အလုပ်အတွက် 3လအတွင်း အင်္ဂလိပ်စကားပြောတိုးတက်အောင်ဘယ်လိုလုပ်မလဲ

လူတိုင်းကတော့ ဘာသာစကားတွေအားလုံးကို Download လုပ်လိုက်တာနဲ့ကိုယ့်ဦးနှောက်ထဲရောက်လာရင်ကောင်းမယ်ဆိုတဲ့အတွေးမျိုးရှိတတ်ကြပါတယ်။ ဒီလိုနည်းပညာမျိုးကလက်ရှိအချိန်ထိမဖြစ်နိုင်သေးတာမို့ ဘာသာစကားလေ့လာမှုကိုအချိန်ပေးနေရဆဲ၊ကြိုးစားအားထုတ်မှုလုပ်နေရဆဲပဲဖြစ်ပါတယ်။အလုပ်အတွက် အင်္ဂလိပ်ဘာသာစကားကိုအမြန်လေ့လာချင်တယ်၊ထိရောက်တဲ့တိုးတက်မှုနှုန်းကိုမြင်ချင်တယ်ဆိုတဲ့သူတွေအတွက် တကယ်ထိရောက်တဲ့နည်းလမ်းတွေကိုမတူညီတဲ့ဘာသာစကားသုံးခုကိုသင်ယူခဲ့ဖူးတဲ့တက္ကသိုလ်ကျောင်းသားတစ်ဦးကမျှဝေထားတာဖြစ်ပါတယ်။

3 လအတွင်းအင်္ဂလိပ်စကားပြော သိသိသာသာတိုးတက်နိုင်ပါ့မလား။ဒီအချက် 3 ချက်သာရှိရင် ဘယ်လိုဘာသာစကားမဆို 3 လအတွင်းမှာသိသိသာသာတိုးတက်လာစေနိုင်ပါတယ်။ အဲဒါတွေက…
– လက်တွေ့မှာလိုက်လုပ်နိုင်ပြီး ရလဒ်ကိုတိုင်းတာလို့ရတဲ့ရည်မှန်းချက်တွေရှိရမယ်
– ရေတို၊ရေရှည် ရည်မှန်းချက်တွေရှိရမယ်
– ကိုယ့်ကိုယ်ကိုယ်မညှာရဘူး စတာတွေပဲဖြစ်ပါတယ်။ ဘာသာစကားတစ်ခုကို 3 လအတွင်းတတ်မြောက်ချင်တယ်ဆိုရင်…

ပထမလ
ပထမလမှာ ဘာသာစကားအတွက်အခြေခံအုတ်မြစ်ချခြင်းကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။အခြေခံဆိုတဲ့နေရာမှာ အခြေခံအကျဆုံး Grammar ၊ အခြေခံအကျဆုံးစကားလုံးတွေနဲ့စာကြောင်းတွေကို ပြန်လည်လေ့လာဖို့ လိုပါတယ်။အင်္ဂလိပ်ဝေါဟာရ Vocabulary ကြွယ်ဝလာဖို့အတွက် Flashcard တွေ၊ App တွေ၊ အဘိဓာန်နဲ့ Sticky Note တွေ စတဲ့အရာတွေကိုသုံးပြီးလေ့လာနိုင်ပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာလုပ်ရိုးလုပ်စဥ်တွေ၊ရုံးမှာဆောင်ရွက်ရတဲ့ အရာတွေကို ရိုးရှင်းတဲ့စာကြောင်းတည်ဆောက်မှုပုံစံနဲ့ပြောဆိုကြည့်ပါ။အင်္ဂလိပ် လိုပြောထားတဲ့ ကိုယ်စိတ်ဝင်စားတဲ့ You Tube Channel တွေ၊ အင်္ဂလိပ်သီချင်းတွေ နဲ့ရုပ်ရှင်တွေကိုကြည့်နိုင်ပါတယ်။ ကိုယ်အကြိုက်ဆုံး အားကစား၊ ရုပ်ရှင်၊အစားအစာနဲ့စာအုပ်တွေအကြောင်းကို အင်္ဂလိပ်လိုပြောကြည့်ပါ။ဒီလိုမျိုးတစ်လလုံးလုပ်ဆောင်ရပါမယ်။တစ် နေ့တာမှာ အချိန်များများထိတွေ့နိုင်လေ ကောင်းလေပါပဲ။

ဒုတိယလ
ဒုတိယလမှာတော့ ရေကန်ထဲခုန်ချဖို့ဖြစ်ပါတယ်။ ရေကန်ထဲခုန်ချတဲ့အခါ အသက်မသေအောင်ယက်ကန်ယက်ကန်နဲ့ကြိုးစားကူးရင်း အ ဆင်ပြေသွားသလိုပါပဲ။ လူတွေကြားထဲ တကယ်စကားပြောရဲဖို့လူတွေနဲ့ပြောဆို လေ့ကျင့်ကြည့်ဖို့လိုပါတယ်။ အင်္ဂလိပ်စကားပြောဆိုတတ်တဲ့ဆရာ၊ဆရာမနဲ့စကားပြောတာ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ဦးဦးနဲ့ စကားပြောတာမျိုးကိုလုပ်ရပါမယ်။အင်္ဂလိပ်လိုပြောဆိုတတ်သူနဲ့ အပြန်အလှန်ပြောဆိုပြီး လေ့ကျင့်တာကိုတော့မဖြစ်မနေလုပ်ဖို့လိုပါတယ်။

တတိယလ
တတိယလမှာတော့ General အကြောင်းအရာတွေကိုမပြောတော့ဘဲကိုယ်တကယ်ပြင်ဆင်ရမယ့်ပန်းတိုင်အတွက် သီးသန့်လေ့ကျင့်ပါ။ သင်ကခရီးသွားအေဂျင်စီမှာလုပ်မှာလား၊ ဒါမှမဟုတ် ဆေးရုံမှာလုပ်မှာလား၊ အလုပ်အင်တာဗျူးဖြေမှာလား၊စာမေးပွဲဖြေဖို့လား စသဖြင့်ကိုယ်အဓိကလိုချင်တဲ့ပန်းတိုင်အတွက်သီးသန့်အာရုံစိုက်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။

-ဒီနေရာမှာအရေးကြီးတာက ကိုယ်သိလာသမျှ အရာတွေ ဥပမာ – Vocabulary ဒါမှမဟုတ် စကားပြော Pattern ဒါတွေကို သိမှတ်ပြီးတာနဲ့လက်တွေ့အသုံးချပြီးပြောကြည့်ပါ။ ဒီလိုအသုံးပြုတော့မှအမှန်တကယ်ဦးနှောက်ထဲမှာ စွဲကျန်ပြီး အရေးပေါ်သုံးရမယ့်အချိန်မှာလည်းပါးစပ်ကထွက်လာမှာဖြစ်ပါတယ်။
-နောက်ဆုံးတစ်ချက်က အမှားလုပ်ရမှာလုံးဝမကြောက်ပါနဲ့။ မှားမှာစိုးလို့၊ ရှက်လို့ ကြောက်လို့ဆိုပြီးပါးစပ်ကနေပြောမထွက်ရင်တော့ ဘယ်ဘာသာစကားကိုမှအလွယ်တကူပြောနိုင်ဖို့မလွယ်ပါဘူး။ဒီအချက်တွေကတော့ ဘယ်ဘာသာစကားကိုပဲသင်ယူပါစေ အချိန်တိုတိုနဲ့
သွက်သွက်လက်လက်ပြောတတ်ချင်တယ်ဆိုရင် မဖြစ်မနေဖြတ်သန်းရမယ့်အဆင့်တွေပဲဖြစ်ပါတယ်။

Ju Ju

zawgyi

လူတိုင္းကေတာ့ ဘာသာစကားေတြအားလုံးကို Download လုပ္လိုက္တာနဲ႔ကိုယ့္ဦးေႏွာက္ထဲေရာက္လာရင္ေကာင္းမယ္ဆိုတဲ့အေတြးမ်ိဳးရွိတတ္ၾကပါတယ္။ ဒီလိုနည္းပညာမ်ိဳးကလက္ရွိအခ်ိန္ထိမျဖစ္ႏိုင္ေသးတာမို႔ ဘာသာစကားေလ့လာမႈကိုအခ်ိန္ေပးေနရဆဲ၊ႀကိဳးစားအားထုတ္မႈလုပ္ေနရဆဲပဲျဖစ္ပါတယ္။အလုပ္အတြက္ အဂၤလိပ္ဘာသာစကားကိုအျမန္ေလ့လာခ်င္တယ္၊ထိေရာက္တဲ့တိုးတက္မႈႏႈန္းကိုျမင္ခ်င္တယ္ဆိုတဲ့သူေတြအတြက္ တကယ္ထိေရာက္တဲ့နည္းလမ္းေတြကိုမတူညီတဲ့ဘာသာစကားသုံးခုကိုသင္ယူခဲ့ဖူးတဲ့တကၠသိုလ္ေက်ာင္းသားတစ္ဦးကမွ်ေဝထားတာျဖစ္ပါတယ္။

3 လအတြင္းအဂၤလိပ္စကားေျပာ သိသိသာသာတိုးတက္ႏိုင္ပါ့မလား။ဒီအခ်က္ 3 ခ်က္သာရွိရင္ ဘယ္လိုဘာသာစကားမဆို 3 လအတြင္းမွာသိသိသာသာတိုးတက္လာေစႏိုင္ပါတယ္။ အဲဒါေတြက…
– လက္ေတြ႕မွာလိုက္လုပ္ႏိုင္ၿပီး ရလဒ္ကိုတိုင္းတာလို႔ရတဲ့ရည္မွန္းခ်က္ေတြရွိရမယ္
– ေရတို၊ေရရွည္ ရည္မွန္းခ်က္ေတြရွိရမယ္
– ကိုယ့္ကိုယ္ကိုယ္မညႇာရဘူး စတာေတြပဲျဖစ္ပါတယ္။ ဘာသာစကားတစ္ခုကို 3 လအတြင္းတတ္ေျမာက္ခ်င္တယ္ဆိုရင္…

ပထမလ
ပထမလမွာ ဘာသာစကားအတြက္အေျခခံအုတ္ျမစ္ခ်ျခင္းကိုလုပ္ေဆာင္ရမွာျဖစ္ပါတယ္။အေျခခံဆိုတဲ့ေနရာမွာ အေျခခံအက်ဆုံး Grammar ၊ အေျခခံအက်ဆုံးစကားလုံးေတြနဲ႔စာေၾကာင္းေတြကို ျပန္လည္ေလ့လာဖို႔ လိုပါတယ္။အဂၤလိပ္ေဝါဟာရ Vocabulary ႂကြယ္ဝလာဖို႔အတြက္ Flashcard ေတြ၊ App ေတြ၊ အဘိဓာန္နဲ႔ Sticky Note ေတြ စတဲ့အရာေတြကိုသုံးၿပီးေလ့လာႏိုင္ပါတယ္။ ကိုယ့္ရဲ႕တစ္ေန႔တာလုပ္႐ိုးလုပ္စဥ္ေတြ၊႐ုံးမွာေဆာင္႐ြက္ရတဲ့ အရာေတြကို ႐ိုးရွင္းတဲ့စာေၾကာင္းတည္ေဆာက္မႈပုံစံနဲ႔ေျပာဆိုၾကည့္ပါ။အဂၤလိပ္ လိုေျပာထားတဲ့ ကိုယ္စိတ္ဝင္စားတဲ့ You Tube Channel ေတြ၊ အဂၤလိပ္သီခ်င္းေတြ နဲ႔႐ုပ္ရွင္ေတြကိုၾကည့္ႏိုင္ပါတယ္။ ကိုယ္အႀကိဳက္ဆုံး အားကစား၊ ႐ုပ္ရွင္၊အစားအစာနဲ႔စာအုပ္ေတြအေၾကာင္းကို အဂၤလိပ္လိုေျပာၾကည့္ပါ။ဒီလိုမ်ိဳးတစ္လလုံးလုပ္ေဆာင္ရပါမယ္။တစ္ ေန႔တာမွာ အခ်ိန္မ်ားမ်ားထိေတြ႕ႏိုင္ေလ ေကာင္းေလပါပဲ။

ဒုတိယလ
ဒုတိယလမွာေတာ့ ေရကန္ထဲခုန္ခ်ဖို႔ျဖစ္ပါတယ္။ ေရကန္ထဲခုန္ခ်တဲ့အခါ အသက္မေသေအာင္ယက္ကန္ယက္ကန္နဲ႔ႀကိဳးစားကူးရင္း အ ဆင္ေျပသြားသလိုပါပဲ။ လူေတြၾကားထဲ တကယ္စကားေျပာရဲဖို႔လူေတြနဲ႔ေျပာဆို ေလ့က်င့္ၾကည့္ဖို႔လိုပါတယ္။ အဂၤလိပ္စကားေျပာဆိုတတ္တဲ့ဆရာ၊ဆရာမနဲ႔စကားေျပာတာ၊ ဒါမွမဟုတ္ သူငယ္ခ်င္းတစ္ဦးဦးနဲ႔ စကားေျပာတာမ်ိဳးကိုလုပ္ရပါမယ္။အဂၤလိပ္လိုေျပာဆိုတတ္သူနဲ႔ အျပန္အလွန္ေျပာဆိုၿပီး ေလ့က်င့္တာကိုေတာ့မျဖစ္မေနလုပ္ဖို႔လိုပါတယ္။

တတိယလ
တတိယလမွာေတာ့ General အေၾကာင္းအရာေတြကိုမေျပာေတာ့ဘဲကိုယ္တကယ္ျပင္ဆင္ရမယ့္ပန္းတိုင္အတြက္ သီးသန႔္ေလ့က်င့္ပါ။ သင္ကခရီးသြားေအဂ်င္စီမွာလုပ္မွာလား၊ ဒါမွမဟုတ္ ေဆး႐ုံမွာလုပ္မွာလား၊ အလုပ္အင္တာဗ်ဴးေျဖမွာလား၊စာေမးပြဲေျဖဖို႔လား စသျဖင့္ကိုယ္အဓိကလိုခ်င္တဲ့ပန္းတိုင္အတြက္သီးသန႔္အာ႐ုံစိုက္ေလ့က်င့္ေပးရမွာျဖစ္ပါတယ္။

-ဒီေနရာမွာအေရးႀကီးတာက ကိုယ္သိလာသမွ် အရာေတြ ဥပမာ – Vocabulary ဒါမွမဟုတ္ စကားေျပာ Pattern ဒါေတြကို သိမွတ္ၿပီးတာနဲ႔လက္ေတြ႕အသုံးခ်ၿပီးေျပာၾကည့္ပါ။ ဒီလိုအသုံးျပဳေတာ့မွအမွန္တကယ္ဦးေႏွာက္ထဲမွာ စြဲက်န္ၿပီး အေရးေပၚသုံးရမယ့္အခ်ိန္မွာလည္းပါးစပ္ကထြက္လာမွာျဖစ္ပါတယ္။
-ေနာက္ဆုံးတစ္ခ်က္က အမွားလုပ္ရမွာလုံးဝမေၾကာက္ပါနဲ႔။ မွားမွာစိုးလို႔၊ ရွက္လို႔ ေၾကာက္လို႔ဆိုၿပီးပါးစပ္ကေနေျပာမထြက္ရင္ေတာ့ ဘယ္ဘာသာစကားကိုမွအလြယ္တကူေျပာႏိုင္ဖို႔မလြယ္ပါဘူး။ဒီအခ်က္ေတြကေတာ့ ဘယ္ဘာသာစကားကိုပဲသင္ယူပါေစ အခ်ိန္တိုတိုနဲ႔
သြက္သြက္လက္လက္ေျပာတတ္ခ်င္တယ္ဆိုရင္ မျဖစ္မေနျဖတ္သန္းရမယ့္အဆင့္ေတြပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*