လီယောင်အေးနဲ့ ဖန်ဘင်ဘင်းဘယ်သူပိုလှ

ကိုရီးယားနာမည်ကြီးမင်းသမီးလီယောင်အေးနဲ့ တရုတ်နာမည်ကြီးမင်းသမီးဖန်ဘင်ဘင်းတို့ရဲ့အတူတွဲရိုက်ထားတဲ့ပုံရိပ်တွေက နှစ်နိုင်ငံပရိသတ်တွေကြားထဲပေါ်ပြူလာဖြစ်လို့နေပါတယ်။ဖန်ဘင်ဘင်းကသူမရဲ့ Weibo Account မှာနှစ်ယောက်သားတွဲရက်ပုံတွေကိုတင်ထားခဲ့ပြီး The Most Beautiful Lee Young Ae လို့ Caption ရေးထားခဲ့တာဖြစ်ပါတယ်။သူမတို့နှစ်ဦးလုံးဟာ မတ်လ 10 ရက်နေ့က ဟောင်ကောင်မှာကျင်းပတဲ့ 17 ကြိမ်မြောက် Hong Kong Asian Film Awards (AFA) ပွဲကိုတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

သူမတို့နှစ်ဦးသားဝတ်ဆင်ထားတဲ့ဝတ်စုံရဲ့အရောင်အသွေးတွေဟာလည်းတော်တော်လေးနီးစပ်တူညီမှုရှိကြပြီး နှစ်ဦးသားအပြုံးတွေကိုယ်စီနဲ့အလှချင်းပြိုင်နေခဲ့ကြတာပါ။သူမတို့ကို “နှစ်ယောက်လုံးက အရမ်းလှတယ်၊နုပျိုလိုက်တာနော်” လို့မှတ်ချက်ပေးသူတွေရှိသလို
“ဖန်ဘင်ဘင်းမျက်နှာက တစ်ခုခုဖုံးကွယ်ထားသလိုပဲ” လို့မှတ်ချက်ပေးသူတွေလည်းရှိနေပါတယ်။မင်းသမီးလီယောင်အေးဟာ ဒီပွဲမှာ Asian Film Excellence Award ကိုရရှိခဲ့တာဖြစ်ပြီး သူမရဲ့ Dae Jang Geum၊ Sympathy for Lady Vengeance နဲ့ Bring Me Home စတဲ့ဇာတ်ကားတွေဟာပြောင်မြောက်တဲ့ အနုပညာမှတ်ကျောက်တွေအဖြစ် ဖော်ညွှန်းခံခဲ့ရပါတယ်။

Ju Ju

zawgyi

ကိုရီးယားနာမည္ႀကီးမင္းသမီးလီေယာင္ေအးနဲ႔ တ႐ုတ္နာမည္ႀကီးမင္းသမီးဖန္ဘင္ဘင္းတို႔ရဲ႕အတူတြဲ႐ိုက္ထားတဲ့ပုံရိပ္ေတြက ႏွစ္ႏိုင္ငံပရိသတ္ေတြၾကားထဲေပၚျပဴလာျဖစ္လို႔ေနပါတယ္။ဖန္ဘင္ဘင္းကသူမရဲ႕ Weibo Account မွာႏွစ္ေယာက္သားတြဲရက္ပုံေတြကိုတင္ထားခဲ့ၿပီး The Most Beautiful Lee Young Ae လို႔ Caption ေရးထားခဲ့တာျဖစ္ပါတယ္။သူမတို႔ႏွစ္ဦးလုံးဟာ မတ္လ 10 ရက္ေန႔က ေဟာင္ေကာင္မွာက်င္းပတဲ့ 17 ႀကိမ္ေျမာက္ Hong Kong Asian Film Awards (AFA) ပြဲကိုတက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

သူမတို႔ႏွစ္ဦးသားဝတ္ဆင္ထားတဲ့ဝတ္စုံရဲ႕အေရာင္အေသြးေတြဟာလည္းေတာ္ေတာ္ေလးနီးစပ္တူညီမႈရွိၾကၿပီး ႏွစ္ဦးသားအၿပဳံးေတြကိုယ္စီနဲ႔အလွခ်င္းၿပိဳင္ေနခဲ့ၾကတာပါ။သူမတို႔ကို “ႏွစ္ေယာက္လုံးက အရမ္းလွတယ္၊ႏုပ်ိဳလိုက္တာေနာ္” လို႔မွတ္ခ်က္ေပးသူေတြရွိသလို
“ဖန္ဘင္ဘင္းမ်က္ႏွာက တစ္ခုခုဖုံးကြယ္ထားသလိုပဲ” လို႔မွတ္ခ်က္ေပးသူေတြလည္းရွိေနပါတယ္။မင္းသမီးလီေယာင္ေအးဟာ ဒီပြဲမွာ Asian Film Excellence Award ကိုရရွိခဲ့တာျဖစ္ၿပီး သူမရဲ႕ Dae Jang Geum၊ Sympathy for Lady Vengeance နဲ႔ Bring Me Home စတဲ့ဇာတ္ကားေတြဟာေျပာင္ေျမာက္တဲ့ အႏုပညာမွတ္ေက်ာက္ေတြအျဖစ္ ေဖာ္ၫႊန္းခံခဲ့ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*