အသက် 70 ပြည့်သွားပြီဖြစ်တဲ့ဂျက်ကီချန်း

ဧပြီလ 7 ရက်နေ့မှာ အသက် 70 ပြည့်သွားပြီဖြစ်တဲ့ ဂျက်ကီချန်းက သူ့ရဲ့ငယ်စဥ်ကဓာတ်ပုံတွေကို Instagram မှာ မွေးနေ့အမှတ်တရအဖြစ်မျှဝေလာခဲ့တာပါ။“သိပ်မကြာခင်တုန်းက ကျွန်တော်အရမ်းအိုစာနေတဲ့ပုံတွေ၊ ဆံပင်တွေဖြူဖွေးနေတဲ့ပုံတွေကိုအင်တာနက်မှာတွေ့ရမှာပါ။ အဲဒီပုံတွေက ကျွန်တော်ဇာတ်ကားရိုက်ဖို့အတွက် ပြင်ဆင်ထားတဲ့ပုံတွေပါ။ Character တစ်ခုအတွက်ပုံတွေပါ။ ဆံပင်နဲ့မုတ် ဆိတ်တွေဖြူရမယ်၊အိုမင်းနေရမယ်ဆိုလို့ပြင်ထားရတာပါ။ ကျွန်တော်ကျန်းမာရေးကောင်းပါတယ်။ မစိုးရိမ်ကြပါနဲ့နော်”ဆိုပြီး ပရိသတ်တွေကိုအသိပေးလာခဲ့တာ ဖြစ်ပါတယ်။

“အသက်အရွယ်အိုမင်းလာတယ်ဆိုတာကလည်း ကံကောင်းတာပါပဲ။ အိုမင်းတဲ့အထိနေခွင့်ရတာဟာကံကောင်းလို့မဟုတ်လားနော်၊ အ ထူးသဖြင့်ကျွန်တော်တို့လိုစတန့်မင်းသားတွေဆိုတာအသက်ရှည်ရှည်နေရဖို့ သိပ်မလွယ်ပါဘူး” ဆိုပြီးသူကရေးခဲ့ပါသေးတယ်။သူဟာအနုပညာအလုပ်တွေလုပ်ခဲ့တာ 62 နှစ်ရှိခဲ့ပြီဖြစ်ပြီး စတန့်မင်းသားတစ်ယောက်အနေနဲ့ကြီးမားတဲ့ထိခိုက်ဒဏ်ရာရမှုတွေ အများကြီးခံစားခဲ့ရတာပါ။“ဒီနေ့အချိန်အထိရုပ်ရှင်တွေရိုက်ကူးနိုင်သေးတာကို ကျွန်တော်ဝမ်းသာတယ်၊မွေးနေ့ဆုတောင်းပေးပို့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်၊ အားလုံးကျန်းမာပျော်ရွှင်ပါစေ”လို့ဂျက်ကီချန်းကသူ့ရဲ့ Instagram မှာရေးသားခဲ့ပါတယ်။

Ju Ju

zawgyi

ဧၿပီလ 7 ရက္ေန႔မွာ အသက္ 70 ျပည့္သြားၿပီျဖစ္တဲ့ ဂ်က္ကီခ်န္းက သူ႔ရဲ႕ငယ္စဥ္ကဓာတ္ပုံေတြကို Instagram မွာ ေမြးေန႔အမွတ္တရအျဖစ္မွ်ေဝလာခဲ့တာပါ။“သိပ္မၾကာခင္တုန္းက ကြၽန္ေတာ္အရမ္းအိုစာေနတဲ့ပုံေတြ၊ ဆံပင္ေတြျဖဴေဖြးေနတဲ့ပုံေတြကိုအင္တာနက္မွာေတြ႕ရမွာပါ။ အဲဒီပုံေတြက ကြၽန္ေတာ္ဇာတ္ကား႐ိုက္ဖို႔အတြက္ ျပင္ဆင္ထားတဲ့ပုံေတြပါ။ Character တစ္ခုအတြက္ပုံေတြပါ။ ဆံပင္နဲ႔မုတ္ ဆိတ္ေတြျဖဴရမယ္၊အိုမင္းေနရမယ္ဆိုလို႔ျပင္ထားရတာပါ။ ကြၽန္ေတာ္က်န္းမာေရးေကာင္းပါတယ္။ မစိုးရိမ္ၾကပါနဲ႔ေနာ္”ဆိုၿပီး ပရိသတ္ေတြကိုအသိေပးလာခဲ့တာ ျဖစ္ပါတယ္။

“အသက္အ႐ြယ္အိုမင္းလာတယ္ဆိုတာကလည္း ကံေကာင္းတာပါပဲ။ အိုမင္းတဲ့အထိေနခြင့္ရတာဟာကံေကာင္းလို႔မဟုတ္လားေနာ္၊ အ ထူးသျဖင့္ကြၽန္ေတာ္တို႔လိုစတန႔္မင္းသားေတြဆိုတာအသက္ရွည္ရွည္ေနရဖို႔ သိပ္မလြယ္ပါဘူး” ဆိုၿပီးသူကေရးခဲ့ပါေသးတယ္။သူဟာအႏုပညာအလုပ္ေတြလုပ္ခဲ့တာ 62 ႏွစ္ရွိခဲ့ၿပီျဖစ္ၿပီး စတန႔္မင္းသားတစ္ေယာက္အေနနဲ႔ႀကီးမားတဲ့ထိခိုက္ဒဏ္ရာရမႈေတြ အမ်ားႀကီးခံစားခဲ့ရတာပါ။“ဒီေန႔အခ်ိန္အထိ႐ုပ္ရွင္ေတြ႐ိုက္ကူးႏိုင္ေသးတာကို ကြၽန္ေတာ္ဝမ္းသာတယ္၊ေမြးေန႔ဆုေတာင္းေပးပို႔သူအားလုံးကိုလည္းေက်းဇူးတင္ပါတယ္၊ အားလုံးက်န္းမာေပ်ာ္႐ႊင္ပါေစ”လို႔ဂ်က္ကီခ်န္းကသူ႔ရဲ႕ Instagram မွာေရးသားခဲ့ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*