ငရုတ်ပွတောင့်ရနံ့ Tequila ထုတ်လုပ်ရောင်းချမယ့် Cindy Crawford
စူပါမော်ဒယ်လ် Cindy Crawford တစ်ယောက် Tequila အမှတ်တံဆိပ်သစ်တစ်ခုကိုထုတ်လုပ်‌ရောင်းချမှာဖြစ်ပါတယ်။Casamigos ကိုတွဲဖက်တည်ထောင်သူ Rande Gerber ဟာ သူမရဲ့ခင်ပွန်းဖြစ်တာမို့ Tequilaထုတ်လုပ်မှုကိုလည်း Casamigos ရဲ့လုပ်ငန်းခွဲတစ်ခုအနေနဲ့ လုပ်ဆောင်မှာဖြစ်ပြီးအမှတ်တံဆိပ်ကို Casamigos Jalapeno လို့နာမည်ပေးထားပါတယ်။သူမဟာ Casamigos Jalapeno ကိုထုတ်လုပ်ဖို့လွန်ခဲ့တဲ့ 6 နှစ်ကတည်းကစဥ်းစားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
နေဝင်ချိန်ကိုကြည့်ရင်း Jalapeno (ငရုတ်ပွတောင့်ရှည်) အနံ့နဲ့ယမကာတစ်ခုထုတ်ဖို့ကို လင်မယားနှစ်ယောက်လုံး စိတ်ကူးခဲ့တယ်လို့
သူမကပြောခဲ့တာပါ။ Casamigos Jalapeno ပုလင်းရဲ့တံဆိပ်ပေါ်မှာ Cindy Crawford ရဲ့နှုတ်ခမ်းပုံအမှတ်အသားပါဝင်ပါတယ်။ Rande Gerber နဲ့ Cindy Crawford တို့လင်မယားနှစ်ယောက်ဟာ နှစ်စဥ်နှစ်တိုင်းနာမည်ကြီး Celebrity တွေပါဝင်တဲ့ဟောလိုဝင်းပါတီတွေကိုစီစဥ်နိုင်သူတွေအဖြစ်လည်း နာမည်ကြီးပါတယ်။
Ju Ju
zawgyi
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*