အလုပ်မှာဒေါသကိုမထိန်းချုပ်နိုင်ဘဲပေါက်ကွဲမိတယ်ဆိုရင် ဒါကိုပရော်ဖက်ရှင်နယ်မဆန်တဲ့အပြုအမူလို့သတ်မှတ်ခံရဆဲ၊ ဝေဖန်ခံနေရဆဲပါ။ဒါပေမဲ့လည်းအလုပ်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလုံးလုံးဖိနှိပ်ထားဖို့ဆိုတာကလည်းခက်ခဲနိုင်ပါတယ်။အလုပ်မှာကိုယ့်ရဲ့ခံစားချက်တွေကိုထိန်းသိမ်းတတ်ဖို့၊လိမ္မာပါးနပ်စွာထုတ်ဖော်ပြသတတ်ဖို့ဆိုတာကလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက်မဖြစ်မနေတတ် မြောက်ထားသင့်တဲ့ပညာရပ်တစ်ခုပါ။ဒါ့ကြောင့်အလုပ်မှာကိုယ့်ရဲ့ Emotion တွေကို ဒီအဆင့်ငါးဆင့်အတိုင်း ထိန်းချုပ်ကြည့်နိုင်ပါတယ်။ Negative Emotion တွေစတင်ပြီဆိုတာနဲ့သိပါ စိတ်တိုလာပြီ၊ စိတ်အဆင်မပြေတော့ဘူးဆိုတာနဲ့ ဒါကိုသတိထားမိဖို့အလေ့အကျင့်လုပ်ထားသင့်ပါတယ်။ ပါးတွေနီမြန်းလာတယ်၊ ခေါင်းထဲမှာဆူဝေလာတယ်ဆိုရင်ဒေါသစိတ်ကရုပ်မှာထင်ရှားလာတာပါ။ ကိုယ်စိုးရိမ်တယ်၊ ကြောက်ရွံ့တယ်ဆိုရင်နဖူးနဲ့ပခုံးတွေမှာတင်းလာတတ်ပါတယ်။ ဒီလိုခံစားချက်တွေနဲ့အတူ ရုပ်မှာပြောင်းလဲလာတာကိုအရင်ဆုံးသတိထားမိဖို့အရေးကြီးပါတယ်။ သိပြီးလက်ခံပါ ကိုယ့်မှာလုပ်ပေးရမယ့်အလုပ်တွေအရမ်းများလာပြီ၊အလုပ်အပ်ရမယ့်ရက်နီးလာပြီစတဲ့အခြေအနေတွေမှာ လူတွေဟာစိတ်မရှည်တာ၊ […]