ကိုယ်ပိုင် YouTube Channel ကရတဲ့ငွေတွေအားလုံးကိုလှူဒါန်းလိုက်တဲ့ JiSoo

Black Pink က JiSoo အနေနဲ့ သူမရဲ့ကိုယ်ပိုင် You Tube Channel ကရတဲ့ငွေတွေအားလုံးကိုလှူဒါန်းလိုက်တယ်လို့ မတ်လ 12 ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။သူမဟာ အကျိုးအမြတ်အားလုံးကို Save The Children ကိုလှူဒါန်းလိုက်တာဖြစ်ပြီး သူမရဲ့လှူဒါန်းမှုကို
ဗီယက်နမ်နိုင်ငံ၊ Ca Mau မှာရှိတဲ့ ဒီရေတောတွေအတွက်အသုံးပြုသွားမယ်လို့သိရပါတယ်။

JiSoo ရဲ့ကိုယ်ပိုင် You Tube Channel ကို 2023 ခုနစ်၊ ဇန်နဝါရီလမှာစတင်ဖွင့်ခဲ့ပြီး 4.99 မီလီယံ Subscriber ရှိပါတယ်။ သူမက အရင်ကတည်းကလည်း Channel ကရတဲ့ငွေတွေကိုလှူဒါန်းမယ်လို့ပြောခဲ့ဖူးတာမို့ အခုကတော့သူမရဲ့စိတ်ကူးကိုလက်တွေ့အကောင်အ ထည်ဖော်ချိန်လို့ဆိုရမှာပါ။ JiSoo ဟာ သူမရဲ့တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေအတွက် အေဂျင်စီအသစ် BLISSOO ကိုမကြာသေးခင်က တရားဝင်မိတ်ဆက်လာခဲ့တာတွေ့ရပါတယ်။

Ju Ju

zawgyi

Black Pink က JiSoo အေနနဲ႔ သူမရဲ႕ကိုယ္ပိုင္ You Tube Channel ကရတဲ့ေငြေတြအားလုံးကိုလႉဒါန္းလိုက္တယ္လို႔ မတ္လ 12 ရက္ေန႔မွာသတင္းထုတ္ျပန္ခဲ့ပါတယ္။သူမဟာ အက်ိဳးအျမတ္အားလုံးကို Save The Children ကိုလႉဒါန္းလိုက္တာျဖစ္ၿပီး သူမရဲ႕လႉဒါန္းမႈကို
ဗီယက္နမ္ႏိုင္ငံ၊ Ca Mau မွာရွိတဲ့ ဒီေရေတာေတြအတြက္အသုံးျပဳသြားမယ္လို႔သိရပါတယ္။

JiSoo ရဲ႕ကိုယ္ပိုင္ You Tube Channel ကို 2023 ခုနစ္၊ ဇန္နဝါရီလမွာစတင္ဖြင့္ခဲ့ၿပီး 4.99 မီလီယံ Subscriber ရွိပါတယ္။ သူမက အရင္ကတည္းကလည္း Channel ကရတဲ့ေငြေတြကိုလႉဒါန္းမယ္လို႔ေျပာခဲ့ဖူးတာမို႔ အခုကေတာ့သူမရဲ႕စိတ္ကူးကိုလက္ေတြ႕အေကာင္အ ထည္ေဖာ္ခ်ိန္လို႔ဆိုရမွာပါ။ JiSoo ဟာ သူမရဲ႕တစ္ကိုယ္ေတာ္အႏုပညာလႈပ္ရွားမႈေတြအတြက္ ေအဂ်င္စီအသစ္ BLISSOO ကိုမၾကာေသးခင္က တရားဝင္မိတ္ဆက္လာခဲ့တာေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*