ့အခါ အိမ္ကေနအလုပ္လုပ္ရတာေရရွည္အတြက္အဆင္ေျပၿပီးအလုပ္လည္းတကယ္ၿပီးေျမာက္ပါလိမ့္မယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*