တစ်ကိုယ်တော်သီချင်းတွေနဲ့ပရိသတ်ဆီပြန်လာမယ့် Twice မှ Nayeon

Twice အဖွဲ့မှ Nayeon တစ်ယောက် ဇွန်လမှာတစ်ကိုယ်တော်သီချင်းတွေထွက်ရှိမယ်လို့ ဧပြီ 9 ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ 2022 ခုနစ်ကထွက်ရှိခဲ့တဲ့ ‘IM NAYEON’ Solo Album အပြီး 2 နှစ်အကြာမှ သီချင်းသစ်ထပ်မံထွက်ရှိလာမှာဖြစ်ပါတယ်။ သူမဟာ Twice အဖွဲ့ဝင်တွေထဲမှာပထမဆုံး Solo Album ထွက်ရှိနိုင်ခဲ့သူဖြစ်ပြီး တစ်ကိုယ်တော်အနုပညာရှင်အဖြစ် စတင်အောင်မြင်လာခဲ့သူလည်းဖြစ်ပါတယ်။

Nayeon ဟာ 2015 ခုနစ်က Twice အဖွဲ့ဝင်အဖြစ်စတင်ပွဲထွက်လာခဲ့တာဖြစ်ပြီး Twice ဟာလည်းပြည်တွင်းပြည်ပမှာ အောင်မြင်မှုတွေများစွာဆွတ်ခူးနိုင်ခဲ့ပါတယ်။ POP! သီချင်းနဲ့အသက်အရွယ်မျိုးစုံရဲ့အားပေးမှုကိုရခဲ့တဲ့ Nayeon တစ်ယောက်ဇွန်လမှာထွက်ရှိလာမယ့် သီချင်းတွေမှာရော ဘယ်လိုဆွဲဆောင်မှုရှိတဲ့ပုံစံနဲ့ထွက်ပေါ်လာဦးမလဲဆိုတာစိတ်ဝင်စားစရာပါ။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*