မင်္ဂလာပွဲဆင်နွှဲတော့မယ့် မင်းသားကြီးမာဒုံဆော့

Train to Busan ထဲကချစ်စရာ မင်းသားကြီးမာဒုံဆော့တစ်ယောက် သူနဲ့နှစ်ရှည်လများတွဲလာခဲ့သူယယ်ဂျန်းဟွာနဲ့မကြာခင်မှာ မင်္ဂလာပွဲဆင်နွှဲတော့မယ်လို့သိရပါတယ်။ သူတို့နှစ်ဦးဟာ မင်္ဂလာပွဲကိုဆွေမျိုး၊ မိတ်ဆွေအနည်းစုနဲ့သာကျင်းပမှာဖြစ်လို့ ကျင်းပမယ့်ရက်ကို အတိ အကျထုတ်ဖော်ပြောတာမျိုးမရှိသေးပါဘူး။ဒါပေမဲ့အနုပညာအသိုင်းအဝိုင်းကပြောကြားချက်အရ သူတို့ဟာ မေလ 26 ရက်နေ့မှာမင်္ဂလာပွဲပြုလုပ်မှာဖြစ်ပြီး ဆိုးလ်မြို့မှာပဲပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။မင်းသားကြီးနဲ့ယယ်ဂျန်းဟွာရဲ့အေဂျင်စီဖြစ်တဲ့ Big Punch Entertainment ကဒီမင်္ဂလာသတင်းကိုအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ 2016 ခုနစ်ကတည်းက လူသိရှင်ကြားတွဲခဲ့ကြတာဖြစ်ပြီး 2021 ခုနစ်မှာလက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့ကြပြီးဖြစ်တယ်လို့သိရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ 2022ခုနစ်မှာ Movie Artist Award ကို မာဒုံဆော့လက်ခံရယူစဥ်က ကျွန်တော့်ရဲ့ချစ်ဇနီးယယ်ဂျန်းဟွာကိုလည်းကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ဖူးတာကြောင့်ဖြစ်ပါတယ်။လက်ထပ်စာချုပ်မှာလက်မှတ်ထိုးလက်ထပ်ခဲ့ပေမယ့် ကိုဗစ်နဲ့တခြားသောပြဿနာတွေကြောင့်သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကိုမကျင်းပရသေးတာဖြစ်ပါတယ်။ယယ်ဂျန်းဟွာကို ကိုရီးယားရဲ့အလှဆုံး Fitness Trainer တစ်ယောက်အဖြစ်လူသိများပါတယ်။လတ်တလောမှာတော့ မင်းသားကြီးမာဒုံဆော့ဟာ မကြာခင်ဖြန့်ချိမယ့် The Roundup: Punishment ဇာတ်ကားအတွက် ပရိသတ်တွေနဲ့တွေ့ဆုံဖို့ရှိနေပါတယ်။

Ju Ju

zawgyi

Train to Busan ထဲကခ်စ္စရာ မင္းသားႀကီးမာဒုံေဆာ့တစ္ေယာက္ သူနဲ႔ႏွစ္ရွည္လမ်ားတြဲလာခဲ့သူယယ္ဂ်န္းဟြာနဲ႔မၾကာခင္မွာ မဂၤလာပြဲဆင္ႏႊဲေတာ့မယ္လို႔သိရပါတယ္။ သူတို႔ႏွစ္ဦးဟာ မဂၤလာပြဲကိုေဆြမ်ိဳး၊ မိတ္ေဆြအနည္းစုနဲ႔သာက်င္းပမွာျဖစ္လို႔ က်င္းပမယ့္ရက္ကို အတိ အက်ထုတ္ေဖာ္ေျပာတာမ်ိဳးမရွိေသးပါဘူး။ဒါေပမဲ့အႏုပညာအသိုင္းအဝိုင္းကေျပာၾကားခ်က္အရ သူတို႔ဟာ ေမလ 26 ရက္ေန႔မွာမဂၤလာပြဲျပဳလုပ္မွာျဖစ္ၿပီး ဆိုးလ္ၿမိဳ႕မွာပဲျပဳလုပ္မွာျဖစ္တယ္လို႔သိရပါတယ္။မင္းသားႀကီးနဲ႔ယယ္ဂ်န္းဟြာရဲ႕ေအဂ်င္စီျဖစ္တဲ့ Big Punch Entertainment ကဒီမဂၤလာသတင္းကိုအတည္ျပဳခဲ့ၿပီးျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးဟာ 2016 ခုနစ္ကတည္းက လူသိရွင္ၾကားတြဲခဲ့ၾကတာျဖစ္ၿပီး 2021 ခုနစ္မွာလက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးခဲ့ၾကၿပီးျဖစ္တယ္လို႔သိရပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ 2022ခုနစ္မွာ Movie Artist Award ကို မာဒုံေဆာ့လက္ခံရယူစဥ္က ကြၽန္ေတာ့္ရဲ႕ခ်စ္ဇနီးယယ္ဂ်န္းဟြာကိုလည္းေက်းဇူးတင္ပါတယ္လို႔ ေျပာခဲ့ဖူးတာေၾကာင့္ျဖစ္ပါတယ္။လက္ထပ္စာခ်ဳပ္မွာလက္မွတ္ထိုးလက္ထပ္ခဲ့ေပမယ့္ ကိုဗစ္နဲ႔တျခားေသာျပႆနာေတြေၾကာင့္သူတို႔ႏွစ္ေယာက္ရဲ႕မဂၤလာပြဲကိုမက်င္းပရေသးတာျဖစ္ပါတယ္။ယယ္ဂ်န္းဟြာကို ကိုရီးယားရဲ႕အလွဆုံး Fitness Trainer တစ္ေယာက္အျဖစ္လူသိမ်ားပါတယ္။လတ္တေလာမွာေတာ့ မင္းသားႀကီးမာဒုံေဆာ့ဟာ မၾကာခင္ျဖန႔္ခ်ိမယ့္ The Roundup: Punishment ဇာတ္ကားအတြက္ ပရိသတ္ေတြနဲ႔ေတြ႕ဆုံဖို႔ရွိေနပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*