လုပ်ငန်းခွင်မှာစိတ်ထိန်းချုပ်နိုင်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲ

အလုပ်မှာဒေါသကိုမထိန်းချုပ်နိုင်ဘဲပေါက်ကွဲမိတယ်ဆိုရင် ဒါကိုပရော်ဖက်ရှင်နယ်မဆန်တဲ့အပြုအမူလို့သတ်မှတ်ခံရဆဲ၊ ဝေဖန်ခံနေရဆဲပါ။ဒါပေမဲ့လည်းအလုပ်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလုံးလုံးဖိနှိပ်ထားဖို့ဆိုတာကလည်းခက်ခဲနိုင်ပါတယ်။အလုပ်မှာကိုယ့်ရဲ့ခံစားချက်တွေကိုထိန်းသိမ်းတတ်ဖို့၊လိမ္မာပါးနပ်စွာထုတ်ဖော်ပြသတတ်ဖို့ဆိုတာကလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက်မဖြစ်မနေတတ် မြောက်ထားသင့်တဲ့ပညာရပ်တစ်ခုပါ။ဒါ့ကြောင့်အလုပ်မှာကိုယ့်ရဲ့ Emotion တွေကို ဒီအဆင့်ငါးဆင့်အတိုင်း ထိန်းချုပ်ကြည့်နိုင်ပါတယ်။

Negative Emotion တွေစတင်ပြီဆိုတာနဲ့သိပါ
စိတ်တိုလာပြီ၊ စိတ်အဆင်မပြေတော့ဘူးဆိုတာနဲ့ ဒါကိုသတိထားမိဖို့အလေ့အကျင့်လုပ်ထားသင့်ပါတယ်။ ပါးတွေနီမြန်းလာတယ်၊ ခေါင်းထဲမှာဆူဝေလာတယ်ဆိုရင်ဒေါသစိတ်ကရုပ်မှာထင်ရှားလာတာပါ။ ကိုယ်စိုးရိမ်တယ်၊ ကြောက်ရွံ့တယ်ဆိုရင်နဖူးနဲ့ပခုံးတွေမှာတင်းလာတတ်ပါတယ်။ ဒီလိုခံစားချက်တွေနဲ့အတူ ရုပ်မှာပြောင်းလဲလာတာကိုအရင်ဆုံးသတိထားမိဖို့အရေးကြီးပါတယ်။

သိပြီးလက်ခံပါ
ကိုယ့်မှာလုပ်ပေးရမယ့်အလုပ်တွေအရမ်းများလာပြီ၊အလုပ်အပ်ရမယ့်ရက်နီးလာပြီစတဲ့အခြေအနေတွေမှာ လူတွေဟာစိတ်မရှည်တာ၊
စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်တာသဘာဝပါ။ ဒါကိုသိပြီးလက်ခံနိုင်ဖို့လိုပါတယ်။ ဒီအချိန်မှာငါစိတ်တိုတယ်၊ စိတ်မရှည်ဘူး၊ စကားများများမပြောရအောင်ရှောင်မယ်၊စိတ်ခံစားချက်အဆင်မပြေတာကိုသိထားရင် သတိကပ်ပြီးအလုပ်လုပ်မယ်၊ဆုံးဖြတ်ချက်ချဖို့စိတ်အေး ချမ်းအောင်အရင်လုပ်မယ် စတဲ့အဆင့်တွေကိုလုပ်ဆောင်နိုင်ဖို့လိုပါတယ်။

ကိုယ့်အတွက်တစ်နေရာရှာပါ
ဒီလိုစိတ်ခံစားချက်တွေအဆင်မပြေဖြစ်လာပြီဆိုရင် ကိုယ့်အတွက်စိတ်သက်သာစေမယ့်နေရာတစ်နေရာကြိုရှာထားပါ။ ရုံးရဲ့ဘုရားခန်းလည်းဖြစ်ချင်ဖြစ်မယ်၊ခေါင်မိုးထပ်မှာဆေးလိပ်သောက်တာမျိုးလည်းဖြစ်ချင်ဖြစ်မယ်၊ Toilet လည်းဖြစ်ချင်ဖြစ်မယ်၊အရေးကြီးတာက ကိုယ့်စိတ်ကိုသက်သာပြေလျော့စေမယ့် Space တစ်ခုကို ရှာဖွေထားနိုင်ဖို့လိုပါတယ်။အလုပ်စားပွဲမှာပဲ Meditation ခဏလုပ်တာ၊ အ သက်ပြင်းပြင်းရှူုပြီး 1 ကနေ 10 ရေတွက်တာမျိုးတွေလည်းလုပ်နိုင်ပါတယ်။

စိတ်ချရတဲ့မိတ်ဆွေကိုရှာပါ
အလုပ်မှာဒေါသထွက်လွန်းတဲ့အခါ တစ်ယောက်ယောက်ကိုဖွင့်ပြောပြချင်စိတ်တွေ၊တစ်ယောက်ယောက်ရှေ့မှာငိုချပစ်ချင်စိတ်တွေဖြစ်ကြမှာပါ။ ဒီလို တစ်ယောက်ယောက်ကိုရင်ဖွင့်တာကပြဿနာမဟုတ်ပါဘူးနော်။ ကိုယ့်အတွက် ယုံကြည်ရတဲ့သူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးကို Messenger ကနေပဲဖြစ်ဖြစ် ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ်တွေ့ကြုံနေရတာတွေကိုရင်ဖွင့်နိုင်ပါတယ်။ ဒါဆိုရင်ကိုယ်လည်း စိတ်သက်သာသွားပြီးမလိုလားအပ်တဲ့ပေါက်ကွဲထွက်မှုတွေကိုလုပ်မိတော့မှာမဟုတ်ပါဘူး။

ကိုယ်ပိုင်အချိန်တွေအထိ စိတ်ဆင်းရဲမှုတွေဝင်မလာအောင် ကာဆီးထားပါ
ရုံးကနေအိမ်ပြန်ရောက်ပြီး 7 နာရီနောက်ပိုင်း အလုပ်အီးမေးလ်တွေမကြည့်တော့တာ၊ အလုပ် Page Messenger ကို မကြည့်တော့တာ၊ ဖုန်းကိုပိတ်ထားတာ စတဲ့နည်းလမ်းတွေနဲ့စိတ်ဖိစီးရမှုတွေလျော့နည်းအောင် ကာကွယ်နိုင်ပါတယ်။ ဒီလို ကိုယ့်အတွက် Boundary မထားတတ်ဘူးဆိုရင် အလုပ်နဲ့ပတ်သက်တဲ့ စိတ်တိုစရာတွေ၊ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကအိပ်ရာထဲအထိပါလာမှာပါ။ ဒါ့ကြောင့် ကိုယ့်အတွက်အားပြန်ဖြည့်ချိန်မှာတော့ဘယ်လိုအရာတွေကိုဘယ်လိုပုံစံကာကွယ်တားဆီးမယ်ဆိုတဲ့ ကိုယ်ပိုင်နည်းလမ်းရှိထားရမှာဖြစ်ပါတယ်။ဒီအချက်လေးတွေကတော့ အလုပ်မှာပရော်ဖက်ရှင်နယ်ပီသစွာနေနိုင်စေဖို့၊စိတ်ပေါက်ကွဲလွယ်တဲ့လူအဖြစ်ကနေရှောင်ရှားနိုင်ဖို့
အခြေခံအကျဆုံးလုပ်သင့်တာလေးတွေဖြစ်ပါတယ်။

Ju Ju

zawgyi

အလုပ္မွာေဒါသကိုမထိန္းခ်ဳပ္ႏိုင္ဘဲေပါက္ကြဲမိတယ္ဆိုရင္ ဒါကိုပေရာ္ဖက္ရွင္နယ္မဆန္တဲ့အျပဳအမူလို႔သတ္မွတ္ခံရဆဲ၊ ေဝဖန္ခံေနရဆဲပါ။ဒါေပမဲ့လည္းအလုပ္မွာ ကိုယ့္ရဲ႕စိတ္ခံစားခ်က္ေတြကိုလုံးလုံးဖိႏွိပ္ထားဖို႔ဆိုတာကလည္းခက္ခဲႏိုင္ပါတယ္။အလုပ္မွာကိုယ့္ရဲ႕ခံစားခ်က္ေတြကိုထိန္းသိမ္းတတ္ဖို႔၊လိမၼာပါးနပ္စြာထုတ္ေဖာ္ျပသတတ္ဖို႔ဆိုတာကလည္း ပေရာ္ဖက္ရွင္နယ္တစ္ေယာက္အတြက္မျဖစ္မေနတတ္ ေျမာက္ထားသင့္တဲ့ပညာရပ္တစ္ခုပါ။ဒါ့ေၾကာင့္အလုပ္မွာကိုယ့္ရဲ႕ Emotion ေတြကို ဒီအဆင့္ငါးဆင့္အတိုင္း ထိန္းခ်ဳပ္ၾကည့္ႏိုင္ပါတယ္။

Negative Emotion ေတြစတင္ၿပီဆိုတာနဲ႔သိပါ
စိတ္တိုလာၿပီ၊ စိတ္အဆင္မေျပေတာ့ဘူးဆိုတာနဲ႔ ဒါကိုသတိထားမိဖို႔အေလ့အက်င့္လုပ္ထားသင့္ပါတယ္။ ပါးေတြနီျမန္းလာတယ္၊ ေခါင္းထဲမွာဆူေဝလာတယ္ဆိုရင္ေဒါသစိတ္က႐ုပ္မွာထင္ရွားလာတာပါ။ ကိုယ္စိုးရိမ္တယ္၊ ေၾကာက္႐ြံ႕တယ္ဆိုရင္နဖူးနဲ႔ပခုံးေတြမွာတင္းလာတတ္ပါတယ္။ ဒီလိုခံစားခ်က္ေတြနဲ႔အတူ ႐ုပ္မွာေျပာင္းလဲလာတာကိုအရင္ဆုံးသတိထားမိဖို႔အေရးႀကီးပါတယ္။

သိၿပီးလက္ခံပါ
ကိုယ့္မွာလုပ္ေပးရမယ့္အလုပ္ေတြအရမ္းမ်ားလာၿပီ၊အလုပ္အပ္ရမယ့္ရက္နီးလာၿပီစတဲ့အေျခအေနေတြမွာ လူေတြဟာစိတ္မရွည္တာ၊
စိတ္ခံစားခ်က္ကိုမထိန္းခ်ဳပ္ႏိုင္တာသဘာဝပါ။ ဒါကိုသိၿပီးလက္ခံႏိုင္ဖို႔လိုပါတယ္။ ဒီအခ်ိန္မွာငါစိတ္တိုတယ္၊ စိတ္မရွည္ဘူး၊ စကားမ်ားမ်ားမေျပာရေအာင္ေရွာင္မယ္၊စိတ္ခံစားခ်က္အဆင္မေျပတာကိုသိထားရင္ သတိကပ္ၿပီးအလုပ္လုပ္မယ္၊ဆုံးျဖတ္ခ်က္ခ်ဖို႔စိတ္ေအး ခ်မ္းေအာင္အရင္လုပ္မယ္ စတဲ့အဆင့္ေတြကိုလုပ္ေဆာင္ႏိုင္ဖို႔လိုပါတယ္။

ကိုယ့္အတြက္တစ္ေနရာရွာပါ
ဒီလိုစိတ္ခံစားခ်က္ေတြအဆင္မေျပျဖစ္လာၿပီဆိုရင္ ကိုယ့္အတြက္စိတ္သက္သာေစမယ့္ေနရာတစ္ေနရာႀကိဳရွာထားပါ။ ႐ုံးရဲ႕ဘုရားခန္းလည္းျဖစ္ခ်င္ျဖစ္မယ္၊ေခါင္မိုးထပ္မွာေဆးလိပ္ေသာက္တာမ်ိဳးလည္းျဖစ္ခ်င္ျဖစ္မယ္၊ Toilet လည္းျဖစ္ခ်င္ျဖစ္မယ္၊အေရးႀကီးတာက ကိုယ့္စိတ္ကိုသက္သာေျပေလ်ာ့ေစမယ့္ Space တစ္ခုကို ရွာေဖြထားႏိုင္ဖို႔လိုပါတယ္။အလုပ္စားပြဲမွာပဲ Meditation ခဏလုပ္တာ၊ အ သက္ျပင္းျပင္းရႉုၿပီး 1 ကေန 10 ေရတြက္တာမ်ိဳးေတြလည္းလုပ္ႏိုင္ပါတယ္။

စိတ္ခ်ရတဲ့မိတ္ေဆြကိုရွာပါ
အလုပ္မွာေဒါသထြက္လြန္းတဲ့အခါ တစ္ေယာက္ေယာက္ကိုဖြင့္ေျပာျပခ်င္စိတ္ေတြ၊တစ္ေယာက္ေယာက္ေရွ႕မွာငိုခ်ပစ္ခ်င္စိတ္ေတြျဖစ္ၾကမွာပါ။ ဒီလို တစ္ေယာက္ေယာက္ကိုရင္ဖြင့္တာကျပႆနာမဟုတ္ပါဘူးေနာ္။ ကိုယ့္အတြက္ ယုံၾကည္ရတဲ့သူငယ္ခ်င္း၊ ဒါမွမဟုတ္ မိသားစုဝင္တစ္ဦးဦးကို Messenger ကေနပဲျဖစ္ျဖစ္ ဖုန္းဆက္ၿပီးေတာ့ပဲျဖစ္ျဖစ္ ကိုယ္ေတြ႕ႀကဳံေနရတာေတြကိုရင္ဖြင့္ႏိုင္ပါတယ္။ ဒါဆိုရင္ကိုယ္လည္း စိတ္သက္သာသြားၿပီးမလိုလားအပ္တဲ့ေပါက္ကြဲထြက္မႈေတြကိုလုပ္မိေတာ့မွာမဟုတ္ပါဘူး။

ကိုယ္ပိုင္အခ်ိန္ေတြအထိ စိတ္ဆင္းရဲမႈေတြဝင္မလာေအာင္ ကာဆီးထားပါ
႐ုံးကေနအိမ္ျပန္ေရာက္ၿပီး 7 နာရီေနာက္ပိုင္း အလုပ္အီးေမးလ္ေတြမၾကည့္ေတာ့တာ၊ အလုပ္ Page Messenger ကို မၾကည့္ေတာ့တာ၊ ဖုန္းကိုပိတ္ထားတာ စတဲ့နည္းလမ္းေတြနဲ႔စိတ္ဖိစီးရမႈေတြေလ်ာ့နည္းေအာင္ ကာကြယ္ႏိုင္ပါတယ္။ ဒီလို ကိုယ့္အတြက္ Boundary မထားတတ္ဘူးဆိုရင္ အလုပ္နဲ႔ပတ္သက္တဲ့ စိတ္တိုစရာေတြ၊ စိတ္ညစ္စရာေတြ၊ စိတ္ဖိစီးမႈေတြကအိပ္ရာထဲအထိပါလာမွာပါ။ ဒါ့ေၾကာင့္ ကိုယ့္အတြက္အားျပန္ျဖည့္ခ်ိန္မွာေတာ့ဘယ္လိုအရာေတြကိုဘယ္လိုပုံစံကာကြယ္တားဆီးမယ္ဆိုတဲ့ ကိုယ္ပိုင္နည္းလမ္းရွိထားရမွာျဖစ္ပါတယ္။ဒီအခ်က္ေလးေတြကေတာ့ အလုပ္မွာပေရာ္ဖက္ရွင္နယ္ပီသစြာေနႏိုင္ေစဖို႔၊စိတ္ေပါက္ကြဲလြယ္တဲ့လူအျဖစ္ကေနေရွာင္ရွားႏိုင္ဖို႔
အေျခခံအက်ဆုံးလုပ္သင့္တာေလးေတြျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*