Moana 2 နိုဝင်ဘာလမှာထွက်ရှိမယ်

Moana 1 ထွက်ပြီး ၈ နှစ်အကြာမှာ Moana ဟာ ပရိသတ်တွေရှေ့ပြန်လည်ရောက်ရှိလာတော့မယ်လို့ Walt Disney ဘက်ကကြေညာခဲ့ပါတယ်။ Moana 2 မှာတော့ မတူညီတဲ့ဇာတ်လမ်းဇာတ်အိမ်နဲ့မိုဟားနားရဲ့ပြောင်းလဲလာတဲ့ပုံရိပ်ကိုတွေ့မြင်ရမှာပါ။ဒီရုပ်ရှင်မှာ Moana အဖြစ် Cravalho ၊ Maui အဖြစ် Dwayne Johnson တို့ကအသံသရုပ်ဆောင်များအဖြစ်ပါဝင်ထားပါတယ်။ Frozen 3 နဲ့ Zootopia 2 တို့ကိုရိုက်ကူးဖန်တီးခဲ့သူတွေလည်း Moana 2 မှာပါဝင်လာခဲ့တာတွေ့ရပါတယ်။ Moana 2 မှာတော့ မိုဟားနားနဲ့ မာဝီတို့ဟာစွန့်စားခန်းအသစ်တွေ၊ ကြောက်မက်ဖွယ်ဖြစ်ရပ်တွေကိုရင်ဆိုင်ဖြတ်သန်းရဦးမှာဖြစ်ပါတယ်။

လက်ရှိထွက်လာမယ့်ရုပ်ရှင်မှာ မိုဟားနားရဲ့သွင်ပြင်ဟာ အနည်းငယ်အသက်ကြီးသွားပြီး ရင့်ကျက်တဲ့ပုံစံပြောင်းလဲသွားပါတယ်။ မိုဟားနားရဲ့ဆံပင်နဲ့မျက်နှာဟာ ပင်လယ်အရောင်၊ မီးအရောင်တွေကြောင့်ပြောင်းလဲနေပါတယ်။Moana 2 Trailer ကို You Tube မှာ ကြည့်ရှုလို့ရနေပြီဖြစ်ပြီး ၂၀၂၄ ခုနစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှာအမေရိကန်နိုင်ငံမှာ စတင်ပြီးရုံတင်ပြသမယ်လို့သိရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*