ဒီနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်သူ့ဘက်ကိုမှ ရပ်တည်ပြတော့မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့ The Rock

မင်းသားကြီး Dwayne ‘The Rock’ Johnson က Fox & Friends နဲ့အင်တာဗျူးမှာဒီနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာဘယ်သူ့ဘက်ကိုမှလူသိထင်ရှားထောက်ခံမှုပြုလုပ်မှာမဟုတ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။ 2020 ခုနစ်ကတော့ The Rock ဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အတွက် လူထုသိအောင်ထောက်ခံအားပေးမှုလုပ်ခဲ့သူဖြစ်ပါတယ်။“အဲဒီအချိန်တုန်းကကျွန်တော်လုပ်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာ အမှန်ကန်ဆုံးပဲလို့ ထင်ခဲ့တယ်။အခုပြန်တွေးကြည့်တော့လည်း အဲဒီအချိန်တုန်းကငါကကျော်ကြားသူ၊ လွှမ်းမိုးနိုင်သူတစ်ယောက်၊
ငါလုပ်ရမယ့်အလုပ်ပဲဆိုပြီး ထောက်ခံမှုလုပ်ခဲ့တာပါ။ ဒီနှစ်ကတော့ ကျွန်တော်ဘယ့်သူဘက်ကိုမှပွင့်ပွင့်လင်းလင်းရပ်တည်ပြမှာမဟုတ်ပါဘူး။

လက်ရှိအချိန်မှာ ကျွန်တော့်အတွက်အရေးကြီးတာကကျွန်တော့်ကလေးတွေပါပဲ၊ သူတို့ကိုကျောင်းပို့မယ်၊ ကြိုမယ်စတဲ့စတဲ့အရာတွေကိုပဲဦးစားပေးလုပ်ဖြစ်နေတယ်” လို့ သူကပြောခဲ့တာဖြစ်ပါတယ်။“လက်ရှိအမေရိကန်နိုင်ငံရဲ့အနေအထားကို ကျေနပ်လားဆိုရင် မကျေနပ်ဘူးလို့ပဲဖြေရမှာပါ။ ဒါပေမဲ့ကျွန်တော်ကအကောင်းမြင်သမားပါ။ ဒီ့ထက်ပိုကောင်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့သူကဖြေခဲ့ ပါသေးတယ်။ဒီနှစ်မှာတော့ နာမည်ကြီး Celebrity တော်တော်များများဟာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာပါဝင်ပတ်သက်မှုူမလုပ်တော့ဖို့ဆုံးဖြတ်ထားကြတယ်လို့ မီဒီယာတွေကဖော်ပြနေကြပါတယ်။

Ju Ju

zawgyi

မင္းသားႀကီး Dwayne ‘The Rock’ Johnson က Fox & Friends နဲ႔အင္တာဗ်ဴးမွာဒီႏွစ္အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာဘယ္သူ႔ဘက္ကိုမွလူသိထင္ရွားေထာက္ခံမႈျပဳလုပ္မွာမဟုတ္ဘူးလို႔ ေျဖၾကားခဲ့ပါတယ္။ 2020 ခုနစ္ကေတာ့ The Rock ဟာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္အတြက္ လူထုသိေအာင္ေထာက္ခံအားေပးမႈလုပ္ခဲ့သူျဖစ္ပါတယ္။“အဲဒီအခ်ိန္တုန္းကကြၽန္ေတာ္လုပ္ခဲ့တဲ့ဆုံးျဖတ္ခ်က္ဟာ အမွန္ကန္ဆုံးပဲလို႔ ထင္ခဲ့တယ္။အခုျပန္ေတြးၾကည့္ေတာ့လည္း အဲဒီအခ်ိန္တုန္းကငါကေက်ာ္ၾကားသူ၊ လႊမ္းမိုးႏိုင္သူတစ္ေယာက္၊
ငါလုပ္ရမယ့္အလုပ္ပဲဆိုၿပီး ေထာက္ခံမႈလုပ္ခဲ့တာပါ။ ဒီႏွစ္ကေတာ့ ကြၽန္ေတာ္ဘယ့္သူဘက္ကိုမွပြင့္ပြင့္လင္းလင္းရပ္တည္ျပမွာမဟုတ္ပါဘူး။

လက္ရွိအခ်ိန္မွာ ကြၽန္ေတာ့္အတြက္အေရးႀကီးတာကကြၽန္ေတာ့္ကေလးေတြပါပဲ၊ သူတို႔ကိုေက်ာင္းပို႔မယ္၊ ႀကိဳမယ္စတဲ့စတဲ့အရာေတြကိုပဲဦးစားေပးလုပ္ျဖစ္ေနတယ္” လို႔ သူကေျပာခဲ့တာျဖစ္ပါတယ္။“လက္ရွိအေမရိကန္ႏိုင္ငံရဲ႕အေနအထားကို ေက်နပ္လားဆိုရင္ မေက်နပ္ဘူးလို႔ပဲေျဖရမွာပါ။ ဒါေပမဲ့ကြၽန္ေတာ္ကအေကာင္းျမင္သမားပါ။ ဒီ့ထက္ပိုေကာင္းလာလိမ့္မယ္လို႔ ယုံၾကည္ပါတယ္” လို႔သူကေျဖခဲ့ ပါေသးတယ္။ဒီႏွစ္မွာေတာ့ နာမည္ႀကီး Celebrity ေတာ္ေတာ္မ်ားမ်ားဟာ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာပါဝင္ပတ္သက္မႈူမလုပ္ေတာ့ဖို႔ဆုံးျဖတ္ထားၾကတယ္လို႔ မီဒီယာေတြကေဖာ္ျပေနၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*