ထိုင်းနိုင်ငံမှာနှစ်ယောက်အတူလျှောက်လည်နေကြတဲ့ HyunA နဲ့ Yong Junhyung

ဒီနှစ်ဇန်နဝါရီလကမှ ချစ်သူတွေပါလို့ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ အဆိုတော် HyunA နဲ့ Highlight ရဲ့အဖွဲ့ဝင်ဟောင်း Yong Junhyung တို့ကိုထိုင်းနိုင်ငံမှာ လျှောက်လည်နေတာတွေ့မြင်ရကြောင်းတရုတ်သတင်းဌာနတစ်ခုကပုံတွေနဲ့တကွဖော်ပြလာပါတယ်။
သူတို့နှစ်ဦးကို တီရှပ်လေးတွေ၊ ဂါဝန်လေးတွေနဲ့ ဗန်ကောက်မှာ ပေါ့ပေါ့ပါးပါးလျှောက်လည်နေတာကိုတွေ့မြင်ကြရတာပါ။ သူတို့နှစ်ဦးရဲ့အချစ်ရေးကို HyunA ဘက်ကစတင်ထုတ်ဖော်ပြောခဲ့ပြီးသူတို့နှစ်ဦးလက်တွဲထားတဲ့ပုံကို Yong Junhyung ကို Tag လုပ်ပြီးတင်ခဲ့တာဖြစ်ပါတယ်။ကျွန်မတို့နှစ်ယောက်ကိုကြင်နာစိတ်နဲ့လက်ခံပေးပါနော် ဆိုတဲ့စာသားကို သူမကရေးသားခဲ့ပါသေးတယ်။

သူတို့နှစ်ဦးလုံးဟာ Cube Entertainment အေဂျင်စီအောက်မှာရှိကြပြီးအရင်ကလည်းအနုပညာအလုပ်တွေအများကြီးတွဲဖက်လုပ် ဆောင်ဖူးကြသူတွေဖြစ်ပါတယ်။သူငယ်ချင်းလိုရင်းနှီးခင်မင်မှုကနေတဆင့် ချစ်သူတွေအဖြစ်ရောက်ရှိခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
HyunA ဟာ 6 နှစ်ကြာတွဲလာခဲ့တဲ့သူ့ရဲ့ချစ်သူ Dawn နဲ့ပြတ်စဲပြီး တစ်နှစ်ကျော်အကြာမှာ Yong Junhyung နဲ့ပွင့်ပွင့်လင်းလင်းတွဲခဲ့တာဖြစ်ပါတယ်။ Yong Junhyung ရဲ့အတိတ်ကဖြစ်ရပ်တချို့ကြောင့်တချို့သောပရိသတ်တွေကတော့ သူတို့နှစ်ဦးတွဲတာကိုသဘောမကျတဲ့မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Ju Ju

zawgyi

ဒီႏွစ္ဇန္နဝါရီလကမွ ခ်စ္သူေတြပါလို႔ပြင့္ပြင့္လင္းလင္းေျပာျပလာတဲ့ အဆိုေတာ္ HyunA နဲ႔ Highlight ရဲ႕အဖြဲ႕ဝင္ေဟာင္း Yong Junhyung တို႔ကိုထိုင္းႏိုင္ငံမွာ ေလွ်ာက္လည္ေနတာေတြ႕ျမင္ရေၾကာင္းတ႐ုတ္သတင္းဌာနတစ္ခုကပုံေတြနဲ႔တကြေဖာ္ျပလာပါတယ္။
သူတို႔ႏွစ္ဦးကို တီရွပ္ေလးေတြ၊ ဂါဝန္ေလးေတြနဲ႔ ဗန္ေကာက္မွာ ေပါ့ေပါ့ပါးပါးေလွ်ာက္လည္ေနတာကိုေတြ႕ျမင္ၾကရတာပါ။ သူတို႔ႏွစ္ဦးရဲ႕အခ်စ္ေရးကို HyunA ဘက္ကစတင္ထုတ္ေဖာ္ေျပာခဲ့ၿပီးသူတို႔ႏွစ္ဦးလက္တြဲထားတဲ့ပုံကို Yong Junhyung ကို Tag လုပ္ၿပီးတင္ခဲ့တာျဖစ္ပါတယ္။ကြၽန္မတို႔ႏွစ္ေယာက္ကိုၾကင္နာစိတ္နဲ႔လက္ခံေပးပါေနာ္ ဆိုတဲ့စာသားကို သူမကေရးသားခဲ့ပါေသးတယ္။

သူတို႔ႏွစ္ဦးလုံးဟာ Cube Entertainment ေအဂ်င္စီေအာက္မွာရွိၾကၿပီးအရင္ကလည္းအႏုပညာအလုပ္ေတြအမ်ားႀကီးတြဲဖက္လုပ္ ေဆာင္ဖူးၾကသူေတြျဖစ္ပါတယ္။သူငယ္ခ်င္းလိုရင္းႏွီးခင္မင္မႈကေနတဆင့္ ခ်စ္သူေတြအျဖစ္ေရာက္ရွိခဲ့ၾကတာျဖစ္တယ္လို႔သိရပါတယ္။
HyunA ဟာ 6 ႏွစ္ၾကာတြဲလာခဲ့တဲ့သူ႔ရဲ႕ခ်စ္သူ Dawn နဲ႔ျပတ္စဲၿပီး တစ္ႏွစ္ေက်ာ္အၾကာမွာ Yong Junhyung နဲ႔ပြင့္ပြင့္လင္းလင္းတြဲခဲ့တာျဖစ္ပါတယ္။ Yong Junhyung ရဲ႕အတိတ္ကျဖစ္ရပ္တခ်ိဳ႕ေၾကာင့္တခ်ိဳ႕ေသာပရိသတ္ေတြကေတာ့ သူတို႔ႏွစ္ဦးတြဲတာကိုသေဘာမက်တဲ့မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*