အလုပ်ရှင်တွေက အခုနောက်ပိုင်းမှာအိမ်ကနေအလုပ်လုပ်ခွင့်ပေးတာ ဒါမှမဟုတ်အိမ်နဲ့ရုံးရက်ခွဲပြီးအလုပ်လုပ်ခွင့်ပေးတာမျိုးတွေရှိလာကြပါတယ်။ အခုနောက်ပိုင်းမှာအိမ်ကနေအလုပ်လုပ်ခွင့်ပေးတာက ရုံးဘက်ကကုန်ကျစရိတ်တချို့သက်သာသလိုကောင်းကျိုးတွေလည်းအများကြီးရှိတာကိုတွေ့လာကြရလို့ဖြစ်ပါတယ်။ အိမ်ကနေအလုပ်လုပ်မယ်ဆိုရင်ဒီအချက်တွေကိုကျော်မပစ်ဘဲ စနစ်တကျလေးလုပ် ဆောင်တာကပိုပြီးအဆင်ပြေပါတယ်နော်။ -အိမ်မှာပဲလုပ်လုပ်ရုံးမှာပဲလုပ်လုပ် တစ်နေ့တစ်နေ့ဘာတွေလုပ်ရမယ်ဆိုတဲ့ to-do list တွေလုပ်ဖို့ကတော့လိုပါတယ်နော်။ လက်ရှိလုပ်နေတဲ့အလုပ်ရဲ့ Deadline၊ လုပ်ဖို့လိုသေးတဲ့အကြောင်းအရာလေးတွေကို အမြဲတမ်းမှတ်တမ်းလေးတွေလုပ်ဖို့လိုပါတယ်။ -နောက်တစ်ချက်က အလုပ်လုပ်မယ့်နေရာလေးသေသေချာချာဖန်တီးဖို့ပါ။ အိမ်ကနေအဆင်ပြေမယ့်နေရာမှာစားပွဲတစ်လုံးခင်းပြီး လုပ်မယ်လို့မတွေးဘဲအိမ်ရဲ့အနှောင့်အယှက်အကင်းဆုံးနေရာတစ်ခုမှာအလုပ်စားပွဲလေးပြင်ဆင်သင့်ပါတယ်။အဓိကကတော့ အင်တာနက်ကွန်နက်ရှင်ကောင်းကောင်း၊ အလင်းရောင်ကောင်းကောင်း၊မီးပလပ်ပေါက်ရှိမယ့်နေရာစတာတွေကိုရွေးချယ်ဖို့ပါပဲ။ -ရုံးမှာလိုပဲနားချိန်ယူဖို့ မမေ့ပါနဲ့နော်။ […]