အသက်အငယ်ဆုံးအော်စကာနှစ်ဆုရှင်ဖြစ်လာတဲ့ Billie Eilish

HOLLYWOOD, CALIFORNIA - MARCH 10: (L-R) Finneas O'Connell and Billie Eilish onstage in the press room at the 96th Annual Academy Awards at Ovation Hollywood on March 10, 2024 in Hollywood, California. (Photo by Jeff Kravitz/FilmMagic)

အသက် ၂၂ နှစ်မှာ အော်စကာနှစ်ဆုကိုပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်တဲ့ Billie Eilish ကတော့ အသက်အငယ်ဆုံးအော်စကာနှစ်ဆုရှင်အဖြစ် စံချိန်တင်ခဲ့ပါပြီ။သူမဟာ Barbie ဇာတ်ကားရဲ့ဇာတ်ဝင်တေးဖြစ်တဲ့ What was I made for? သီချင်းနဲ့ 2024 အကယ်ဒမီဆုပေးပွဲရဲ့ Best Original Song ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအော်စကာဆုကိုတော့ No Time To Die သီချင်းနဲ့ 2022 ခုနစ်အော်စကာရဲ့ Best Original Song ဆုကိုပိုင်ဆိုင်နိုင်ခဲ့တာပါ။ Billie Eilish ဟာ What was I made for? သီချင်းကို သူမရဲ့အစ်ကိုဖြစ်တဲ့တေးရေးဆရာ Finneas နဲ့အတူဖန်တီးခဲ့တာဖြစ်ပြီး နှစ်ယောက်လုံးအော်စကာဆုကိုပိုင်ဆိုင်နိုင်ခဲ့တာကတော့ ပျော်စရာအမှတ်တရတစ်ခုလို့ဆိုရမှာပါ။

“ကျွန်မတို့ကဒီဇာတ်ကားထဲမှာစိတ်ဝင်စားစရာအချိုးအကွေ့တွေအများကြီးပါမယ်ဆိုတာကိုမသိခဲ့ပါဘူး။ဘာဘီနဲ့အဖွားကြီးတစ်ယောက်ကားမှတ်တိုင်မှာထိုင်နေတဲ့ဇာတ်ဝင်ခန်းကို ကျွန်မအရမ်းသဘောကျစွဲလမ်းသွားပြီး ဒီရုပ်ရှင်ကငါတို့အားလုံးထင်ထားတာထက်အများကြီးပိုတယ်ဆိုတာကို သိခဲ့ရတယ်” လို့သူမကပြောခဲ့တာဖြစ်ပါတယ်။ Billie Eilish နဲ့ သူမရဲ့အစ်ကို Finneas တို့က အော်စကာဆုကိုရခဲ့တာ တကယ်ဟုတ်ပါ့မလား၊အိပ်မက်လိုပဲဆိုတဲ့ ခံစားချက်တွေတူညီကြပေမယ့် သူတို့ရဲ့ဂီတနဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေအတွက်
ဆက်လက်ကြိုးစားနေဦးမှာဖြစ်တယ်လို့ ဖွင့်ဟခဲ့ကြပါတယ်။ Billie Eilish ဟာ ဆန်ခါတင်စာရင်း 417 ခုမှာနာမည်ပါခဲ့ပြီး လက်ရှိမှာဆုပေါင်း 199 ဆုကိုပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Ju Ju

zawgyi

အသက္ ၂၂ ႏွစ္မွာ ေအာ္စကာႏွစ္ဆုကိုပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္တဲ့ Billie Eilish ကေတာ့ အသက္အငယ္ဆုံးေအာ္စကာႏွစ္ဆုရွင္အျဖစ္ စံခ်ိန္တင္ခဲ့ပါၿပီ။သူမဟာ Barbie ဇာတ္ကားရဲ႕ဇာတ္ဝင္ေတးျဖစ္တဲ့ What was I made for? သီခ်င္းနဲ႔ 2024 အကယ္ဒမီဆုေပးပြဲရဲ႕ Best Original Song ဆုကိုရရွိခဲ့တာျဖစ္ပါတယ္။ ပထမဆုံးေအာ္စကာဆုကိုေတာ့ No Time To Die သီခ်င္းနဲ႔ 2022 ခုနစ္ေအာ္စကာရဲ႕ Best Original Song ဆုကိုပိုင္ဆိုင္ႏိုင္ခဲ့တာပါ။ Billie Eilish ဟာ What was I made for? သီခ်င္းကို သူမရဲ႕အစ္ကိုျဖစ္တဲ့ေတးေရးဆရာ Finneas နဲ႔အတူဖန္တီးခဲ့တာျဖစ္ၿပီး ႏွစ္ေယာက္လုံးေအာ္စကာဆုကိုပိုင္ဆိုင္ႏိုင္ခဲ့တာကေတာ့ ေပ်ာ္စရာအမွတ္တရတစ္ခုလို႔ဆိုရမွာပါ။

“ကြၽန္မတို႔ကဒီဇာတ္ကားထဲမွာစိတ္ဝင္စားစရာအခ်ိဳးအေကြ႕ေတြအမ်ားႀကီးပါမယ္ဆိုတာကိုမသိခဲ့ပါဘူး။ဘာဘီနဲ႔အဖြားႀကီးတစ္ေယာက္ကားမွတ္တိုင္မွာထိုင္ေနတဲ့ဇာတ္ဝင္ခန္းကို ကြၽန္မအရမ္းသေဘာက်စြဲလမ္းသြားၿပီး ဒီ႐ုပ္ရွင္ကငါတို႔အားလုံးထင္ထားတာထက္အမ်ားႀကီးပိုတယ္ဆိုတာကို သိခဲ့ရတယ္” လို႔သူမကေျပာခဲ့တာျဖစ္ပါတယ္။ Billie Eilish နဲ႔ သူမရဲ႕အစ္ကို Finneas တို႔က ေအာ္စကာဆုကိုရခဲ့တာ တကယ္ဟုတ္ပါ့မလား၊အိပ္မက္လိုပဲဆိုတဲ့ ခံစားခ်က္ေတြတူညီၾကေပမယ့္ သူတို႔ရဲ႕ဂီတနဲ႔ပတ္သက္တဲ့ရည္မွန္းခ်က္ေတြအတြက္
ဆက္လက္ႀကိဳးစားေနဦးမွာျဖစ္တယ္လို႔ ဖြင့္ဟခဲ့ၾကပါတယ္။ Billie Eilish ဟာ ဆန္ခါတင္စာရင္း 417 ခုမွာနာမည္ပါခဲ့ၿပီး လက္ရွိမွာဆုေပါင္း 199 ဆုကိုပိုင္ဆိုင္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*